Esabel Ja Bawk  

FARASHA EP Album Pru Sai.


Esabel Ja Bawk

🦋 FARASHA — EP ALBUM 🦋
သီချင်း (၇) ပုဒ်နဲ့ တည်ဆောက်ထားတဲ့ FARASHA ဟာ အချစ်တစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ အဲ့ဒီအဆုံးကနေ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့အထိ ခရီးစဉ်တစ်ခုကို ပုံဖော်ထားတဲ့ EP Album တစ်ခုပါ။

သာမန်လူတွေကြားမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ခံစားချက်တွေအလိုက် အဆင့်ဆင့် တင်ဆက်ထားတာဖြစ်ပြီး သီချင်းတစ်ပုဒ်ချင်းစီမှာလည်း မတူညီတဲ့ အဓိပ္ပာယ်နဲ့ ခံစားချက်တွေကို ထည့်သွင်းထားပါတယ်။ 🦋

💿Track 01 — YAK AI
————————————-
သူစိမ်းနှစ်ယောက်ကြားမှာ အချစ်တစ်ခု စတင်ဖို့ နီးစပ်လာတဲ့အချိန်…
မိန်းကလေးဘက်က တစ်ဖက်လူကို အပြည့်အဝ မယုံကြည်ရဲသေးဘဲ သူ့ရဲ့အချစ်ကို စမ်းသပ်ကြည့်နေတဲ့ အစပျိုးအချစ်ဇာတ်လမ်းလေးတစ်ခု။🦋

💿Track 02 — ONLY FAN
——————————————
နှစ်ယောက်သား အချင်းချင်း အရမ်းချစ်မိသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ၊ ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်။ အရာရာဟာ လှပနေပြီး အချစ်ရဲ့အချိုမြိန်ဆုံးအချိန်တွေကို ပိုင်ဆိုင်ထားကြတဲ့ အခိုက်အတန့်လေးပေါ့။🦋

💿Track 03 — CHASING AFTER YOU
————————————————————-
ထုံးစံအတိုင်းပေါ့… အစပိုင်းမှာ အရမ်းချစ်ပြခဲ့တဲ့သူက အချစ်ရေးတစ်ခု ပိုပြီးနက်ရှိုင်းလာတဲ့အချိန်မှာတော့ ခြေလှမ်းတွေ စတင်ရှုပ်ထွေးလာပြီ။ တစ်ဖက်မှာလည်း အဖြေတွေကို ရှာဖွေရင်း၊ သူ့ရဲ့အာရုံစိုက်မှုနဲ့ အချစ်တွေ ပြန်ရဖို့ လိုက်လံကြိုးစားနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ပုံဖော်ထားတာပါ။🦋

💿Track 04 — I’M DONE
——————————————
တော်ပါပြီ… တကယ်ကို တော်ပါပြီ။ 🥺
သူ့အတွက် ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်နိုင်ခဲ့တဲ့အချိန်တွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုလည်း သနားတတ်လာပြီး ကိုယ့်တန်ဖိုးကို ပြန်လည်နားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ဖို့ အချိန်ကျလာပြီဆိုတဲ့ အသိတရားနဲ့ သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ပေါ့။🦋

💿Track 05 — LAST CIGARETTE 🚬
————————————————————
လမ်းခွဲပြီးသွားကြပေမဲ့ တစ်ခါတလေ တိုက်ဆိုင်မှုလေးတွေကြောင့် အတိတ်ကို ပြန်သတိရမိတတ်ကြတယ်။ မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ တကယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကိုတော့ ချက်ချင်းကြီး မေ့ပျောက်နိုင်ဖို့ မလွယ်ကူသေးဘူးလေ။
အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကြားမှာ လွမ်းနေဆဲ၊ သတိရနေဆဲနဲ့ အတိတ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေရတဲ့ အချိန်လေးတစ်ခုပါ။

💿Track 06 — N’DAI DARAM HTE SHA
—————————————————————
နောက်ဆုံးတော့ သူနဲ့ပတ်သက်သမျှ အတွေးတွေ၊ စိတ်ကူးတွေ၊ အကျိုးမရှိတော့တဲ့ လွမ်းဆွတ်မှုတွေကို ကိုယ့်စိတ်ထဲကနေ တစ်ခုပြီးတစ်ခု ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီ။
သူ့အကြောင်းကို မတွေးမိအောင်၊ အတိတ်ဆီကို ပြန်မလှည့်မိအောင် ကိုယ့်စိတ်တံခါးကို ပိတ်ထားလိုက်တဲ့အချိန်။ ဒါဟာ မေ့ပစ်ဖို့ ကြိုးစားခြင်းသက်သက်မဟုတ်ဘဲ ကိုယ့်ဘဝကို ရှေ့ဆက်ဖို့ ကိုယ့်ကိုယ်ကို ပြန်လည်လွတ်မြောက်စေခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။🦋

