တိတ်ဆိတ်နေရသူများရဲ့ အသံ
MNO NEWS
ပခုက္ကူလေဆိပ်အနီးမှာ PDF က ရဲတပ်ကြပ်ကို ပစ်ခတ်ခဲ့ပြီး လက်နက် ၂ လက်နဲ့ကား၁ စီး သိမ်းဆည်းရရှိခဲ့1 NOVEMBER 2026မကွေးတိုင်း၊ ပခုက္ကူလေဆိပ်အနီးမှာ ရဲတပ်ကြပ်သိန်းနိုင်ဦးကို ပစ်ခတ်ခဲ့ပြီး လက်နက် ၂ လက်နဲ့ကား၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDFက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၆ ရက်တုန်းက ပခုက္ကူ-ရေစကြိုလမ်းအတိုင်းလာတဲ့ ရဲတပ်ကြပ်ရဲ့ ကားကို PDFက စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း ရဲတပ်ကြပ် သိန်းနိုင်ဦးဟာနေရာမှာတင် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီ ရဲတပ်ကြပ်က ကျောက်လှေခါး စစ်တပ်စစ်ဆေးရေးဂိတ်စခန်းရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း(၃) -Southern YSO PDF မှ ရဲဘော်တွေက ဆောင်ရွက်ခဲ့ပါတယ်။
3 hours ago | [YT] | 512
View 11 replies
ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီ အမျိူးသားများတပ်မတော် -SNA စခန်း ၃ ခုကို KIA နဲ့ PDF က သိမ်းပိုက်1 NOVEMBER 2026စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရွာ၃ရွာနဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ အမျိူးသားများတပ်မတော် -SNA စခန်း ၃ ခုကို KIA နဲ့ PDF က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရေဇလောက် ရွာ၊ရေပေါ်မီးရွာနဲ့ အဲဲ့ဒီရွာတွေနားမှာ ရှိတဲ့ SNAစခန်း ၂ ခုကို KIA နဲ့ PDF က တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီ စခန်းတွေကို KIA၊ KPDF၊ နာဂ PDF၊ဟုမ္မလင်းမြို့နယ် ပကဖ၊ ခန္တီး PDF နဲ့ နွေဦးရောင်နီ PRF မြေပြင်ထောက်ပို့တော်လှန်ရေး အဖွဲ့မှ ရဲဘော်တွေက ပူးပေါင်းတိုက််ခိုက်ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာလ ၂၂ ရက်နေ့ကလည်းတောင်ဦးရွာနဲ့ ရွာအနီးရှိ စစ်တပ်၊SNA ပူးပေါင်းတပ်စခန်းကို KIA က သိမ်းပိုက် နိုင်ခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲတွေအတွင်းလက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲဖြစ်နေချိန် SNA တပ်ဖွဲ့ဝင် တချိူ့ဟာ နမ့်တောရွာနဲ့ ဟုမ္မလင်းမြို့ဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံမှ သိရပါတယ်။အဲ့ဒီစခန်းက စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ အင်အားအများအပြားသုံးပြီးတပ်စွဲထားတဲ့ စခန်းကြီး တစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့ KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေကြပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကြားရှိ တောင်ယာရွှေမှော် SNA တပ်စခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါ့အပြင် စက်တင်ဘာ(၂၁)ရက်နေ့ကနေ (၃၀)ရက်နေ့အတွင်း တဲ့ ကသာ၊အင်းတော်၊ထီးချိုင့် ၊ကောလင်းမြို့နယ်တွေနဲ့ ဟုမ္မလင်းမြို့နယ်၊ ခန္တီး-ဟုမ္မလင်း-မန္တလေးလမ်းပိုင်းရှိ ကျေးရွာနဲ့ ကုန်သွယ်ရေးလမ်းတွေပေါ်ကို အာဏာသိမ်းစစ်တပ်က ဆက်တိုက် ဗုံးကြဲလို့ လူထိခိုက်သေဆုံးတာအပြင် မော်တော်ယာဥ်တွေပါပျက်စီးမှုရှိခဲ့ပါတယ်။
7 hours ago | [YT] | 595
View 4 replies
