Akayar

မြန်မာလက်ဝှေ့လောကအတွက် သိသာတဲ့ အရွေ့ဖြစ်လာနိုင်တဲ့ LFC

ရှေ့လထဲမှာ လက်ဝှေ့ဖိုက်တင်း ချန်ပီယံရှစ် (LFC)ကို ရန်ကုန်မြို့ Hexagon Complex မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ရှိနေပါတယ်။ ဒီပွဲဟာ မြန်မာလက်ဝှေ့လောကရဲ့ အရွေ့ဖြစ်လာနိုင်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ ရန်ကုန်မြို့ Hexagon Complexမှာ ကျင်းပမယ့် "LFC 1: The Legacy Begins ပြိုင်ပွဲကြီးက အဆင့်သင်ဖြစ်နေပါပြီ။ ပြည်တွင်းက ထိပ်တန်း ရိုးရာလက်ဝှေ့ဖိုက်တာတွေနဲ့ ပြည်ပက လက်ဝှေ့ဖိုက်တာပေါင်းများစွာနဲ့အတူ ခေတ်သစ်တစ်ခုကို စတင်တော့မှာပါ။

အချိန်တစ်ခုနဲ့ အရှိန်ယူပြီး ပရိတ်သတ် ဝန်းရံမှုတွေ အားကောင်းလာရင် LFCအနေနဲ့ ဒေသတွင်း ပြိုင်ဘက် One Championship ကိုတောင် စိန်ခေါ်လာနိုင်ပါတယ်။ ရိုးရာ လက်ဝှေ့ကို ကမ္ဘာ့စင်မြင်ပေါ်ထိ တင်ဆက်နိုင်မှာဖြစ်ပြီး လက်ဝှေ့လောကအတွက် သိသာတဲ့ အရွေ့တစ်ခု ဖြစ်လာမှာပါ။

#LFC #LFC1 #Lethwei #Myanmar #Nickchapman

9 hours ago | [YT] | 13

Akayar

ဂျပန်ကွင်းလယ်လူ ဟာနာကို ဖူဂျီကို ခေါ်ယူလိုက်တဲ့ ဧရာဝတီအမျိူးသမီးအသင်း

ဧရာဝတီအမျိူးသမီးအသင်းဟာ နောက်ထပ်အင်အားဖြည့်တင်းမှုအနေနဲ့ ဂျပန်ကွင်းလယ်လူ ဟာနာကို ဖူဂျီကို ခေါ်ယူလိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ ချီဘားမြို့ပြမှ ထွက်ပေါ်လာခဲ့သူ တက္ကသိုလ်အဆင့် ဘောလုံးကစားသမား ဟာနာကို ဖူဂျီဟာ အမေရိကန်ပြည်ထောင်စု Florida International University (FIU) Panthers အမျိုးသမီး ဘောလုံးအသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင်အဖြစ် ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။

တိုကီဝါဂီ ဂါကူအင် အထက်တန်းကျောင်းမှ စတင်ခဲ့တဲ့ သူမရဲ့ ဘောလုံးခရီးလမ်းဟာ အမေရိကန် NCAA Division I အဆင့်အထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ မှ ၂၀၂၅ ခုနှစ်အထိ FIU အသင်းအတွက် မရှိမဖြစ် ကွင်းလယ်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

သူမရဲ့ ဦးဆောင်မှုနဲ့အတူ Panthers အသင်းဟာ Conference USA (CUSA) ရဲ့ ပုံမှန်ရာသီနဲ့ စိန်ခေါ်ပြိုင်ပွဲ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့သလို၊ စာပေသင်ကြားမှုအပိုင်းမှာလည်း ထူးချွန်တာကြောင့် CUSA Commissioner's Honor Roll စာရင်းမှာ ပါဝင်ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

#HanakoFujii #Ayeyawadyfc #Myanmar #MFF #Football

9 hours ago | [YT] | 26

Akayar

ဂျပန်နောက်ခံလူ တာကေဒါကို ခေါ်ယူလိုက်တဲ့ ရတနာပုံ အမျိူးသမီးအသင်း

မြန်မာအမျိူးသမီးလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရတနာပုံ အမျိူးသမီးအသင်းဟာ ဂျပန်ထိပ်တန်းနောက်ခံလူ အရိဆာ တာကေဒါကို ခေါ်ယူလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘယ်နောက်ခံလူနဲ့ ဗဟိုနောက်ခံလူ တာကေဒါဟာ ဂျပန်နိုင်ငံ Kibi International University တွင် တက္ကသိုလ်အဆင့် ဘောလုံးပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ပြီးနောက် နယူးဇီလန်သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

သူမဟာ ၂၀၁၉ မှ ၂၀၂၅ ခုနှစ်အထိ Western Springs AFC အသင်းတွင် ရာသီအတော်များများ ပုံမှန်ခြေစွမ်းပြ ကစားခဲ့ပြီး ၂၀၂၆ ရာသီတွင် Ellerslie AFC အသင်းသို့ ပြောင်းရွှေ့ကာ ပထမဆုံးရာသီမှာပင် အသင်းရဲ့ အဓိက ဒေါက်တိုင်အဖြစ် အောင်မြင်စွာ ခြေစွမ်းပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