💿Track 07 — WTF’ GOIN ON
————————————————-
အတိတ်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာပြီ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိလာပြီး ဘယ်သူ့အချစ်ကိုမှ အားကိုးနေစရာမလိုဘဲ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ Independent, Brave Woman တစ်ယောက်အဖြစ် ရပ်တည်လာပြီ။
ကိုယ့်အလင်းရောင်နဲ့ကိုယ် တောက်ပလာတဲ့အချိန်၊ ကိုယ့်ဘဝရဲ့ ဇာတ်လိုက်နေရာကို ကိုယ်တိုင်ပြန်ယူလိုက်တဲ့ အခိုက်အတန့်ပေါ့။ 🦋✨

🦋 ဒါဟာ FARASHA -EP Album ရဲ့ တင်ဆက်မှုပါ🦋
အချစ်တစ်ခုကို စတင်ယုံကြည်ဖို့ ကြိုးစားခဲ့ရာကနေ အချစ်ထဲမှာ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊ နာကျင်ခဲ့ရတဲ့အချိန်တွေ၊ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အချိန်တွေကို ဖြတ်သန်းပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့အထိ…

သီချင်းတစ်ပုဒ်ချင်းစီကို အစဉ်လိုက် နားထောင်ကြည့်ရင်း ဒီခရီးစဉ်လေးကို အဆင့်ဆင့် ခံစားကြည့်စေချင်ပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီမှာ ကိုယ့်အတွေ့အကြုံနဲ့ တိုက်ဆိုင်တဲ့ ခံစားချက်တစ်ခုခုကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🦋

FARASHA ဆိုတာ အချစ်အကြောင်း သီချင်းတွေနဲ့တင် အဆုံးသတ်သွားတဲ့ ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အတိတ်က ကိုယ်နဲ့ မတူတော့တဲ့ ကိုယ်ပိုင်ပုံစံအသစ်တစ်ခုဆီ ပြောင်းလဲရောက်ရှိလာခြင်း၊ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းနဲ့ ကိုယ့်အလင်းရောင်နဲ့ကိုယ် ရှေ့ဆက်တောက်ပလာခြင်းတို့ကို ဖော်ပြထားတဲ့ အနုပညာခရီးစဉ်တစ်ခုပါ။
🦋

နားဆင်ပေးကြမယ့်သူတိုင်းကို ကျေးဇူးတင်ပါတယ်။ နှစ်သက်အားပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ❤️🦋

With Love,
Esabel Ja Bawk

#EsabelJaBawk #FARASHA #EPAlbum2026

4 weeks ago | [YT] | 5

Esabel Ja Bawk

✨Official Title Name နဲ့ Official Album Artwork ✨
———————————————————————————

အဘောက်ရဲ့ ဒီတစ်ခေါက် EP Album ခေါင်းစဉ်ကို
🦋FARASHA🦋 လို့ပေးထားဖြစ်ပါတယ် ..

"FARASHA — A Transformation of My Artistry"
———————————//——————————————

FARASHA = လိပ်ပြာ ( Butterfly) ပေါ့🦋

🦋FARASHA 🦋ဆိုတဲ့ နာမည်ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက

🦋ဟိုးအရင်ကတည်းက အဘောက်ကိုယ်တိုင် ဖန်တီးချင်ခဲ့တဲ့၊ ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်တွေကို လွတ်လပ်စွာ ချပြချင်ခဲ့တဲ့ အနုပညာပုံစံတစ်ခု ရှိခဲ့ပါတယ်..
အဲဒီအိပ်မက်ကို စိတ်ကူးထဲမှာပဲ ထားမနေဘဲ တကယ်ဖြစ်လာအောင် ကြိုးစားရင်း၊ နောက်ဆုံးမှာ ကိုယ်ချပြချင်ခဲ့တဲ့ အနုပညာကို ချပြနိုင်ခဲ့ပြီလို့ ခံစားရတဲ့အတွက်
ဒီ EP Album ကို "FARASHA”လို့ အမည်ပေးဖြစ်တာပါ …

