TNLARMY

🟢 မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ပစ်လက်နက်အပါအဝင် လက်နက်ခဲယမ်း ၄၀၀ ကျော် သိမ်းဆည်းရမိ


ရှမ်းမြောက် မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ပစ်လက်နက်အပါအဝင် လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော်- PSLF/TNLA က ဒီနေ့ ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန် ဗျူဟာကုန်းကို မနေ့ ဇူလိူင် ၃၁ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲ ဟောင်ဝှစ်ဇာ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၂၅၀ လက်၊ 120 MM ၁ လက်၊ 60 MM ၁၉ လက်၊ 81 MM ၉ လက်၊ ပွိူင့်ဖိုက် ၃ လက်၊ RPG ၁၆ လက်၊ ဂျမ်းပါ ၂ စုံ၊ စိန်ပြောင်းနောက်ပွင့် ၂ လက်၊ လေယာဉ်ပစ်လက်နက် ၁ လက်၊ ပစ္စတို ၃ လက်၊ မိုင်းနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ ၂၁) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၂၃၊ ၂၇၆)နဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၄၈)တို့ အခြေချတဲ့မြို့ ဖြစ်ပါတယ်။

မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရကာ စာသင်ကျောင်း ၂ ကျောင်းနဲ့ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA က ၃ မြို့မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁ လကျော်အတွင်း TNLA ဟာ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

2 years ago | [YT] | 4

TNLARMY

ပထမလှိုင်းတုန့်က။။။။။။
......
နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဆက် အသွယ် ပြတ်နေဆဲ

■ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံနှင့် မြောက်မြားစွာသော ကျည်ဆန် ခဲယမ်းသေတ္တာများရရှိ

ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း ၊ ဗိုလ်မှူး ၊ ဗိုလ်ကြီး အပါ အဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ နမ့်ဆန်မြို့ရှိ စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ် ကဲနေသည့် စစ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည် ။

"အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး (ဗိုလ်မှူးချုပ်) ပျောက်နေတာ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး။ အသက်ရှင်နေတုန်းလို့တော့ ယူ ဆရတယ်။ ခလရ ၂၅၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးငြိမ်းချမ်းနဲ့ ဒုတပ်ရင်း မှူး ဗိုလ်မှူး ကျဆုံးတာ အတည်ပြုလို့ရပါပြီ။ ခလရ ၂၅၈က မကွေးတိုင်း၊ ရေစကြိုက တပ်ပါ။ လက်ဖက်ခြောက်စက်ရုံမှူး ဗိုလ်မှူးနဲ့ တပ်ထိန်း ဗိုလ်ကြီးတွေလည်း ကျဆုံးပါတယ်။ အခု ရထားတဲ့စာရင်းတွေအရ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အနည်းဆုံး ၁၀ ဦးစာရင်းတော့ ကျဆုံးစာရင်း ရထားပါတယ်။ ထပ်ပြီးလည်း အတည်ပြုနေပါတယ်။ တချို့ အရာရှိတွေက ကျဆုံးတာလား၊ အဖမ်းခံရတာလား ဆက်လက်ပြီး စိစစ်နေတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်းများသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁ နှင့် လက် အောက်ခံတပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရော က်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ တပ်များဖြစ် သည့် အမှတ် ၆၂၆ နှင့် ၉၂၉ တို့ အခြေချရာ မြို့လည်း ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ရှိ စစ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်၏ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးဖြင့် အချက်ရေများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းဖြင့် Mi35 ၁ ကြိမ်၊ ART-42 ၅ ကြိမ်၊ Jet Fighter ၁၉ ကြိမ်၊ Y12 လေယာဥ် ၅ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ၊ နမ့်ဆန် မြို့မ ဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်း ဆောင်၊ နေအိမ် အလုံး ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်း ၆၀ ကျော်နှင့် စစ်သုံ့ပန်း ၃၀ ဦး၊ မိသားစုဝင် ၃ ဦး၊ ရဲ ၆ ဦး၊ ရဲမိသား စုဝင် ၂၅ ဦး စုစုပေါင်း ၆၄ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်း အများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

2 years ago | [YT] | 4

TNLARMY

#TNLA သိမ်းပိုက်လိုက်တဲ့ ပတ္တမြားမြေ အချုပ်

မနေ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ မိုးကုတ်မြို့ရှိ စစ်ကောင်စီ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးတို့ကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

မိုးကုတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄)ပတ်ကြာ ဇူလိုင် ၂၄ ရက်နေ့ (၁၇း၀၀)နာရီ အချိန်မှာ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းချေမှုန်းသိမ်းပိုက်ခဲ့တာပါ။

#တိုက်ခိုက်သိမ်းပိုက်တဲ့တပ်စခန်းများ
မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြတဲ့ ရွှေမျက်၀န်း၊ အေသာယာကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများ

မိုးကုတ်အရှေ့ပိုင်းရှိ ဗျုဟာကုန်း၊ မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။

#အခြေချတပ်
မိုးကုတ်မြို့ဟာ စစ်ကောင်စီရဲ့ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လက်အောက်ခံ တပ်ဖြစ်တဲ့ ခလရ-၇၈၊ ၈၈ နှင့် ခလရ-၁၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်း ဖြစ်သည်။

#သိမ်းရမိတဲ့လက်နက်ခဲယမ်း
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိူင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

#ဖမ်းမိတဲ့ သုံ့ပန်း
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သုံးပန့် (၃၀)ကျော်နှင့် လက်နက်မျိုးစုံ (၂၀၀) ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

#အရပ်သားသေဆုံးထိခိုက်မှု
စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား(၁၄)ဦး၊ မ (၈)ဦး၊ ကလေး (၉)ဦး သေဆုံးခဲ့ပြီး၊ (၅၉) ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၂၉) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

2 years ago | [YT] | 5

TNLARMY

TNLA သိမ်းပိုက်လိုက်တဲ့ နောင်ချိုမြို့ ဖြစ်စဥ်အကျဥ်းချုပ်
+++++++++++++++++++++++++++++++++++
နောင်ချိုမြို့ဟာ စစ်ကောင်စီရဲ့ ခမရ-၁၁၄၊ ခမရ-၁၁၅၊ ဒုံးတပ်ရင် - ၆၀၆ တို့က အဓိကစခန်းချနေထိုင်တဲ့ မြို့ဖြစ်တယ်။

နောင်ချိုမြို့က TNLA နဲ့ MDY ပူးပေါင်းတပ်တို့က ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့နဲ့အတူ 1027 စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ စစ်ဆင်နေတဲ့မြို့ဖြစ်တယ်။

စစ်ဆင်ရေး ဒုတိယလှိုင်းမှာ နောင်ချိုမြို့ဟာ TNLA ပထဆုံးသိမ်းပိုက်ထားတဲ့မြို့ဖြစ်လာပါတယ်။

#စစ်ဆင်သိမ်းပိုက်တဲ့ စကစ တပ်စခန်း

နောင်ချိုမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများဖြစ်ကြတဲ့ ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ - ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံ သီတင်းပတ် (၂)ပတ်အကြာ သိမ်းပိုက်ရရှိခဲ့တာပါ။

#စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ

နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း စကစဘက်က Jet Fighter (၆၀)ကြိမ်၊ Y12 လေယာဥ် (၄၂)ကြိမ်၊ Mi35 (၅)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၃၈) ကြိမ်၊ အတွဲလိုက်ဒုံး (၃၁)လုံး၊ ပေါင် ၅၀၀ ဗုံး (၂)လုံး နှင့် အဆိပ်ငွေ့ဗုံး (၄)လုံး အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

#စကစထံ ရရှိထားတဲ့ လက်နက်ခဲယမ်းများ

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် (၂)လက်၊ Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ 60 MM (၁၅)လက်၊ 80 MM (၂)လက်၊ ဆလက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများအပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၆၀၀) ကျော် သိမ်းဆည်းရမိခဲ့တယ်။

#စကစ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှု

စစ်ကောင်စီ နောင်ချိုတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နောင်ချိုဒေသခံ (၁၀)ဦး သေဆုံးခဲ့ပြီး၊ (၉) ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၉) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ပထမဆုံး သိမ်းပိုက်ရရှိသည့် မြို့အဖြစ် နောင်ချိုမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

#PSLF/TNLA

2 years ago | [YT] | 4