Thae Naw Zar's Daily Diary

Hello ! .I am Thae Naw Zar . My nickname is Baby Naing. You can call me baby. This is for my personal Channel.Here Will be about me and my husband & my family . Thanks for visiting my YouTube channel .


Thae Naw Zar's Daily Diary

🪔သီတင်းကျွတ်ဆုတောင်း 🪔

🌕 မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီးမိသားစုတိုင်း အန္တရာယ်ကင်း ဘေးရှင်း ပျော်ရွှင်အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏

12 hours ago | [YT] | 15

Thae Naw Zar's Daily Diary

ငယ်ဘဝအမှတ်တရတွေထဲ မှာ ပါဝင်ခဲ့တဲ့ အရာ တစ်ခု

1 day ago | [YT] | 4

Thae Naw Zar's Daily Diary

ပို့သတဲ့ မေတ္တာတွေကြောင့် အေးချမ်းစေ …. 💐🙏🏻💐

5 days ago | [YT] | 99

Thae Naw Zar's Daily Diary

ငယ်ငယ်က လက်တွန်းမီးပံုးလေးတွေနဲ့ ဆော့ဖူးလား?
လက်မှုပညာက ဘယ်လိုလုပ်ရလဲ သိချင် ဒီ Vlog လေးကနေကြည့်နော်

6 days ago | [YT] | 0

Thae Naw Zar's Daily Diary

စေတနာက ရေလိုပဲ (အခမဲ့)ဖြစ်နိုင်ပေမယ့်
ယုံကြည်မှုကတော့ စိန်လိုပဲ (စျေးကြီးရမယ်)
လူတိုင်းကို (ပြုံးပြ)ဖို့က လူ့ကျင့်ဝတ်ဖြစ်ပြီး
လူတိုင်းကို (ဘဝထဲ မဖိတ်ခေါ်တာ)ကတော့
ဘဝရဲ (အသိပညာ)ပဲ

# thaenawzar

1 week ago | [YT] | 75

Thae Naw Zar's Daily Diary

ကိုယ့်ဘဝဟာ သူများတွေ အားကျလောက်စရာ
မဟုတ်ရင်လည်း ကိစ္စမရှိပါဘူး။

ထူးထူးခြားခြား အောင်မြင်မှုတွေ မရှိပေမယ့်
ကိုယ်ချစ်ရတဲ့သူတွေ ရှိတယ်။
ပင်ပန်းတဲ့နေ့တွေမှာ စိတ်အေးအေးနဲ့ နားခိုစရာရှိတယ်။
သာမန်နေ့ရက်လေးတွေထဲမှာလည်း
ပျော်ရွှင်စရာ အသေးအဖွဲလေးတွေ ရှိနေတယ်။

ဘဝဆိုတာ အများကြီးပိုင်ဆိုင်ထားမှ
တန်ဖိုးရှိတာ မဟုတ်ပါဘူး။

သူများတွေ အားကျတဲ့ဘဝ မဖြစ်ရင်တောင်
ကိုယ်တိုင် ကျေနပ်ပြီး ချစ်မြတ်နိုးနိုင်တဲ့ဘဝလေး
ဖြစ်နေရင် လုံလောက်ပါပြီ။
#motivation

#motivation #followerseveryone
#thaenawzar

1 week ago | [YT] | 79

Thae Naw Zar's Daily Diary

နှမြောတသဖြစ်စရာ နလန္ဒာ

#thaenawzar

2 weeks ago | [YT] | 3

Thae Naw Zar's Daily Diary

အသက်ကြီးလာလို့လား၊
ဘဝက သင်ခန်းစာတွေ ပေးခဲ့လို့လားတော့ မသိဘူး…

အရင်က မက်မောခဲ့သမျှတွေကို
အခုတော့ ဆုံးရှုံးမှာ မကြောက်တော့ဘူး။
မရှိမဖြစ်လို့ ထင်ခဲ့တဲ့သူတွေ
အဝေးရောက်သွားတဲ့အခါလည်း
ကိုယ့်ဘဝကိုယ် အေးအေးဆေးဆေး ဖြတ်သန်းတတ်လာပြီ။