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား နဲ့ အဆိုတော် ချမ်းချမ်းတို့ ပူးပေါင်းပြီး အထူးဂီတ ဖျော်ဖြေပွဲ ကျင်းပ1 NOVEMBER 2026ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာလုပ်တဲ့ အထူးဂီတဖျော်ဖြေပွဲအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် နဲ့ အဆိုတော် ချမ်းချမ်းတို့က "ခွန်အားဖြည့် မိငယ်"သီချင်းကို အတူတကွ ဖျော်ဖြေခဲ့ကြပါတယ်။ အောက်တိုဘာလ ၃၁ ရက်တုန်းက လန်ဒန်မြို့ရှိ Greenwich Borough Hall (Royal Hill, London SE10 8RE) မှာ "Kim & Chan Chan" နာမည်နဲ့ အထူးဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပွဲကို ယူကေရောက် မြန်မာတွေ လာရောက်ခဲ့ကြပြီး ပွဲကရရှိတဲ့ ပိုက်ဆံတွေကို စစ်ဘေးရှောင်တွေအတွက် ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် ကင်အဲရစ်က မိခင်ဖြစ်သူ အမြန်ဆုံး လွတ်မြောက်လာပြီး ယခုသီချင်းကို နားထောင်နိုင်ဖို့မျော်လင့်တယ်လို့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။၂၀၂၁ ခုနှစ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်အခုလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာ ပထမ ဆုံးအကြိမ် ဖြစ်ပါတယ်။ ကိုထိန်လင်း(ခ)ကင်အဲရစ်က မိခင်ဖြစ်သူအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ဒါ့ကြောင့် အခုလို ဆက်သွယ်ခွင့်ရရုံတင်မကဘဲ အပြီးသတ်မိခင်ဖြစ်သူအပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကိုထိန်လင်း က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
10 hours ago | [YT] | 183
View 2 replies
ကြို့ပင်ကောက်မြို့နယ်မှာ ပေါ်တာ ဆွဲဖို့ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို PDF က တိုက်ခိုက်1 NOVEMBER 2026ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ ပေါ်တာ ဆွဲဖို့ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၉ ရက်တုန်းက ဆင်ပိုက်နဲ့ ကြခတ္တန်းကြီး ရွာကြားမှာ PDF က စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးသေဆုံး ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က သေဆုံးသွားတဲ့စစ်သားတွေအလောင်းကို ပြန်သယ်ပြီး ကြို့ပင်ကောက်မြို့ဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ ၅ (BTZM-GBK-PDF) က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
13 hours ago | [YT] | 194
View 3 replies
NUG ရဲ့ နွေဦးထီ ရောင်းချသူ ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးခံရ1 NOVEMBER 2026ရန်ကုန်မြို့မှာ NUG ရဲ့ နွေဦးထီ ရောင်းချသူ ကိုယ်စားလှယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံမှ သိရပါတယ်။ သူတို့ ၂ ဦးက လူမှုကွန်ရက်မှာ ပုံမှန်ပိုစ့်တင်ပြီးထီရောင်းနေသူတွေ ဖြစ်ပါတယ်။ နွေဦးထီ က NUG ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က ရန်ပုံငွေရှာဖွေဖို့ အတွက် ပြုလုပ်ထားပြီး လစဥ် ထီဖွင့်ပွဲပြုလုပ်ပေးနေတာပါ။အာဏာသိမ်းစစ်တပ်ကလည်း နွေဦးထီရောင်းသူ ၂ ဦးနဲ့ PDF ရဲမေ ၁ ဦးကိုဖမ်းမိ ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။စစ်တပ်ထိန်းချူပ်ရာနယ်မြေအတွင်း နွေဦးထီရောင်းသူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားကြဖို့ ထီရောင်းတဲ့ကိုယ်စားလှယ် တွေက သတိပေးထားပါတယ်။
14 hours ago | [YT] | 93
View 7 replies
