Myanmar People Spring Revolution

❤️နွေဦးတော်လှန်ရေးတွင် ဖိနှိပ်ခံ လူထုဖက်မှ ရရာနည်းလမ်းဖြင့်တော်လှန်မည်။
❤️နွေဦးတော်လှန်ရေးတွင် မိမိကိုယ်ကျိုးအတွက် အနစ်နာခံခဲ့သော အမိန့်မနာခံဖီဆန်ခဲ့သော လူထု ဖက်တွင် ရပ်တည်မည်။
❤️အနစ်နာခံ ပေးဆပ်ခဲ့သော သူရဲကောင်းမျနှင့်တကွ အနစ်နာခံ ပေးဆပ်ခဲ့သော လူထု အတွက် ကျွန်ုပ်တို့ ရပ်တည်မည်။
❤️Like & Subscribe ဖြင့် အနစ်နာပေးဆပ်ခဲ့သောသူရဲကောင်းများအား ဂုဏ်ယူစွာဖြင့်ထောက်ပို့နိုင်ပါသည်။


Myanmar People Spring Revolution

ရှင်မကန်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

ရန်ကုန်၊ ဇွန် ၂၅

မကွေးတိုင်း၊ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စု ရှင်မကန်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ မိနစ်၂၀ အချိန်တွင် ရှင်မကန်ပျူစောထီးရွာကို လက်နက်ကိုင် တော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ရှင်မကန်ပျူစောထီး ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း သိရှိရသည် ။

အဆိုပါ တိုက်ပွဲတွင် ကာဘိုင်အမျိုးအစား သေနတ် ၄ လက် ၊ ဘီအေ(63) အမျိုးအစား သေနတ် ၁ လက် ၊လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး ၊ လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့ကာ သုံ့ပန်း ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ထံမှ သိရှိရသည်။

ရှင်မကန် ပျူစောထီးရွာတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)အပါဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မြိုင် ပကဖ၊ဓါးမင်းကြီး တပ်ဖွဲ့၊MCKC PDF၊King Fighter (SGF)၊BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊PDF Kamma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊Pauk ပကဖ Drone Team၊7 star ( မြိုင် ပကဖ)၊ဗိုလ်စနေ အဖွဲ့၊Red Giantနဂါးနီ ၊ကမ္မတော်လှန်ရေးတပ်ဦး KMRFတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဧရာဒေါင်းတပ်ဖွဲ့က ရဲဘော် ဟီးရိုးလည်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။
‪@myanmarpeoplespringrevolution‬
#whatishappeninginmyanmar

2 years ago | [YT] | 180

Myanmar People Spring Revolution

ရေဦးမြို့နှင့် ရေစကြို မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရေဦးမြို့ မြောက်ဘက် အထွက် ဂိတ်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး BE တပ်သားတစ်ဦးနှင့် ပျူစောထီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဇွန်လ ၁၃ ရက်နေ့တွင် ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ လက်နက်ငယ်တွေနဲ့တော့ ပြန်ပစ်တာရှိတယ်။ ကျနော်တို့ ဘက်ကတော့ ပျက်စီးမှု၊ ထိခိုက်မှုမရှိပါဘူး။ ဇွန်လ ၁၃ ရက်နေ့က တိုင်းရင်းဆေးရုံမှာ ဒရုန်းနဲ့ ချလိုက်တာနဲ့ ၃ ကောင်သေတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အထိုင်စခန်းများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force - UG အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပြည်သူ့စစ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးကျော် ပစ်ခတ်ခဲ့ပြီး ပစ်မှတ်နေရာများကို ကျရောက်ပေါက် ကွဲခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းအလံလွှင့်မည့် စေတမာန်၊ ဒေါင်းသွေးနီ နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ မှ Taty-Pku PDF ၊ Pakokku Underground Force ၊ Cobra One (Pakokku ) ၊ Young Force - UG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#CRD-Khit Thit Media

2 years ago | [YT] | 54