ပြည်တွင်းရေးအခြေအနေများ နေ့စဉ်တင်ဆက်ပေးနေသော ယူကျု့ချန်နယ်ဖြစ်ပါသည်။ အားပေးမှုအတွက်ကျေးဇူးတင်ပါကြောင်း.........
Please, Subscribe Channel!!!
youtube.com/channel/UC--XV6bWjey3o7adn2N95iQ
Please for copyright issues relating to our channel please contact us directly at : thetruth209461@gmail.com
For Any Copyright Concerns, Contact Us at our email address. We will act upon your query immediately.
© All rights reserved by respective owners.
Thank you!
Top News Myanmar
ကန်ပက်လက် ကျင်ဒွေးစစ်မျက်နှာတွင် စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်နေသည့် BNRA တပ်ဖွဲ့ဝင်ဟောင်း ၄ ဦးထက်မနည်းကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ
အောက်တိုဘာ ၂၂၊ ဆူရ်းဘုန်တိုင်းမ်
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယခင်က အညံ့ခံခဲ့ဖူးသော ဗိုလ်နဂါးဦးဆောင်သည့် BNRA တပ်ဖွဲ့ဝင်ဟောင်း ၄ ဦးထက်မနည်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ ယောဒေသ ဆောမြို့နယ်၊ လောင်းရှည်ဘက်တွင် အခြေစိုက်စခန်းချပြီးနောက် မိုင် ၂၀ ကျော် ကွာဝေးသည့် ကျင်ဒွေးမြို့ဆီသို့ အင်အားထောင်ချီ အသုံးပြု၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
လက်ရှိတွင် အင်အား ၅၀၀ ခန့်ပါဝင်သော ပင်မစစ်ကြောင်းမှာ ကန်ပက်လက်မြို့နယ် မောချောင်းကျေးရွာနှင့် လှိုင်ဒုတ်ကျေးရွာများအထိ ရောက်ရှိနေပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များကို မဆာတွီ၊ အင်ဘူးနှင့် ဆွဲလွဲကျင်း ကျေးရွာများတွင် နောက်ချန်အင်အားအဖြစ် ယာယီတပ်စွဲထားကြောင်း သိရှိရသည်။
ထိုသို့ ယောဒေသဘက်မှ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကို အာရက္ခတပ်တော် (AA)၊ ချင်းပြည်သူ့တပ်တော် (CPA) နှင့် ယောကာကွယ်ရေးတပ်တော် (YDF) တို့ ပူးပေါင်းထားသည့် မဟာမိတ်တပ်ပေါင်းစုက စက်တင်ဘာ ၂၆ ရက်မှစ၍ အပြင်းအထန် ခုခံတွန်းလှန်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အပြင် လက်နက်ခဲယမ်း အများအပြားနှင့်အတူ စစ်သုံ့ပန်းများကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအနက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီထံ အညံ့ခံပူးပေါင်းသွားခဲ့သည့် ပုလဲမြို့နယ်အခြေစိုက် BNRA တပ်ဖွဲ့ဝင်ဟောင်းများလည်း ပါဝင်နေခြင်းဖြစ်သည်။
၎င်းတို့သည် အောက်တိုဘာ ၈ ရက်တွင် လောင်းရှည်ဒေသသို့ စစ်ကား ၁၅ စီးဖြင့် ဒုတိယအသုတ် ထပ်မံရောက်ရှိလာသည့် မိတ္ထီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ (၄၁၇)၊ ခမရ (၄၂၀) တပ်များနှင့်အတူ စစ်ကြောင်းတွင် ပူးတွဲပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် အောက်တိုဘာ ၁၂ ရက်တွင် မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ မဟာမိတ်တပ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါ BNRA တပ်ဖွဲ့ဝင်ဟောင်း ၄ ဦးထက်မနည်းကို လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းအားလုံးကို သက်ဆိုင်ရာ စစ်သုံ့ပန်းဥပဒေများနှင့်အညီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်သည် ဆောမြို့နယ် လောင်းရှည်ဒေသရှိ အင်ဘူးနှင့် ဆွဲလွဲကျင်းကျေးရွာများအပြင် ကန်ပက်လက်မြို့နယ်အတွင်းရှိ မဆာတွီ၊ မောချောင်းနှင့် လှိုင်ဒုတ်ဒေသများတွင် ဆက်လက်နေရာယူထားဆဲဖြစ်ပြီး မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာလျက်ရှိကာ ထိတွေ့တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
- ချင်းလေး
ရင်းမြစ် - @မင်းဒဿ
#ဆူရ်းဘုန်တိုင်းမ် #ကန်ပက်လက် #ကျင်ဒွေး #ချင်းပြည်နယ် #AA #CPA #YDF #BNRA #စစ်သုံ့ပန်း
1 week ago | [YT] | 680
View 38 replies
Top News Myanmar
ရွှေမင်းဂံရေတပ်စခန်းအနီး စစ်ကြောင်းကို AA တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်၊ ၂၀၀ ကျော် သေဆုံး၊ အချို့ ဆုတ်ခွာထွက်ပြေး၊ အချို့ လက်နက်ချ အလင်းဝင်