စစ်တပ်က တရုတ်နိုင်ငံသားများရဲ့ ငွေလိမ်စခန်းကိုဝင်ရောက်စီးနင်းရာမှာ တရားခံတစ်ဦးမှ ဖမ်းမိခဲ့ခြင်းမရှိ31 October 2026ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်အနီး တရုတ်နိုင်ငံသား ၃၀၀ ခန့်ရှိတဲ့ ကျားဖြန့်ငွေလိမ်စခန်းကို ဝင်ရောက်စီးနင်းရာမှာ တရားခံတစ်ဦးမှ ဖမ်းမိခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။မနေ့က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း လူမရှိတော့တဲ့ ကျားဖြန်စခန်းကိုသာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။မနေ့က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း လူမရှိတော့တဲ့ ကျားဖြန်စခန်းကိုသာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။မနေ့က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း လူမရှိတော့တဲ့ ကျားဖြန်စခန်းကိုသာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
1 day ago | [YT] | 175
View 8 replies
ထိုင်းနိုင်ငံထံ ကျည်ထပ်ကျရင် မြန်မာဘက်ကို ပြန်ပစ်ဖို့ လက်နက်တွေအသင်ပြင်ထားဖို့ ထိုင်းစစ် ဗိုလ်ချူပ်က ညွှန်ကြားထား31 OCTOBER 2026မြန်မာဘက် တိုက်ပွဲတွေမှ ထိုင်းနိုင်ငံဘက်ခြမ်းကို လက်နက်ကျည် ထပ်မံကျလာရင် ပြန်ပစ်ရန်စစ်လက်နက်တွေအသင်ပြင်ထားဖို့ ထိုင်းစစ်တပ်ဗိုလ်ချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိုင်းစစ်တပ်ဗိုလ်ချူပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းစစ်စခန်းကိုသွားရောက် စစ်ဆေးခဲ့တယ်လို့ ထိုင်းစစ်တပ် က ထုတ်ပြန်ထားပါတယ်။နယ်စပ်ကင်းလှည့်တပ်ဖွဲ့တွေအနေနဲ့ မြန်မာဘက်က တိုက်ပွဲအခြေအနေကို စောင့်ကြည့်ဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုချက်ချင်းတုံ့ပြန်နိုင်ဖို့ လက်နက်တွေတပ်ဆင်ထားဖို့ ထိုင်းစစ်တပ် ဗိုလ်ချူပ်က ညွှန်ကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ နယ်စပ်ရှိ ထိုင်းဒေသခံတွေရဲ့ လုံခြုံရေးကိုလည်း တပ်ဖွဲ့တွေအနေနဲ့ အထူးဂရုစိုက် စောင့်ရှောက်ကြဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
1 day ago | [YT] | 622
View 30 replies
ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့ ရုရှားရေနံချက်စက်ရုံ မီးလောင်31 OCTOBER 2026ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့ ရုရှားနိုင်ငံ ဆမာရာဒေသရှိ Novokuibyshevsk ရေနံချက်စက်ရုံမီးလောင်ပျက်စီးသွားပါတယ်။ အောက်တိုဘာ ၃၀ ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်ရုံဝင်းအတွင်းရှိ ရေနံသန့်စင်စက် ပျက်စီးသွားတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ ရေနံချက်စက်ရုံက ရုရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ Rosneft ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ယူကရိန်းကာကွယ်ရေးကုမ္ပဏီ Fire Point ကရုရှားရေနံချက်စက်ရုံတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
1 day ago | [YT] | 131
လှိုင်မြို့နယ်၊ရွာမကွေ့ မီးပွိုင့်မှာ ရှိတဲ့ စစ်တပ်ဘန်ကာကို ရေခဲတင်ကားက ဝင်တိုက်31 OCTOBER 2026ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ရွာမကွေ့ မီးပွိုင့်မှာ ရှိတဲ့ စစ်တပ်ဘန်ကာကို ရေခဲတင်ကားက ဝင်တိုက်လို့ ဘန်ကာ ပျက်စီးသွားခဲ့ပါတယ်။အောက်တိုဘာလ ၃၀ ရက်၊ မနက်၇ နာရီခန့်မှာ ရေခဲတင်ကားက အရှိန် မထိန်းနိုင်ခဲ့ ဝင်တိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ဒါ့အပြင် အဲ့ဒီရေခဲတင်ကားက Taxi တစ်စီးကိုလည်း တိုက်မိခဲ့ပါတယ်။အဲ့ဒီ ကားတိုက်မှုအတွင်း လူ ထိခိုက်မှုမရှိခဲ့ပေမယ့် ရေခဲတင်ကားနဲ့ Taxi လည်း ပျက်စီးသွားခဲ့ပါတယ်။လက်ရှိမှာတော့ ရေခဲတင်ကားမောင်းလာတဲ့ကားသမားကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
