FARASHA EP Album Pru Sai.
Esabel Ja Bawk
🦋 FARASHA — EP ALBUM 🦋သီချင်း (၇) ပုဒ်နဲ့ တည်ဆောက်ထားတဲ့ FARASHA ဟာ အချစ်တစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ အဲ့ဒီအဆုံးကနေ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့အထိ ခရီးစဉ်တစ်ခုကို ပုံဖော်ထားတဲ့ EP Album တစ်ခုပါ။သာမန်လူတွေကြားမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ခံစားချက်တွေအလိုက် အဆင့်ဆင့် တင်ဆက်ထားတာဖြစ်ပြီး သီချင်းတစ်ပုဒ်ချင်းစီမှာလည်း မတူညီတဲ့ အဓိပ္ပာယ်နဲ့ ခံစားချက်တွေကို ထည့်သွင်းထားပါတယ်။ 🦋💿Track 01 — YAK AI ————————————-သူစိမ်းနှစ်ယောက်ကြားမှာ အချစ်တစ်ခု စတင်ဖို့ နီးစပ်လာတဲ့အချိန်…မိန်းကလေးဘက်က တစ်ဖက်လူကို အပြည့်အဝ မယုံကြည်ရဲသေးဘဲ သူ့ရဲ့အချစ်ကို စမ်းသပ်ကြည့်နေတဲ့ အစပျိုးအချစ်ဇာတ်လမ်းလေးတစ်ခု။🦋💿Track 02 — ONLY FAN ——————————————နှစ်ယောက်သား အချင်းချင်း အရမ်းချစ်မိသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ၊ ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်။ အရာရာဟာ လှပနေပြီး အချစ်ရဲ့အချိုမြိန်ဆုံးအချိန်တွေကို ပိုင်ဆိုင်ထားကြတဲ့ အခိုက်အတန့်လေးပေါ့။🦋💿Track 03 — CHASING AFTER YOU ————————————————————-ထုံးစံအတိုင်းပေါ့… အစပိုင်းမှာ အရမ်းချစ်ပြခဲ့တဲ့သူက အချစ်ရေးတစ်ခု ပိုပြီးနက်ရှိုင်းလာတဲ့အချိန်မှာတော့ ခြေလှမ်းတွေ စတင်ရှုပ်ထွေးလာပြီ။ တစ်ဖက်မှာလည်း အဖြေတွေကို ရှာဖွေရင်း၊ သူ့ရဲ့အာရုံစိုက်မှုနဲ့ အချစ်တွေ ပြန်ရဖို့ လိုက်လံကြိုးစားနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ပုံဖော်ထားတာပါ။🦋💿Track 04 — I’M DONE ——————————————တော်ပါပြီ… တကယ်ကို တော်ပါပြီ။ 🥺သူ့အတွက် ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်နိုင်ခဲ့တဲ့အချိန်တွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုလည်း သနားတတ်လာပြီး ကိုယ့်တန်ဖိုးကို ပြန်လည်နားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ဖို့ အချိန်ကျလာပြီဆိုတဲ့ အသိတရားနဲ့ သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ပေါ့။🦋💿Track 05 — LAST CIGARETTE 🚬————————————————————လမ်းခွဲပြီးသွားကြပေမဲ့ တစ်ခါတလေ တိုက်ဆိုင်မှုလေးတွေကြောင့် အတိတ်ကို ပြန်သတိရမိတတ်ကြတယ်။ မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ တကယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကိုတော့ ချက်ချင်းကြီး မေ့ပျောက်နိုင်ဖို့ မလွယ်ကူသေးဘူးလေ။အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကြားမှာ လွမ်းနေဆဲ၊ သတိရနေဆဲနဲ့ အတိတ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေရတဲ့ အချိန်လေးတစ်ခုပါ။💿Track 06 — N’DAI DARAM HTE SHA —————————————————————နောက်ဆုံးတော့ သူနဲ့ပတ်သက်သမျှ အတွေးတွေ၊ စိတ်ကူးတွေ၊ အကျိုးမရှိတော့တဲ့ လွမ်းဆွတ်မှုတွေကို ကိုယ့်စိတ်ထဲကနေ တစ်ခုပြီးတစ်ခု ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီ။သူ့အကြောင်းကို မတွေးမိအောင်၊ အတိတ်ဆီကို ပြန်မလှည့်မိအောင် ကိုယ့်စိတ်တံခါးကို ပိတ်ထားလိုက်တဲ့အချိန်။ ဒါဟာ မေ့ပစ်ဖို့ ကြိုးစားခြင်းသက်သက်မဟုတ်ဘဲ ကိုယ့်ဘဝကို ရှေ့ဆက်ဖို့ ကိုယ့်ကိုယ်ကို ပြန်လည်လွတ်မြောက်စေခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။🦋💿Track 07 — WTF’ GOIN ON ————————————————-အတိတ်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာပြီ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိလာပြီး ဘယ်သူ့အချစ်ကိုမှ အားကိုးနေစရာမလိုဘဲ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ Independent, Brave Woman တစ်ယောက်အဖြစ် ရပ်တည်လာပြီ။ကိုယ့်အလင်းရောင်နဲ့ကိုယ် တောက်ပလာတဲ့အချိန်၊ ကိုယ့်ဘဝရဲ့ ဇာတ်လိုက်နေရာကို ကိုယ်တိုင်ပြန်ယူလိုက်တဲ့ အခိုက်အတန့်ပေါ့။ 🦋✨🦋 ဒါဟာ FARASHA -EP Album ရဲ့ တင်ဆက်မှုပါ🦋အချစ်တစ်ခုကို စတင်ယုံကြည်ဖို့ ကြိုးစားခဲ့ရာကနေ အချစ်ထဲမှာ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊ နာကျင်ခဲ့ရတဲ့အချိန်တွေ၊ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အချိန်တွေကို ဖြတ်သန်းပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့အထိ…သီချင်းတစ်ပုဒ်ချင်းစီကို အစဉ်လိုက် နားထောင်ကြည့်ရင်း ဒီခရီးစဉ်လေးကို အဆင့်ဆင့် ခံစားကြည့်စေချင်ပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီမှာ ကိုယ့်အတွေ့အကြုံနဲ့ တိုက်ဆိုင်တဲ့ ခံစားချက်တစ်ခုခုကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🦋FARASHA ဆိုတာ အချစ်အကြောင်း သီချင်းတွေနဲ့တင် အဆုံးသတ်သွားတဲ့ ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အတိတ်က ကိုယ်နဲ့ မတူတော့တဲ့ ကိုယ်ပိုင်ပုံစံအသစ်တစ်ခုဆီ ပြောင်းလဲရောက်ရှိလာခြင်း၊ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းနဲ့ ကိုယ့်အလင်းရောင်နဲ့ကိုယ် ရှေ့ဆက်တောက်ပလာခြင်းတို့ကို ဖော်ပြထားတဲ့ အနုပညာခရီးစဉ်တစ်ခုပါ။🦋နားဆင်ပေးကြမယ့်သူတိုင်းကို ကျေးဇူးတင်ပါတယ်။ နှစ်သက်အားပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ❤️🦋With Love,Esabel Ja Bawk#EsabelJaBawk #FARASHA #EPAlbum2026
4 weeks ago | [YT] | 5
View 1 reply
✨Official Title Name နဲ့ Official Album Artwork ✨———————————————————————————အဘောက်ရဲ့ ဒီတစ်ခေါက် EP Album ခေါင်းစဉ်ကို 🦋FARASHA🦋 လို့ပေးထားဖြစ်ပါတယ် .."FARASHA — A Transformation of My Artistry"———————————//——————————————FARASHA = လိပ်ပြာ ( Butterfly) ပေါ့🦋🦋FARASHA 🦋ဆိုတဲ့ နာမည်ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက🦋ဟိုးအရင်ကတည်းက အဘောက်ကိုယ်တိုင် ဖန်တီးချင်ခဲ့တဲ့၊ ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်တွေကို လွတ်လပ်စွာ ချပြချင်ခဲ့တဲ့ အနုပညာပုံစံတစ်ခု ရှိခဲ့ပါတယ်.. အဲဒီအိပ်မက်ကို စိတ်ကူးထဲမှာပဲ ထားမနေဘဲ တကယ်ဖြစ်လာအောင် ကြိုးစားရင်း၊ နောက်ဆုံးမှာ ကိုယ်ချပြချင်ခဲ့တဲ့ အနုပညာကို ချပြနိုင်ခဲ့ပြီလို့ ခံစားရတဲ့အတွက် ဒီ EP Album ကို "FARASHA”လို့ အမည်ပေးဖြစ်တာပါ …🦋လိပ်ပြာတစ်ကောင်ဟာ သူ့ရဲ့သဘာဝအတိုင်း ပြောင်းလဲမှုအဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ သူ့ရဲ့အလှတရားကို ပြသနိုင်သလို၊ အဘောက်ရဲ့အနုပညာဟာလည်း ဒီ EP Album မှာမြင်တွေ့ရမဲ့ပုံစံအတိုင်း ဖြစ်လာဖို့အတွက် ကိုယ်ပိုင်ဖြတ်သန်းမှုတွေ၊ ခံစားချက်တွေနဲ့ ရွေးချယ်မှုတွေ ရှိခဲ့ပါတယ်။🦋FARASHA ဟာ အနုပညာပုံစံတစ်ခု ပြောင်းလဲသွားခြင်းသက်သက် မဟုတ်ပါဘူး…ကိုယ်တကယ်ဖြစ်ချင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဖန်တီးယူနိုင်ခဲ့ခြင်းရဲ့ သင်္ကေတတစ်ခုပါ။🦋ဒီ Album က အဘာက်ရဲ့ အနုပညာခရီးလမ်းမှာ အဆုံးသတ်တစ်ခု မဟုတ်ဘဲ၊ ကိုယ်တကယ်ဖြစ်ချင်တဲ့ ကိုယ်ပိုင်အနုပညာကမ္ဘာထဲကို စတင်ဝင်ရောက်လာနိုင်ခဲ့တဲ့ အစတစ်ခုလည်း ဖြစ်ပါတယ်။Graphic Designer: Tin Min Latt#EsabelJaBawk #FARASHA #EPAlbum #NewAlbum2026
1 month ago | [YT] | 5
View 0 replies
လူကြီးမင်း [ Official Music Video ]——————————————————‼️OUT NOW ‼️လူကြီးမင်း [ Official Music Video ] ထွက်ပြီနော် …သီချင်းနားထောင်ဖို့ Audio Link ရယ် Full MV ကြည့်ဖို့ Links တွေရယ် ချထားပေးတယ်နော် ❤️🔺 Listen Audio - FLOW open.flow.com.mm/cWTFp5EQTQb 🔺 Watch On - Facebook fb.watch/xGZY4IY8bk/🔺 Watch On - YouTube https://youtu.be/Mw_6zcotWMA?si=_4QIa...🔺 Follow Me - Instagram @imesabeljbwww.instagram.com/imesabeljb?igsh=MW93ZnowbTAyYng5…#EsabelJaBawk #LuGyiMin#အစ္စဗယ်ဂျာဘောက် #လူကြီးမင်း#myanmarsong2025
1 year ago (edited) | [YT] | 16
View 2 replies
New Song Uploaded 🥰——— Lu Gyi Min ———-
3 years ago | [YT] | 9
🫦Think pink and just wear it 🫦
3 years ago | [YT] | 18
Ah Bawk Shawng N’nan Hku N’na Galaw Shakut Taw Ai "Clothing Brand" Page Hpe Chyeju Hte Like & Follow Galaw Da Ya Rit. Collection ni hpe n dai shata kaw sha shala mat wa na re .အဘောက် ပထမဆုံး ကြိုးစားပြီးလုပ်ထားတဲ့ " Clothing Brand " Page လေးကို Like & Follow လုပ်ထားပေးကြပါဦး ။ Collection တွေက ဒီလ အတွင်းမှာဘဲ ထွက်တော့မှာပါနော် ။🔺Facebook - www.facebook.com/ejbbyesabeljabawk🔺Instagram - instagram.com/ejb_byesabeljabawk🔺Tiktok - www.tiktok.com/@ejbbyesabeljabawkFollow EJB - bio.link/ejbbyesabeljabawk
4 years ago | [YT] | 4
MAI Collection ပြည်တွင်းထုတ် လက်ကားသီးသန့်ဆောင်းတွင်းဝတ် လေးအတွက် ရိုက်ဖြစ်ထားတာလေးပါ။#esabeljabawk #maicollection #localbrand #wholesale #wintercollection #2022
4 years ago | [YT] | 10
4 years ago | [YT] | 11
🌸 H&N Wedding’s Flower Girl 🌸
4 years ago | [YT] | 12
Wearing MAI Collection is Comfy 🫠