၂၀၂၆ စက်တင်ဘာ ၁၇ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်းမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို အာရက္ခတပ်တော် (Arakan Army – AA) က တန်ပြန်တိုက်ခိုက်နေပြီး ရွှေမင်းဂံရေတပ်စခန်းနှင့် ချောင်းတစ်ဖက်ကမ်းရှိ ရဲရိုးပြင်ကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောပါသည်။
စက်တင်ဘာ ၁၆ ရက် နံနက်အစောပိုင်းမှစ၍ ရဲရိုးပြင်ကျေးရွာအနီး ရပ်တန့်နေသည့် စစ်ကောင်စီစစ်ကြောင်းကို AA က ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ချောင်းဖြတ်၍ ရွှေမင်းဂံဘက်သို့ ဆုတ်ခွာသွားသလို အချို့မှာ လက်နက်ချခဲ့ကြောင်း AA နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်များက ဆိုပါသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရမှုများရှိပြီး လက်နက်ချသူနှင့် ဆုတ်ခွာသွားသူများလည်း ရှိကြောင်း သိရသော်လည်း အရေအတွက်အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွှေမင်းဂံရေတပ်စခန်းမှ အင်အားရာနှင့်ချီ အသုံးပြုကာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ရဲရိုးပြင်၊ ခမောင်းတောနှင့် အနီးဝန်းကျင်ဒေသများသို့ ထိုးစစ်ဆင်လာခဲ့သော်လည်း AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ရဲရိုးပြင်ရွာအနီးအထိ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောပါသည်။
စစ်တပ်၏ ယခုထိုးစစ်သည် စက်တင်ဘာ ၄ ရက်မှစ၍ စစ်တွေမြို့နယ်ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ အင်အားအများအပြားဖြင့် လှုပ်ရှားလာသည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရွှေမင်းဂံ၊ အမြင့်ကျွန်းနှင့် အခြားနေရာများမှ စစ်ကြောင်းများ ခွဲထွက်ကာ ထိုးစစ်ဆင်ခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များတွင် တွေ့ရပါသည်။
လက်ရှိတွင် ရဲရိုးပြင်ဘက်သာမက စစ်တွေမြို့နယ် ဝါဘိုကျွန်း၊ မင်းလှရွာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး AA က အမြင့်ကျွန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စစ်တွေ (ဒကစ-စစ်တွေ)၊ ကျားမသောက်တပ်ရင်း၊ တောကန်နှင့် ကံ့ကော်ကျွန်းအနီးရှိ စစ်ကောင်စီတပ်စခန်းများဘက်ကိုလည်း တန်ပြန်ထိုးစစ်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုပါသည်။
တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီဘက်က စစ်တွေမြို့နယ်နှင့် ဆက်စပ်နေသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များသို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတွင်လည်း ပုဏ္ဏားကျွန်းဘက်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
စက်တင်ဘာ ၄ ရက်မှစ၍ စစ်ကောင်စီက “၄၉၂၆ စစ်ဆင်ရေး” ဟု ခေါ်ဝေါ်သည့် ထိုးစစ်များကို စစ်တွေ–ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူဘက် စစ်မျက်နှာများတွင် တိုးမြှင့်လုပ်ဆောင်နေသော်လည်း စစ်တပ်ဟာအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရခိုင်အစပ်နေရာတွေကို လက်တွေ့မှာတော့ နှစ်ပါတ်နီးပါးကြာတဲ့ထိ AA စခန်းတစ်ခုမှသိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ စက်တင်ဘာ ၄ ရက်မှ ၁၆ ရက်အတွင်း စစ်တွေစစ်မျက်နှာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါသည်။
မှတ်ချက် — စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်း၊ ဆုတ်ခွာခြင်း၊ သေဆုံးဒဏ်ရာရမှုနှင့် တိုက်ပွဲအတွင်း ထိန်းချုပ်နယ်မြေပြောင်းလဲမှုဆိုင်ရာ အချက်အလက်များမှာ မြေပြင်သတင်းရင်းမြစ်နှင့် AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်များအပေါ် အခြေခံထား ကိုးကားရေးသား တင်ပြခဲ့ခြင်းသာ ဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
သတင်း - တွေ့မရှောင်
1 month ago | [YT] | 572
View 35 replies
Top News Myanmar
ခင်ဦးမြိုနယ်ရှိ ရေဘေးသင့်ကျေးရွာများကို ဆန်အိတ် ၁၃၀ ထောက်ပံ့ကူညီ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်ရှိ ရေဘေးသင့်ကျေးရွာတွေကို ဆန်အိတ် ၁၃၀ ထောက်ပံ့ကူညီခဲ့ပြီး ကလေးငယ်တွေကို မုန့်ပဲသရေစာတွေ ပေးဝေခဲ့ကြောင်း ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ခင်ဦးမြိုနယ်တွင် ရေဘေးသင့်ကျေးရွာ ၄ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၈၀၀ ခန့်ကို တစ်