#ArisaTakeda #YDNB #Myanmar #MFF #Football

13 hours ago | [YT] | 17

Akayar

ကစားသမားသစ်တွေ ပွဲထွက်ကစားခဲ့ကြတဲ့ ဧရာဝတီအသင်းရဲ့ ခြေစမ်းပွဲ

မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အကြိုအဖြစ် ဧရာဝတီအသင်းနဲ့ သစ္စာအားမာန်အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲကို သန်လျင်မြို့နယ်ရှိ Star City ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

အမေရိကန် ကစားသမား မက်ကန်နာအပြင် ဒီစျေးကွက်မှာ ခေါ်ယူထားတဲ့ ဂျပန်ကစားသမားသစ်တွေ ဧရာဝတီအသင်းအတွက် ပွဲထွက်ကစားခဲ့ကြပါတယ်။

မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့ ပွဲစဉ်များကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြန်လည် စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။

#Hinari #Miyamoto #WELeague #Ayeyawadyfc #MWL #Phyuphyuwin

13 hours ago | [YT] | 24

Akayar

အမေရိကန် အိမ်မက်အားလုံးကို လွှတ်ချပြီး မြန်မာလက်ရွေးစင်အသင်းအတွက် ပြည်တော်ပြန်ခဲ့သူ အောင်သိုက်ထွန်း

ဒီရက်ပိုင်း မြန်မာ့ဘောလုံးလောက အသိုင်းအဝိုင်းမှာ နာမည်ကြီးနေတဲ့ သတင်းကတော့ အောင်သိုက်ထွန်းအကြောင်းပါ။ ဒီချာတိတ်လေးက အမေရိကန်မှာ ပညာသင်ယူရင်း ပရိုကစားသမားအဖြစ် အမေရိကန် Division 3မှာ ကစားနေခဲ့တာပါ။

လက်ရှိမှာတော့ အောင်သိုက်ထွန်းက မြန်မာနိုင်ငံကို ခြေစွမ်းစမ်းသပ်ခံဖို့ ရောက်ရှိလာပါပြီ။ အောင်သိုက်ထွန်းက သူ့ရဲ့ ဗီဒီရိုဖိုင်တွေကို နည်းပြကြီး အန်ဒါဆန်ဆီကို ပေးပို့ခဲ့ပြီး နည်းပြကြီးက သဘောကျလို့ ခြေစွမ်းစမ်းသပ်ဖို့ ခေါ်ယူလိုက်တာပါ။

မီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ အောင်သိုက်ထွန်းက မြန်မာလက်ရွေးစင်အသင်းကြီးအတွက် ကစားပေးဖို့က အိမ်မက်ဖြစ်ပြီးတော့ သူ့အနေနဲ့ ၇နှစ်ကြာမှ မြန်မာနိုင်ငံကို ပြန်လည်ခြေချခဲ့တာဖြစ်ကြောင်း ၊ ပညာရေးနဲ့ အိမ်မက်တွေကို စွန့်လွှတ်ပြီးတော့ ပြည်တော်ပြန်လာခဲ့ကြောင်း ဖွင့်ဟသွားခဲ့တာပါ။

#Aungthiketun #Myanmar #JørnAndersen #MFF #Football

21 hours ago | [YT] | 61

Akayar

ကျော်စွာဝင်းပွဲ လာတော့မယ်လို့ အချက်ပေး ခေါင်းလောင်းထိုးလိုက်တဲ့ စတမ့် ဖဲတက်စ်

နာမည်ကြီး ထိုင်းစူပါဖိုက်တာ စတမ့် ဖဲတက်စ်ကတော့ မကြာခင်မှာ ရိုးရာကျား ကျော်စွာဝင်းရဲ့ ပွဲလာတော့မယ်လို့ အချက်ပေး ခေါင်းလောင်းထိုးလိုက်ပါတယ်။

စတမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ကျော်စွာဝင်းနဲ့ ပုံကို တင်လာပြီး ကျော်စွာဝင်း ပွဲလာတော့မယ် ၊ နီးကပ်နေပြီဆိုတဲ့ စာသားနဲ့ အချက်ပေးလိုက်တာပါ။

ကျော်စွာဝင်းက မကြာခင်ကဘဲ Oneရဲ့ ထိုးပွဲဆိုင်ရာ စာချူပ်မှာ လက်မှတ်ထိုးထားသူပါ။ ပြိုင်ဘက်က ဘယ်သူလဲ ၊ ဘယ်နေ့မှာ ပွဲထိုးသွားမလဲဆိုတာတော့ တရားဝင် မကြေငြာရသေးပါဘူး။ စတမ့်ရဲ့ ပို့စ်အရတော့ ကျော်စွာဝင်းရဲ့ပွဲက တစ်ဖြည်းဖြည်းချင်း နီးကပ်လာနေပါပြီ။