1 day ago | [YT] | 88
မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း စစ်တပ် ဒုတပ်ရင်းမှူး နဲ့ စစ်သား ၂၀ ဦးထက်မနည်းထိခိုက် သေဆုံး31 OCTOBER 2026ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်းKIA ရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ် ဒုတပ်ရင်းမှူး နဲ့ စစ်သား ၂၀ ဦးထက်မနည်းထိခိုက် သေဆုံးခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။အောက်တိုဘာ ၃၀ ရက်မှာ စစ်တပ်ကမြစ်ဆုံ-ငဦး လမ်းကို စစ်ကြောင်းထိုးလာလို့ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုအပြီးမှာ စစ်တပ်က မိုးမိတ်မြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွား တယ်လို့ သိရပါတယ်။ဒါ့အပြင် သေသွားတဲ့ စစ်သားတွေဆီကနေလက်နက်ခဲယမ်းတွေကိုလည်း KIA က သိမ်းဆည်းရရှိခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်နေလို့ မိုးမိတ်-တွင်းငယ်လမ်းကို ဒေသခံတွေ အသွားအလာအဆင်ခြင်ကြဖို့ KIA က သတိပေးထုတ်ပြန်ထားပါတယ်။
1 day ago | [YT] | 98
View 1 reply
Load more
MNO NEWS
ပခုက္ကူလေဆိပ်အနီးမှာ PDF က ရဲတပ်ကြပ်ကို ပစ်ခတ်ခဲ့ပြီး လက်နက် ၂ လက်နဲ့ကား၁ စီး သိမ်းဆည်းရရှိခဲ့
1 NOVEMBER 2026
မကွေးတိုင်း၊ ပခုက္ကူလေဆိပ်အနီးမှာ ရဲတပ်ကြပ်သိန်းနိုင်ဦးကို ပစ်ခတ်ခဲ့ပြီး လက်နက် ၂ လက်နဲ့ကား၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDFက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၆ ရက်တုန်းက ပခုက္ကူ-ရေစကြိုလမ်းအတိုင်းလာတဲ့ ရဲတပ်ကြပ်ရဲ့ ကားကို PDFက စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း ရဲတပ်ကြပ် သိန်းနိုင်ဦးဟာနေရာမှာတင် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ ရဲတပ်ကြပ်က ကျောက်လှေခါး စစ်တပ်စစ်ဆေးရေးဂိတ်စခန်းရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း(၃) -Southern YSO PDF မှ ရဲဘော်တွေက ဆောင်ရွက်ခဲ့ပါတယ်။
3 hours ago | [YT] | 512
View 11 replies
MNO NEWS
ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီ အမျိူးသားများတပ်မတော် -SNA စခန်း ၃ ခုကို KIA နဲ့ PDF က သိမ်းပိုက်
1 NOVEMBER 2026
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရွာ၃ရွာနဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ အမျိူးသားများတပ်မတော် -SNA စခန်း ၃ ခုကို KIA နဲ့ PDF က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ
သတင်းရင်းမြစ်ထံမှ သိရပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရေဇလောက် ရွာ၊ရေပေါ်မီးရွာနဲ့ အဲဲ့ဒီရွာတွေနားမှာ ရှိတဲ့ SNAစခန်း ၂ ခုကို KIA နဲ့ PDF က တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ပါတယ်။