🦋လိပ်ပြာတစ်ကောင်ဟာ သူ့ရဲ့သဘာဝအတိုင်း ပြောင်းလဲမှုအဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ သူ့ရဲ့အလှတရားကို ပြသနိုင်သလို၊ အဘောက်ရဲ့အနုပညာဟာလည်း ဒီ EP Album မှာမြင်တွေ့ရမဲ့ပုံစံအတိုင်း ဖြစ်လာဖို့အတွက် ကိုယ်ပိုင်ဖြတ်သန်းမှုတွေ၊ ခံစားချက်တွေနဲ့ ရွေးချယ်မှုတွေ ရှိခဲ့ပါတယ်။

🦋FARASHA ဟာ အနုပညာပုံစံတစ်ခု ပြောင်းလဲသွားခြင်းသက်သက် မဟုတ်ပါဘူး…
ကိုယ်တကယ်ဖြစ်ချင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဖန်တီးယူနိုင်ခဲ့ခြင်းရဲ့ သင်္ကေတတစ်ခုပါ။

🦋ဒီ Album က အဘာက်ရဲ့ အနုပညာခရီးလမ်းမှာ အဆုံးသတ်တစ်ခု မဟုတ်ဘဲ၊ ကိုယ်တကယ်ဖြစ်ချင်တဲ့ ကိုယ်ပိုင်အနုပညာကမ္ဘာထဲကို စတင်ဝင်ရောက်လာနိုင်ခဲ့တဲ့ အစတစ်ခုလည်း ဖြစ်ပါတယ်။

Graphic Designer: Tin Min Latt

#EsabelJaBawk #FARASHA #EPAlbum
#NewAlbum2026

1 month ago | [YT] | 5

Esabel Ja Bawk

လူကြီးမင်း [ Official Music Video ]
——————————————————

‼️OUT NOW ‼️
လူကြီးမင်း [ Official Music Video ] ထွက်ပြီနော် …
သီချင်းနားထောင်ဖို့ Audio Link ရယ်
Full MV ကြည့်ဖို့ Links တွေရယ် ချထားပေးတယ်နော် ❤️

🔺 Listen Audio - FLOW
open.flow.com.mm/cWTFp5EQTQb

🔺 Watch On - Facebook
fb.watch/xGZY4IY8bk/

🔺 Watch On - YouTube
https://youtu.be/Mw_6zcotWMA?si=_4QIa...

🔺 Follow Me - Instagram
@imesabeljb
www.instagram.com/imesabeljb?igsh=MW93ZnowbTAyYng5…

#EsabelJaBawk #LuGyiMin
#အစ္စဗယ်ဂျာဘောက် #လူကြီးမင်း
#myanmarsong2025

1 year ago (edited) | [YT] | 16

Esabel Ja Bawk

New Song Uploaded 🥰
——— Lu Gyi Min ———-

3 years ago | [YT] | 9

Esabel Ja Bawk

🫦Think pink and just wear it 🫦

3 years ago | [YT] | 18

Esabel Ja Bawk

Ah Bawk Shawng N’nan Hku N’na Galaw Shakut Taw Ai "Clothing Brand" Page Hpe Chyeju Hte Like & Follow Galaw Da Ya Rit. Collection ni hpe n dai shata kaw sha shala mat wa na re .

အဘောက် ပထမဆုံး ကြိုးစားပြီးလုပ်ထားတဲ့ " Clothing Brand " Page လေးကို Like & Follow လုပ်ထားပေးကြပါဦး ။ Collection တွေက ဒီလ အတွင်းမှာဘဲ ထွက်တော့မှာပါနော် ။

🔺Facebook - www.facebook.com/ejbbyesabeljabawk
🔺Instagram - instagram.com/ejb_byesabeljabawk
🔺Tiktok - www.tiktok.com/@ejbbyesabeljabawk

Follow EJB - bio.link/ejbbyesabeljabawk

4 years ago | [YT] | 4

Esabel Ja Bawk

MAI Collection ပြည်တွင်းထုတ် လက်ကားသီးသန့်
ဆောင်းတွင်းဝတ် လေးအတွက် ရိုက်ဖြစ်ထားတာလေးပါ။

#esabeljabawk #maicollection #localbrand #wholesale #wintercollection #2022

4 years ago | [YT] | 10

Esabel Ja Bawk

MAI Collection ပြည်တွင်းထုတ် လက်ကားသီးသန့်
ဆောင်းတွင်းဝတ် လေးအတွက် ရိုက်ဖြစ်ထားတာလေးပါ။

#esabeljabawk #maicollection #localbrand #wholesale #wintercollection #2022

4 years ago | [YT] | 11

Esabel Ja Bawk

🌸 H&N Wedding’s Flower Girl 🌸

4 years ago | [YT] | 12

Esabel Ja Bawk

Wearing MAI Collection is Comfy 🫠

4 years ago | [YT] | 11