အများကြီး ပိုင်ဆိုင်ဖို့ထက်
ရှိပြီးသားလေးတွေနဲ့ ကျေနပ်တတ်လာတယ်။
လူတိုင်းကို နားလည်စေဖို့ထက်
သူ့အမြင်နဲ့သူ ရှိနေခွင့်ပေးတတ်လာတယ်။

မေတ္တာပေးပြီး ပြန်မရတဲ့အခါ
အတင်းတောင်းခံမနေတော့ဘူး။
စေတနာကို နားလည်မပေးတဲ့သူတွေကိုလည်း
အပြစ်တင်နေမယ့်အစား
ကိုယ့်စိတ်ကိုယ် အေးချမ်းအောင် ထားတတ်လာတယ်။

အခုတော့ ကိုယ်လိုချင်တာတွေထက်
ကိုယ့်စိတ်ထဲမှာ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ
နည်းသွားဖို့ကိုပဲ ပိုအလေးထားလာတယ်။

တကယ်တော့ အသက်ကြီးလာခြင်းဆိုတာ
အရာရာကို ရရှိလာခြင်းမဟုတ်ဘဲ
မရှိလည်း နေနိုင်တတ်လာခြင်း၊
ဆုံးရှုံးလည်း ပြုံးနိုင်လာခြင်း၊
ကိုယ့်စိတ်အေးချမ်းမှုကို
ကိုယ်တိုင်တန်ဖိုးထားတတ်လာခြင်းပါပဲ။ 🍃🍂

#matchyourheart

#thaenawzar

2 weeks ago | [YT] | 63

Thae Naw Zar's Daily Diary

ဘာဖြစ်ချင်လဲမေးရင်….
ဒီထက်ပိုပြီး တိတ်ဆိတ်သွားချင်ပါတယ်….
မလိုအပ်ပဲ စကားတွေအများကြီး
မပြောချင်တော့သလို
ဘဝထဲမှာ လူတွေ အများကြီးလည်း
မထားချင်တော့ဘူး
လုံခြုံနွေးထွေးတဲ့ ကိုယ့်အသိုက်အဝန်း
သေးသေးလေးမှာ လူနည်းနည်းလေးနဲ့ပဲ
ငြိမ်သက်နေချင်တယ်….
သေချာတယ်…..
ဒီထက်ပိုပြီး တိတ်ဆိတ်သွားဖို့ပဲ ရွေးချယ်ဖြစ်တော့မယ်….
ဒါဟာ… ကိုယ့်နှလုံးသားနောက်ကို လိုက်ခြင်းပါပဲ…

#thaenawzar

2 weeks ago | [YT] | 47

Thae Naw Zar's Daily Diary

ဘာစားစား စားလို့ကောင်းနေတဲ့အချိန်ဟာ
မသိလိုက်ခင်မှာပဲ ဝိတ်ကတက်စပြုနေပြီ
ပါးဖောင်းဖောင်းလေးနဲ့ ကြိုက်ပေမယ့်
အဝတ်အစားဝတ်ရတာ ဝယ်ရတာ အဆင်မပြေတော့
လူတိုင်း အယောက်ဆီတိုင်းက ဝလာတယ်နော် ဘယ်လောက်ပြောပြော မကြိုက်ပေမယ်
ပိန်သာပိန်ချင်တာ ဝိတ်ချမယ်လုပ်တိုင်း အဖျားရှုးသွားတယ်
ခုခေတ်မှာ ခေတ်မှီဆေးဝါးတွေနဲ့ ဝိတ်အမြန်ချလို့ရပေ့မယ်
အဲ့လိုမလုပ်ချင်ခဲ့ဘူး…

ဝိတ်ချဖို့က … တနေ့တစ်ရက်နဲ့ မပြီးပါဘူး
စိတ်ရှည်ရတယ် ပံုမှန်နေ့တိုင်းလေ့ကျင့်ယူရတယ်
အစားအသောက်ကစလို့ … ရေရှည်စိတ်ရှည်စွာနဲ့ဖြတ်သန်းရတယ်
ခုတော့ ဒီရင်လိုလေးပြန်လှနေပြီလို့ ကိုယ့်ကိုကိုယ်ထင်တယ်လေ … ဒီထက်တော့ ပိုကျန်းမာဖို့ ခန္ဓာကိုယ်ကျစ်လစ်ဖို့ ကြိုးစားရဦးမယ်

#thaenawzar

4 weeks ago | [YT] | 97