အဲ့ဒီ စခန်းတွေကို KIA၊ KPDF၊ နာဂ PDF၊ဟုမ္မလင်းမြို့နယ် ပကဖ၊ ခန္တီး PDF နဲ့ နွေဦးရောင်နီ PRF မြေပြင်ထောက်ပို့တော်လှန်ရေး အဖွဲ့မှ ရဲဘော်တွေက ပူးပေါင်းတိုက််ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ကလည်းတောင်ဦးရွာနဲ့ ရွာအနီးရှိ စစ်တပ်၊SNA ပူးပေါင်းတပ်စခန်းကို KIA က သိမ်းပိုက် နိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေအတွင်းလက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန် SNA တပ်ဖွဲ့ဝင် တချိူ့ဟာ နမ့်တောရွာနဲ့ ဟုမ္မလင်းမြို့ဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
အဲ့ဒီစခန်းက စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ အင်အားအများအပြားသုံးပြီးတပ်စွဲထား
တဲ့ စခန်းကြီး တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာတော့ KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေကြပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကြားရှိ တောင်ယာရွှေမှော် SNA တပ်စခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာ(၂၁)ရက်နေ့ကနေ (၃၀)ရက်နေ့အတွင်း တဲ့ ကသာ၊အင်းတော်၊ထီးချိုင့် ၊ကောလင်းမြို့နယ်တွေနဲ့ ဟုမ္မလင်းမြို့နယ်၊ ခန္တီး-ဟုမ္မလင်း-မန္တလေးလမ်းပိုင်းရှိ ကျေးရွာနဲ့ ကုန်သွယ်ရေးလမ်းတွေပေါ်ကို အာဏာသိမ်းစစ်တပ်က ဆက်တိုက် ဗုံးကြဲလို့ လူထိခိုက်သေဆုံးတာအပြင် မော်တော်ယာဥ်တွေပါပျက်စီးမှုရှိခဲ့ပါတယ်။
7 hours ago | [YT] | 595
View 4 replies
MNO NEWS
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား နဲ့ အဆိုတော် ချမ်းချမ်းတို့ ပူးပေါင်းပြီး အထူးဂီတ ဖျော်ဖြေပွဲ ကျင်းပ
1 NOVEMBER 2026
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာလုပ်တဲ့ အထူးဂီတဖျော်ဖြေပွဲအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် နဲ့ အဆိုတော် ချမ်းချမ်းတို့က "ခွန်အားဖြည့် မိငယ်"သီချင်းကို အတူတကွ ဖျော်ဖြေခဲ့ကြပါတယ်။
အောက်တိုဘာလ ၃၁ ရက်တုန်းက လန်ဒန်မြို့ရှိ Greenwich Borough Hall (Royal Hill, London SE10 8RE) မှာ "Kim & Chan Chan" နာမည်နဲ့ အထူးဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီပွဲကို ယူကေရောက် မြန်မာတွေ လာရောက်ခဲ့ကြပြီး ပွဲကရရှိတဲ့ ပိုက်ဆံတွေကို စစ်ဘေးရှောင်တွေအတွက် ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ကင်အဲရစ်က မိခင်ဖြစ်သူ အမြန်ဆုံး လွတ်မြောက်လာပြီး ယခုသီချင်းကို နားထောင်နိုင်ဖို့မျော်လင့်တယ်လို့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့တုန်းက မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်အခုလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာ ပထမ ဆုံးအကြိမ် ဖြစ်ပါတယ်။
ကိုထိန်လင်း(ခ)ကင်အဲရစ်က မိခင်ဖြစ်သူအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို ဆက်သွယ်ခွင့်ရရုံတင်မကဘဲ အပြီးသတ်မိခင်ဖြစ်သူအပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကိုထိန်လင်း က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
10 hours ago | [YT] | 183
View 2 replies
MNO NEWS
ကြို့ပင်ကောက်မြို့နယ်မှာ ပေါ်တာ ဆွဲဖို့ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို PDF က တိုက်ခိုက်
1 NOVEMBER 2026
ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ ပေါ်တာ ဆွဲဖို့ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ ရက်တုန်းက ဆင်ပိုက်နဲ့ ကြခတ္တန်းကြီး ရွာကြားမှာ PDF က စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးသေဆုံး ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က သေဆုံးသွားတဲ့စစ်သားတွေအလောင်းကို ပြန်သယ်ပြီး ကြို့ပင်ကောက်မြို့ဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ ၅ (BTZM-GBK-PDF) က လုပ်ဆောင်ခဲ့တာ
ဖြစ်ပါတယ်။
13 hours ago | [YT] | 194
View 3 replies
MNO NEWS
NUG ရဲ့ နွေဦးထီ ရောင်းချသူ ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးခံရ
1 NOVEMBER 2026
ရန်ကုန်မြို့မှာ NUG ရဲ့ နွေဦးထီ ရောင်းချသူ ကိုယ်စားလှယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
သူတို့ ၂ ဦးက လူမှုကွန်ရက်မှာ ပုံမှန်ပိုစ့်တင်ပြီးထီရောင်းနေသူတွေ ဖြစ်ပါတယ်။
နွေဦးထီ က NUG ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က ရန်ပုံငွေရှာဖွေဖို့ အတွက် ပြုလုပ်ထားပြီး လစဥ် ထီဖွင့်ပွဲ
ပြုလုပ်ပေးနေတာပါ။
အာဏာသိမ်းစစ်တပ်ကလည်း နွေဦးထီရောင်းသူ ၂ ဦးနဲ့ PDF ရဲမေ ၁ ဦးကိုဖမ်းမိ ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ထိန်းချူပ်ရာနယ်မြေအတွင်း နွေဦးထီရောင်းသူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားကြဖို့ ထီရောင်းတဲ့ကိုယ်စားလှယ် တွေက သတိပေးထားပါတယ်။
14 hours ago | [YT] | 93
View 7 replies
MNO NEWS
စစ်တပ်က တရုတ်နိုင်ငံသားများရဲ့ ငွေလိမ်စခန်းကိုဝင်ရောက်စီးနင်းရာမှာ တရားခံတစ်ဦးမှ ဖမ်းမိခဲ့ခြင်းမရှိ
31 October 2026
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်အနီး
တရုတ်နိုင်ငံသား ၃၀၀ ခန့်ရှိတဲ့ ကျားဖြန့်ငွေလိမ်
စခန်းကို ဝင်ရောက်စီးနင်းရာမှာ တရားခံတစ်ဦးမှ
ဖမ်းမိခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
မနေ့က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ
စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း လူမရှိ
တော့တဲ့ ကျားဖြန်စခန်းကိုသာ ဖြစ်တယ်လို့
ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
မနေ့က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ
စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း လူမရှိ
တော့တဲ့ ကျားဖြန်စခန်းကိုသာ ဖြစ်တယ်လို့
ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
မနေ့က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ
စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း လူမရှိ
တော့တဲ့ ကျားဖြန်စခန်းကိုသာ ဖြစ်တယ်လို့
ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
1 day ago | [YT] | 175
View 8 replies
MNO NEWS
ထိုင်းနိုင်ငံထံ ကျည်ထပ်ကျရင် မြန်မာဘက်ကို ပြန်ပစ်ဖို့ လက်နက်တွေအသင်ပြင်ထားဖို့ ထိုင်းစစ် ဗိုလ်ချူပ်က ညွှန်ကြားထား
31 OCTOBER 2026
မြန်မာဘက် တိုက်ပွဲတွေမှ ထိုင်းနိုင်ငံဘက်ခြမ်းကို လက်နက်ကျည် ထပ်မံကျလာရင် ပြန်ပစ်ရန်စစ်လက်နက်တွေအသင်ပြင်ထားဖို့ ထိုင်းစစ်တပ်ဗိုလ်ချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိုင်းစစ်တပ်ဗိုလ်ချူပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းစစ်စခန်းကိုသွားရောက် စစ်ဆေးခဲ့တယ်လို့ ထိုင်းစစ်တပ် က ထုတ်ပြန်ထားပါတယ်။နယ်စပ်ကင်းလှည့်တပ်ဖွဲ့တွေအနေနဲ့ မြန်မာဘက်က တိုက်ပွဲအခြေအနေကို စောင့်ကြည့်ဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဖို့
ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုချက်ချင်းတုံ့ပြန်နိုင်ဖို့ လက်နက်တွေတပ်ဆင်ထားဖို့ ထိုင်းစစ်တပ် ဗိုလ်ချူပ်က ညွှန်ကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
နယ်စပ်ရှိ ထိုင်းဒေသခံတွေရဲ့ လုံခြုံရေးကိုလည်း တပ်ဖွဲ့တွေ
အနေနဲ့ အထူးဂရုစိုက် စောင့်ရှောက်ကြဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
1 day ago | [YT] | 622
View 30 replies
MNO NEWS
ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့ ရုရှားရေနံချက်စက်ရုံ မီးလောင်
31 OCTOBER 2026
ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့ ရုရှားနိုင်ငံ ဆမာရာဒေသရှိ Novokuibyshevsk ရေနံချက်စက်ရုံ
မီးလောင်ပျက်စီးသွားပါတယ်။
အောက်တိုဘာ ၃၀ ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်ရုံဝင်းအတွင်းရှိ ရေနံသန့်စင်စက် ပျက်စီးသွားတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ရေနံချက်စက်ရုံက ရုရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ Rosneft ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပါတယ်။
ယူကရိန်းကာကွယ်ရေးကုမ္ပဏီ Fire Point ကရုရှားရေနံချက်စက်ရုံတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
1 day ago | [YT] | 131
View 2 replies
MNO NEWS
လှိုင်မြို့နယ်၊ရွာမကွေ့ မီးပွိုင့်မှာ ရှိတဲ့ စစ်တပ်ဘန်ကာကို ရေခဲတင်ကားက ဝင်တိုက်
31 OCTOBER 2026
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ရွာမကွေ့ မီးပွိုင့်မှာ ရှိတဲ့ စစ်တပ်ဘန်ကာကို ရေခဲတင်ကားက ဝင်တိုက်လို့ ဘန်ကာ ပျက်စီးသွားခဲ့ပါတယ်။
အောက်တိုဘာလ ၃၀ ရက်၊ မနက်၇ နာရီခန့်မှာ ရေခဲတင်ကားက အရှိန် မထိန်းနိုင်ခဲ့ ဝင်တိုက်ခဲ့တာလို့ ဒေသခံ
တွေက ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီရေခဲတင်ကားက Taxi တစ်စီးကိုလည်း တိုက်မိခဲ့ပါတယ်။
အဲ့ဒီ ကားတိုက်မှုအတွင်း လူ ထိခိုက်မှုမရှိခဲ့ပေမယ့် ရေခဲတင်ကားနဲ့ Taxi လည်း ပျက်စီးသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ရေခဲတင်ကားမောင်းလာတဲ့ကားသမားကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
1 day ago | [YT] | 88
View 2 replies
MNO NEWS
မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း စစ်တပ် ဒုတပ်ရင်းမှူး နဲ့ စစ်သား ၂၀ ဦးထက်မနည်းထိခိုက် သေဆုံး
31 OCTOBER 2026
ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်းKIA ရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ် ဒုတပ်ရင်းမှူး နဲ့ စစ်သား ၂၀ ဦးထက်မနည်းထိခိုက် သေဆုံးခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်မှာ စစ်တပ်ကမြစ်ဆုံ-ငဦး လမ်းကို စစ်ကြောင်းထိုးလာလို့ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်တပ်က မိုးမိတ်မြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွား တယ်လို့ သိရပါတယ်။
ဒါ့အပြင် သေသွားတဲ့ စစ်သားတွေဆီကနေလက်နက်ခဲယမ်းတွေကိုလည်း KIA က သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲတွေဖြစ်နေလို့ မိုးမိတ်-တွင်းငယ်လမ်းကို ဒေသခံတွေ အသွားအလာအဆင်ခြင်ကြဖို့ KIA က သတိပေးထုတ်ပြန်ထားပါတယ်။
1 day ago | [YT] | 98
View 1 reply
Load more