View 4 replies
Load more
Esabel Ja Bawk
🦋 FARASHA — EP ALBUM 🦋
သီချင်း (၇) ပုဒ်နဲ့ တည်ဆောက်ထားတဲ့ FARASHA ဟာ အချစ်တစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ အဲ့ဒီအဆုံးကနေ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့အထိ ခရီးစဉ်တစ်ခုကို ပုံဖော်ထားတဲ့ EP Album တစ်ခုပါ။
သာမန်လူတွေကြားမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ခံစားချက်တွေအလိုက် အဆင့်ဆင့် တင်ဆက်ထားတာဖြစ်ပြီး သီချင်းတစ်ပုဒ်ချင်းစီမှာလည်း မတူညီတဲ့ အဓိပ္ပာယ်နဲ့ ခံစားချက်တွေကို ထည့်သွင်းထားပါတယ်။ 🦋
💿Track 01 — YAK AI
————————————-
သူစိမ်းနှစ်ယောက်ကြားမှာ အချစ်တစ်ခု စတင်ဖို့ နီးစပ်လာတဲ့အချိန်…
မိန်းကလေးဘက်က တစ်ဖက်လူကို အပြည့်အဝ မယုံကြည်ရဲသေးဘဲ သူ့ရဲ့အချစ်ကို စမ်းသပ်ကြည့်နေတဲ့ အစပျိုးအချစ်ဇာတ်လမ်းလေးတစ်ခု။🦋
💿Track 02 — ONLY FAN
——————————————
နှစ်ယောက်သား အချင်းချင်း အရမ်းချစ်မိသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ၊ ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်။ အရာရာဟာ လှပနေပြီး အချစ်ရဲ့အချိုမြိန်ဆုံးအချိန်တွေကို ပိုင်ဆိုင်ထားကြတဲ့ အခိုက်အတန့်လေးပေါ့။🦋
💿Track 03 — CHASING AFTER YOU
————————————————————-
ထုံးစံအတိုင်းပေါ့… အစပိုင်းမှာ အရမ်းချစ်ပြခဲ့တဲ့သူက အချစ်ရေးတစ်ခု ပိုပြီးနက်ရှိုင်းလာတဲ့အချိန်မှာတော့ ခြေလှမ်းတွေ စတင်ရှုပ်ထွေးလာပြီ။ တစ်ဖက်မှာလည်း အဖြေတွေကို ရှာဖွေရင်း၊ သူ့ရဲ့အာရုံစိုက်မှုနဲ့ အချစ်တွေ ပြန်ရဖို့ လိုက်လံကြိုးစားနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ပုံဖော်ထားတာပါ။🦋
💿Track 04 — I’M DONE
——————————————
တော်ပါပြီ… တကယ်ကို တော်ပါပြီ။ 🥺
သူ့အတွက် ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်နိုင်ခဲ့တဲ့အချိန်တွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုလည်း သနားတတ်လာပြီး ကိုယ့်တန်ဖိုးကို ပြန်လည်နားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ဖို့ အချိန်ကျလာပြီဆိုတဲ့ အသိတရားနဲ့ သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ပေါ့။🦋
💿Track 05 — LAST CIGARETTE 🚬
————————————————————
လမ်းခွဲပြီးသွားကြပေမဲ့ တစ်ခါတလေ တိုက်ဆိုင်မှုလေးတွေကြောင့် အတိတ်ကို ပြန်သတိရမိတတ်ကြတယ်။ မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ တကယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကိုတော့ ချက်ချင်းကြီး မေ့ပျောက်နိုင်ဖို့ မလွယ်ကူသေးဘူးလေ။
အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကြားမှာ လွမ်းနေဆဲ၊ သတိရနေဆဲနဲ့ အတိတ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေရတဲ့ အချိန်လေးတစ်ခုပါ။
💿Track 06 — N’DAI DARAM HTE SHA
—————————————————————
နောက်ဆုံးတော့ သူနဲ့ပတ်သက်သမျှ အတွေးတွေ၊ စိတ်ကူးတွေ၊ အကျိုးမရှိတော့တဲ့ လွမ်းဆွတ်မှုတွေကို ကိုယ့်စိတ်ထဲကနေ တစ်ခုပြီးတစ်ခု ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီ။