အိမ်ထောင်လျှင် ဆန် ၄ ပြည်နှုန်းနဲ့ ဆန်အိတ် ၁၃၀ ကို ဩဂုတ် ၁၆ ရက်နေ့မှာ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲတွေ၊ မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲတွေက ထောက်ပံ့ကူညီ လှူဒါန်းမှုတွေ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဲဒီထောက်ပံ့မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနမှတဆင့် CSR ရန်ပုံငွေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ မြိုနယ် ပအဖ၊ ပကဖနဲ့ ဒေသအသီးသီးရှိ အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှူတွေနဲ့ ကူညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
2 months ago | [YT] | 930
View 26 replies
Top News Myanmar
နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့်တော့
ပြန်လည်လွတ်မြောက်လာပါပြီ။အန်တီ ဒေါ်
အောင်ဆန်းစုကြည်လည်း နေအိမ် အကျယ်
ချုပ်ပြောင်းမယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေ
ထွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်တွေ
ကြီးနေကြပြီမို့ အခုလိုလွတ်မြောက်လာကြတာဝမ်းသာကြိုဆိုပါတယ်။
6 months ago | [YT] | 4,557
View 87 replies
Top News Myanmar
Breaking News : ဗိုလ်နဂါး စစ်ကော်မရှင်တပ်ထံ လက်နက်ချအညံ့ခံ
မဇ္ဈိမ ။ ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးသည် စစ်ကော်မရှင်တပ်ထံ လက်နက်ချအညံ့ခံသွားပြီဟု မြ၀တီရုပ်မြင်သံကြားက ယနေ့ည (ဖေဖော်ဝါရီ ၁၈ ရက်)တွင် ကြေညာသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် BNRA ၏ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) လက်အောက်ခံတပ်များက တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဗိုလ်နဂါးဘက်ပြောင်းအညံ့ခံသွားမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခ) နဂါးနှင့် ၎င်းမိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်သည်။" ဟု စစ်တပ်ဝါဒဖြန့် မြ၀တီက ကြေညာသည်။
နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ - ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BRNA) ခေါင်းဆောင် ဗိုလ်နဂါးသည် စစ်ကော်မရှင်တပ်ထံ လက်နက်ချအညံ့ခံသွားပြီဟု မြ၀တီရုပ်မြင်သံကြားက ယနေ့ည (ဖေဖော်ဝါရီ ၁၈ ရက်)တွင် ကြေညာသည်။(မြ၀တီရုပ်မြင်သံကြား)
#ဗိုလ်နဂါး
8 months ago | [YT] | 93
View 10 replies
Top News Myanmar
မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း၊ မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်နေ
ရန်ကုန်၊ ဇန်နဝါရီ ၄
မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းပြောဆိုသည်။
ယနေ့ ကျရောက်သည့် မြန်မာလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ အမေရိကန်အနေဖြင့် စစ်အုပ်စုအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ရရှိစေရန်၊ မတရားဖမ်းဆီးထိန်း သိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းကြောင်း ၊ ဤသည်မှာ လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ထွန်းလာစေရန်အတွက် မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ကြောင်းအမေရိ ကန် နိုင်ငံ ခြားရေးဝန်ကြီးက ဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူလူထုနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ထောက်ခံကြောင်း တစ်ဖန်ပြန် လည် အတည်ပြုပြောကြားလိုကြောင်း၊ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ၏ ငြိမ်းချမ်း၍ တရားမျှတကာ သာယာဝပြောသော အနာဂတ်ဆီသို့ သွားလိုသည့် စိတ်ပိုင်းဖြတ်မှုအပေါ် ဆက်လက်ကတိ ကဝတ် ပြု ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
#yangonnews
9 months ago | [YT] | 335
View 1 reply
Top News Myanmar
တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာလိုက်ပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Force for Federal Democracy - FFDက သတင်းထုတ်ပြန်သည်။
