Welcome to Luiz Oo (Relaxation) Channel!
Here, you'll find a blend of peaceful relaxation music, entertainment, and insightful knowledge-sharing videos, including Opera PMS system training for hotel management.
Our goal is to bring you calm, relaxation, and useful life skills.
Don't forget to Subscribe and turn on the notification bell to stay updated with our latest videos!
စိတ်အပန်းဖြေ တေးဂီတများ၊ ဖျော်ဖြေရေး၊ ဗဟုသုတရဖွယ်ရာများနှင့် ဟိုတယ်လုပ်ငန်းသုံး Opera PMS သင်ခန်းစာများကို တင်ဆက်ပေးနေသော Channel ဖြစ်ပါတယ်။
Subscribe လုပ်ထားပြီး ခေါင်းလောင်းလေးကို နှိပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Luiz Oo (Relaxation)
စာဖတ်သည်ဆိုရာဝယ်.......
Motivation စာအုပ်တွေ၊ Podcast တွေကနေ ဘဝအတွက်၊ အိပ်မက်တွေအတွက် Energy တွေ၊ ခွန်အားတွေ ပေးစွမ်းနိုင်တယ်ဆိုတာလည်း မမှားပါဘူး။ သို့သော်လည်း တစ်ခါတေလမှာတော့ အဲဒီစာအုပ်တွေရဲ့ "အရာရာ အဆင်ပြေသွားမှာပါ" ဆိုတဲ့ (Toxic Positivity) နောက်မှာ ကျွန်ေတာ်တို့ သတိလက်လွတ် မျှောပါသွားတတ်ကြတယ်။
တကယ်တော့ ဘဝဆိုတဲ့ ပုစ္ဆာမှာ အရေးကြီးဆုံးက အရှိတရား (Reality) ကို ရဲရဲဝံ့ဝံ့ မျက်နှာချင်းဆိုင်ပြီး သဘာဝတရားရဲ့ ဖြစ်ပျက်မှုတွေကို တည်ငြိမ်စွာ လက်ခံနိုင်ဖို့ (Acceptance) ပဲ ဖြစ်ပါတယ်။
Motivation စာအုပ်တွေက "ဒီအလုပ်ကို မင်းလုပ်နိုင်ရမယ်။ ဒီကိစ္စမှာ မင်း နိုင်ကိုနိုင်ရမယ်" လို့ ပန်းတိုင်ဆီ တွန်းပို့ပေးတတ်ပေမဲ့၊ အရှိတရားကို သင်ကြားပေးတဲ့ စာပေတွေကကြတော့ "မတော်တဆ ရှုံးနိမ့်သွားရင်၊ လဲကျသွားခဲ့လို့ ဒဏ်ရာရခဲ့ရင်တောင် အပစ်ဖို့လဲကျနေမယ့်အစား ဒဏ်ရာကိုဆေးထည့်ပြီး ဘယ်လိုပြန်ကုစားရမလဲ၊ ရပ်တည်ရမလဲ" ဆိုတာကို သင်ကြားပေးပါတယ်။
ဒါကြောင့် စိတ်ကို ခဏတာ တက်ကြွလှုပ်ရှားစေမယ့် အရာတွေထက် စိတ်ကို တည်ငြိမ်ရင့်ကျက်စေမယ့်၊ သစ္စာတရားကို လက်ခံတတ်စေမယ့် စာ ပေတွေကို ပိုပြီးဖတ်ဖြစ်စေချင်တယ်။
ဒီလို စာပေအမျိုးအစားတွေကို ဖတ်ရှုတဲ့အခါ စာဖတ်ရုံမျှမကဘဲ ကိုယ့်ရဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်က ဖြစ်ပျက်မှုတွေနဲ့ ယှဉ်တွဲကာ ဆင်ခြင် (Reflect) သုံးသပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို သိသိသာသာ ပြောင်းလဲရင့်ကျက်လာစေနိုင်ပါလိမ့်မယ်။ လောကကြီးရဲ့ မရေရာမှုကို သတိရလာပါစေလိမ့်မယ်။
Motivation စာအုပ်အများစုက "မင်း ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်" ဆိုတဲ့ သီအိုရီကို ကိုင်စွဲထားတတ်ပေမဲ့၊ Reality စာပေတွေကတော့ "မင်း ဘယ်လောက်ပဲ အစွမ်းကုန် ကြိုးစားခဲ့ပါစေ... ကိုယ်တိုင် ထိန်းချုပ်လို့မရတဲ့ ကံတရား၊ ခေတ်စနစ်နဲ့ ပတ်ဝန်းကျင်အကြောင်းတရားတွေကြောင့် ကျရှုံးသွားနိုင်တယ်၊ အဲဒီကျရှုံးမှုကို ရင့်ကျက်စွာ လက်ခံနိုင်ဖို့ လိုတယ်" ဆိုတဲ့ ပကတိ အမှန်တရားကို အသိပေးပါတယ်။
အတ္တဗဟိုပြုဝါဒကို သတိပေးခြင်း
အောင်မြင်မှုနဲ့ ကျရှုံးမှု မှန်သမျှဟာ ကိုယ့်တစ်ယောက်တည်းအပေါ်မှာပဲ ရာနှုန်းပြည့် တည်မှီနေတယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူတွေကို မလိုအပ်ဘဲ စိတ်ဖိစီးမှုတွေ ပိုမိုတိုးပွားစေပါတယ်။ အရှိတရားကို လက်ခံခြင်းကသာ ထိုအတ္တရဲ့ လေးလံမှုတွေ လျှော့ချပေးပြီး စိတ်ရဲ့ ငြိမ်းအေးခြင်းကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။
လူငယ်တွေအတွက် Motivation စာတွေဖတ်ဖို့လိုပါမယ်။ လူလတ်ပိုင်းရောက်လာပြီ ဆိုရင်တော့ အရှိတရားကို လက်ခံနိုင်ဖို့ Reality စာတွေ ပိုဖတ်သင့်လာပါတယ်။
#######
2 months ago | [YT] | 0
View 0 replies
Luiz Oo (Relaxation)
စာမဖတ်ရင် အတွေးအခေါ်ညံ့တယ်။
အတွေးအခေါ်ညံ့ရင် ဘဝမှာ ဆုံးဖြတ်ချက်တွေချရတဲ့အခါ အမှားများတတ်တယ်။ မိဘချင်းတူရင်ေတာင် စာဖတ်တဲ့ မိဘတွေရဲ့ သားသမီးတွေ၊ ဆရာ၊ ဆရာမချင်းတူရင်တောင် စာဖတ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ တပည့်တွေဟာ အတွေးအခေါ်ကွာသွားတတ်ကြတယ်။ ဘဝမှာ အရေးတစ်ကြီးဆုံးဖြတ်ရမယ့်အခါ ပညာအခံမရှိရင်၊ အတွေးအခေါ်မရှိရင် အမှားများတတ်တယ်။
ဒါကြောင့် စာများများဖတ်ဖို့လိုတယ်။
2 years ago | [YT] | 2
View 0 replies
Luiz Oo (Relaxation)
Love is like the wind,
you can't see it but you can feel it.....
4 years ago | [YT] | 2
View 0 replies
Luiz Oo (Relaxation)
If you want peace of mind,
stop fighting with your thoughts...
######
4 years ago | [YT] | 0
View 0 replies