သူ့အကြောင်းကို မတွေးမိအောင်၊ အတိတ်ဆီကို ပြန်မလှည့်မိအောင် ကိုယ့်စိတ်တံခါးကို ပိတ်ထားလိုက်တဲ့အချိန်။ ဒါဟာ မေ့ပစ်ဖို့ ကြိုးစားခြင်းသက်သက်မဟုတ်ဘဲ ကိုယ့်ဘဝကို ရှေ့ဆက်ဖို့ ကိုယ့်ကိုယ်ကို ပြန်လည်လွတ်မြောက်စေခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။🦋
💿Track 07 — WTF’ GOIN ON
————————————————-
အတိတ်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာပြီ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိလာပြီး ဘယ်သူ့အချစ်ကိုမှ အားကိုးနေစရာမလိုဘဲ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ Independent, Brave Woman တစ်ယောက်အဖြစ် ရပ်တည်လာပြီ။
ကိုယ့်အလင်းရောင်နဲ့ကိုယ် တောက်ပလာတဲ့အချိန်၊ ကိုယ့်ဘဝရဲ့ ဇာတ်လိုက်နေရာကို ကိုယ်တိုင်ပြန်ယူလိုက်တဲ့ အခိုက်အတန့်ပေါ့။ 🦋✨
🦋 ဒါဟာ FARASHA -EP Album ရဲ့ တင်ဆက်မှုပါ🦋
အချစ်တစ်ခုကို စတင်ယုံကြည်ဖို့ ကြိုးစားခဲ့ရာကနေ အချစ်ထဲမှာ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊ နာကျင်ခဲ့ရတဲ့အချိန်တွေ၊ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အချိန်တွေကို ဖြတ်သန်းပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့အထိ…
သီချင်းတစ်ပုဒ်ချင်းစီကို အစဉ်လိုက် နားထောင်ကြည့်ရင်း ဒီခရီးစဉ်လေးကို အဆင့်ဆင့် ခံစားကြည့်စေချင်ပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီမှာ ကိုယ့်အတွေ့အကြုံနဲ့ တိုက်ဆိုင်တဲ့ ခံစားချက်တစ်ခုခုကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🦋
FARASHA ဆိုတာ အချစ်အကြောင်း သီချင်းတွေနဲ့တင် အဆုံးသတ်သွားတဲ့ ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အတိတ်က ကိုယ်နဲ့ မတူတော့တဲ့ ကိုယ်ပိုင်ပုံစံအသစ်တစ်ခုဆီ ပြောင်းလဲရောက်ရှိလာခြင်း၊ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းနဲ့ ကိုယ့်အလင်းရောင်နဲ့ကိုယ် ရှေ့ဆက်တောက်ပလာခြင်းတို့ကို ဖော်ပြထားတဲ့ အနုပညာခရီးစဉ်တစ်ခုပါ။
🦋
နားဆင်ပေးကြမယ့်သူတိုင်းကို ကျေးဇူးတင်ပါတယ်။ နှစ်သက်အားပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ❤️🦋
With Love,
Esabel Ja Bawk
#EsabelJaBawk #FARASHA #EPAlbum2026
4 weeks ago | [YT] | 5
View 1 reply
Esabel Ja Bawk
✨Official Title Name နဲ့ Official Album Artwork ✨
———————————————————————————
အဘောက်ရဲ့ ဒီတစ်ခေါက် EP Album ခေါင်းစဉ်ကို
🦋FARASHA🦋 လို့ပေးထားဖြစ်ပါတယ် ..
"FARASHA — A Transformation of My Artistry"
———————————//——————————————
FARASHA = လိပ်ပြာ ( Butterfly) ပေါ့🦋
🦋FARASHA 🦋ဆိုတဲ့ နာမည်ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက
🦋ဟိုးအရင်ကတည်းက အဘောက်ကိုယ်တိုင် ဖန်တီးချင်ခဲ့တဲ့၊ ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်တွေကို လွတ်လပ်စွာ ချပြချင်ခဲ့တဲ့ အနုပညာပုံစံတစ်ခု ရှိခဲ့ပါတယ်..