မောတောင်မြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲကာလမှာ ၃ ရက်ခန့်သာကြာမြင့်ခဲ့ပြီး KNU/KNLA ဦးဆောင်မှုနှင့်အတူ မောတောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ မှ တပ်ရင်း ၂၀၃၊တပ်ရင်း ၁၁ ၊KNDOတပ်ရင်း ၇ ၊ တပ်ရင်း ၁၂၊ BPLA ၊ FFD တို့က ပါဝင်ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး ၁၂၀ မမ အမြောက် ၂ လက် ၊ ၁၂၀ မမ လက်နက်ကြီး ကျည် ၁၈၇ တောင့် ၊ .5 စက်သေနတ် ၁လက် ၊ ၆၀ မမ ၃ လက် ၊ RPG ၂လက်၊ ငါးကြင်းမှီး ၁ လက်၊လက်နက်ငယ် ၃၆ လက် နှင့်အခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
မောတောင်မြို့မှာ စစ်ကောင်စီ၏ ကုန်သွယ်စီးဆင်းမှု၌ အရေးပါသော တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး စစ်တပ်ဘက်မှ အနည်းဆုံး အင်အား ၅၀ ကျော်မှာ ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော မြန်မာစစ်သားများထံမှ လက်နက်များ သိမ်းယူပြီး ခိုလှုံခွင့် ပေးထားကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
11 months ago | [YT] | 535
View 7 replies
Top News Myanmar
သတင်းကောင်း
မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFs တို့ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူ နဲ့ သပိတ်ကျင်း မြို့နယ် သုံးခုမှာ ပြင်းပြင်းထန်းထန်း စစ်ပွဲဖြစ်နေပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ အဲ့ဒီဒေသကို ရွေးကောက်ပွဲ ကျင်းမမယ်လို့ ကြေညာထားတဲ့ ဒေသလည်း ဖြစ်တယ်။
တခဏ အိပ်ပျော်နေတဲ့ PDF ကျားတွေကို လန့်နိုးနေမှာတော့ နာပြီသာ မှတ်ပေတော့။ လက်နက်မရှိခင်ကတောင် မအလ တပ်တွေအထိနာနေတာ အခုဆို မတွေးရဲ စရာဖြစ်သွားမယ်။ PDF တွေ တပ်ပေါင်းစု စုဖွဲ့နိုင်ကြပါပြီ။ စစ်ရေးအတွေ့အကြုံလည်း အကုန်ရှိနေကြပြီ အဆင်သင့်ဖြစ်ပြီနော် အတင်းဆွဲစိခံတွေ တစ်ယောက်မှ မပါဘူး။
11 months ago | [YT] | 545
View 23 replies
Top News Myanmar
SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲပြုလုပ်
သြဂုတ် ၆၊ ၂၀၂၅
ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲမှာ SSNDF / KNDF ဗျူဟာအမှတ် ၉ ရဲ့ ဘဏ္ဍာရှာဖွေရေး တာဝန်ခံနဲ့ တပ်ရင်း အမှတ် ၁၀၃ က တပ်ဦးဆောင်တဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး မိန့်ခွန်းစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲဟာ ဧပြီလ (၁၇) ရက် သင်တန်းဆင်းပြီးချိန်က စတင်ပြီး ရှေ့တန်းမှာ စဥ်ဆက်မပြတ် တိုက်ပွဲဝင်နေတဲ့ တပ်ရင်း ၁၀၃ က ရဲဘော်အများစု စုံစုံလင်လင် ပြန်လည်ဆုံဆည်းနိုင်ခဲ့တဲ့ ဂုဏ်ပြုအခမ်းအနား တစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
1 year ago | [YT] | 1,064
View 12 replies
Top News Myanmar
နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု...
ဇူလိုင် ၂၁၊ ၂၀၂၅
နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ အချိန်တွေအတွင်း အခက်အခဲ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရပ်တည်နေတဲ့ ပြည်သူ့သူရဲကောင်းတွေနဲ့အတူ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
SOF အနေနဲ့ ပြည်သူလူထုအတွက် ယုံကြည်အားကိုးရတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာအောင် ကြိုးစားအားထုတ်ဖို့ အသိပေး တိုက်တွန်းထားပြီး မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ပေးဆပ်မှုတို့နဲ့ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တော်လှန်ရေးခရီးအတွင်း အသက်၊ သွေး၊ ချွေး တို့ကို ပဓာန မထားဘဲ တစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုက်ခိုက်ရုန်းကန်ခဲ့တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် (၄) နှစ်တာကာလအတွင်း အသက်၊ ခန္ဓာ၊ ဘဝ တို့ကို ပေးဆပ်စွန့်လွှတ်သွားတဲ့ ပြည်သူ့သူရဲကောင်း SOF ရဲဘော်တွေကိုလည်း လေးနက်တည်ကြည်စွာ ဦးညွှတ် ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ပုံစာ - SOF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
1 year ago | [YT] | 1,168
View 32 replies
Load more