#Stampfairtex #KSW #Kyawswarwin #Onechampionship #Muaythai

21 hours ago | [YT] | 28

Akayar

အမေရိကန်လိဂ်မှ ညာနောက်ခံလူ အောင်သိုက်ထွန်း လက်ရွေးစင်အသင်းမှာ ခြေစွမ်းစမ်းသပ်ဖို့ ရန်ကုန်ကို ရောက်ရှိလာ

အမေရိကန် US Division-3 လိဂ်မှာ သွားရောက်ကစားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ညာနောက်ခံကစားသမား အောင်သိုက်ထွန်းဟာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွင် ခြေစွမ်းစမ်းသပ်ခံရန်အတွက် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

အောင်သိုက်ထွန်းကို မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂျွန်အန်ဒါဆန်က လာမယ့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားမည့် FIFA နိုင်ငံတကာ ခြေစမ်းပွဲစဉ်များအတွက် ခေါ်ယူစမ်းသပ်ခြင်း ဖြစ်ပါတယ်။

အောင်သိုက်ထွန်းကလည်း လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခွင့်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည်လို့ ပြောကြားသွားခဲ့ပါတယ်။

#Aungthiketun #Myanmar #JørnAndersen #MFF #Football

1 day ago | [YT] | 45

Akayar

ရတနာပုံအမျိုးသမီးအသင်းရဲ့ နိုင်ငံခြားသား ကစားသမား (၃) ဦး စာချုပ်သက်တမ်း ကုန်ဆုံးပြီး တရားဝင်ထွက်ခွာ

ရတနာပုံ အမျိုးသမီးဘောလုံးအသင်းရဲ့ ကစားသမားများဖြစ်ကြသည့် ပေါ်လင်း ၊ မာရီနဲ့ ဘီယန်ကာတို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်ပြီး အသင်းမှ တရားဝင် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ကစားသမား (၃) ဦးဟာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစပြီး ပရော်ဖက်ရှင်နယ် စိတ်ဓာတ်အပြည့်နဲ့ လေ့ကျင့်ရေးနဲ့ ပွဲစဉ်တိုင်းတွင် အသင်းအတွက် စွမ်းစွမ်းတမံ ကူညီပေးခဲ့ကြသူများ ဖြစ်ပါတယ်။

ရတနာပုံအသင်းက အသင်းအတွက် အမှတ်တရကောင်းများနှင့် အကျိုးပြုမှုများစွာ ဆောင်ရွက်ပေးခဲ့သည့်အတွက် ကစားသမား (၃) ဦးစလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် ကစားသမားဘဝ ခရီးလမ်းတွင် အောင်မြင်မှုများရရှိရန် ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

#PaulineSan #BuenaventuraMari #LayacanBiancaSy #Yadanarbon #Football #Myanmar

1 day ago | [YT] | 18

Akayar

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းမယ့် အမေရိကန် ကစားသမားက ဘယ်သူဖြစ်မလဲ ?

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အမေရိကန်လိဂ်ရဲ့ တတိယတန်း ကလပ်မှာ ကစားနေတဲ့ ကစားသမားတစ်ဦးဟာ မြန်မာ့လက်ရွေးစင်အမျိူးအသားအသင်းနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

ဒီကစားသမားကို မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချူပ် အန်ဒါဆန်ကိုယ်တိုင်က သဘောကျလို့ ခေါ်ယူခဲ့တာလို့ ကနဦး သိရပါတယ်။ ကစားသမားဖြစ်သူက ဘယ်သူလဲ ၊ မြန်မာနိုင်ငံကို ဘယ်အချက်တွေကြောင့် ကိုယ်စားပြုခွင့်ရနေလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

#Myanmar #MFF #JørnAndersen #USA #Football

1 day ago | [YT] | 12

Akayar

ပထမဆုံးအကြိမ်အဖြစ် MMAပွဲစဉ်ကို စတင် ကစားသွားတော့မယ့် မွေထိုင်း ကမ္ဘာ့ချန်ပီယံ ဟယ်လင် ရိုဒရီဂတ်ဇ်

ONE Championship ရဲ့ အမျိုးသမီး အက်တမ်ဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံ အယ်လစ်စီယာ ဟယ်လင် ရိုဒရီဂတ်ဇ်ဟာ ပထမဆုံးအကြိမ်အဖြစ် MMAပွဲစဉ်ကို စတင် ကစားသွားတော့မှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပမယ့် The Inner Circle 39 ပြိုင်ပွဲကြီးမှာ သူမဟာ ပြင်သစ်နိုင်ငံသူ ဖိုက်တာ ရှာလော့ ပေဒ်နဲ့ အက်တမ်ဝိတ် MMA ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မွေထိုင်းလောကမှာ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်ထားတဲ့ ချန်ပီယံကြီးအနေနဲ့ MMA သံဇကာအတွင်းကို ပထမဆုံးအကြိမ် ခြေချလာမယ့် အဆိုပါ ပွဲစဉ်ကတော့ အတော်လေး စိတ်လှုပ်ရှားစောင့်ကြည့်စရာ ဖြစ်လာနေပါပြီ။

#AllyciaHellenRodrigues #CharlottePaide #MMA #TheInnerCircle39

1 day ago | [YT] | 20