အဲဒီအိပ်မက်ကို စိတ်ကူးထဲမှာပဲ ထားမနေဘဲ တကယ်ဖြစ်လာအောင် ကြိုးစားရင်း၊ နောက်ဆုံးမှာ ကိုယ်ချပြချင်ခဲ့တဲ့ အနုပညာကို ချပြနိုင်ခဲ့ပြီလို့ ခံစားရတဲ့အတွက်
ဒီ EP Album ကို "FARASHA”လို့ အမည်ပေးဖြစ်တာပါ …
🦋လိပ်ပြာတစ်ကောင်ဟာ သူ့ရဲ့သဘာဝအတိုင်း ပြောင်းလဲမှုအဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ သူ့ရဲ့အလှတရားကို ပြသနိုင်သလို၊ အဘောက်ရဲ့အနုပညာဟာလည်း ဒီ EP Album မှာမြင်တွေ့ရမဲ့ပုံစံအတိုင်း ဖြစ်လာဖို့အတွက် ကိုယ်ပိုင်ဖြတ်သန်းမှုတွေ၊ ခံစားချက်တွေနဲ့ ရွေးချယ်မှုတွေ ရှိခဲ့ပါတယ်။
🦋FARASHA ဟာ အနုပညာပုံစံတစ်ခု ပြောင်းလဲသွားခြင်းသက်သက် မဟုတ်ပါဘူး…
ကိုယ်တကယ်ဖြစ်ချင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဖန်တီးယူနိုင်ခဲ့ခြင်းရဲ့ သင်္ကေတတစ်ခုပါ။
🦋ဒီ Album က အဘာက်ရဲ့ အနုပညာခရီးလမ်းမှာ အဆုံးသတ်တစ်ခု မဟုတ်ဘဲ၊ ကိုယ်တကယ်ဖြစ်ချင်တဲ့ ကိုယ်ပိုင်အနုပညာကမ္ဘာထဲကို စတင်ဝင်ရောက်လာနိုင်ခဲ့တဲ့ အစတစ်ခုလည်း ဖြစ်ပါတယ်။
Graphic Designer: Tin Min Latt
#EsabelJaBawk #FARASHA #EPAlbum
#NewAlbum2026
1 month ago | [YT] | 5
View 0 replies
Esabel Ja Bawk
လူကြီးမင်း [ Official Music Video ]
——————————————————
‼️OUT NOW ‼️
လူကြီးမင်း [ Official Music Video ] ထွက်ပြီနော် …
သီချင်းနားထောင်ဖို့ Audio Link ရယ်
Full MV ကြည့်ဖို့ Links တွေရယ် ချထားပေးတယ်နော် ❤️
🔺 Listen Audio - FLOW
open.flow.com.mm/cWTFp5EQTQb
🔺 Watch On - Facebook
fb.watch/xGZY4IY8bk/
🔺 Watch On - YouTube
https://youtu.be/Mw_6zcotWMA?si=_4QIa...
🔺 Follow Me - Instagram
@imesabeljb
www.instagram.com/imesabeljb?igsh=MW93ZnowbTAyYng5…
#EsabelJaBawk #LuGyiMin
#အစ္စဗယ်ဂျာဘောက် #လူကြီးမင်း
#myanmarsong2025
1 year ago (edited) | [YT] | 16
View 2 replies
Esabel Ja Bawk
New Song Uploaded 🥰
——— Lu Gyi Min ———-
3 years ago | [YT] | 9
View 0 replies
Esabel Ja Bawk
🫦Think pink and just wear it 🫦
3 years ago | [YT] | 18
View 1 reply
Esabel Ja Bawk
Ah Bawk Shawng N’nan Hku N’na Galaw Shakut Taw Ai "Clothing Brand" Page Hpe Chyeju Hte Like & Follow Galaw Da Ya Rit. Collection ni hpe n dai shata kaw sha shala mat wa na re .
အဘောက် ပထမဆုံး ကြိုးစားပြီးလုပ်ထားတဲ့ " Clothing Brand " Page လေးကို Like & Follow လုပ်ထားပေးကြပါဦး ။ Collection တွေက ဒီလ အတွင်းမှာဘဲ ထွက်တော့မှာပါနော် ။
🔺Facebook - www.facebook.com/ejbbyesabeljabawk
🔺Instagram - instagram.com/ejb_byesabeljabawk
🔺Tiktok - www.tiktok.com/@ejbbyesabeljabawk
Follow EJB - bio.link/ejbbyesabeljabawk
4 years ago | [YT] | 4
View 0 replies
Esabel Ja Bawk
MAI Collection ပြည်တွင်းထုတ် လက်ကားသီးသန့်
ဆောင်းတွင်းဝတ် လေးအတွက် ရိုက်ဖြစ်ထားတာလေးပါ။
#esabeljabawk #maicollection #localbrand #wholesale #wintercollection #2022
4 years ago | [YT] | 10
View 0 replies
Esabel Ja Bawk
MAI Collection ပြည်တွင်းထုတ် လက်ကားသီးသန့်
ဆောင်းတွင်းဝတ် လေးအတွက် ရိုက်ဖြစ်ထားတာလေးပါ။
#esabeljabawk #maicollection #localbrand #wholesale #wintercollection #2022
4 years ago | [YT] | 11
View 0 replies
Esabel Ja Bawk
🌸 H&N Wedding’s Flower Girl 🌸
4 years ago | [YT] | 12
View 1 reply
Esabel Ja Bawk
Wearing MAI Collection is Comfy 🫠
4 years ago | [YT] | 11
View 4 replies
Load more