Luai Gyi Channel

ENTERTAINMENT &COMEDY &SHARING


Luai Gyi Channel

သူ့ကိုမုန်းနေတဲ့သူတွေကို IG ကနေ ခပ်ချေချေပဲ ဆော်ထည့်သွားတဲ့ ဂျော့ရှူအာဗန်
**********
UFC ဖလိုင်းဝိတ်ချန်ပီယံဂျော့ရှူအာဗန်ကတော့ ပရိသတ်တွေကြားမှာ လူမုန်းများတဲ့သူတစ်ယောက်မဟုတ်ပေမယ့် သူ့ရဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ အနေအထားကိုမနာလိုဖြစ်ပြီး ကျိတ်မနိုင်ခဲမရမုန်းတီးနေတဲ့သူ တချို့တော့ရှိနေပါတယ်။

ဒီလိုမျိုး သူတို့ကိုယ်တိုင်မရောက်နိုင်တဲ့ နေရာတစ်ခုကို ရောက်နေလို့ မနာလိုဝန်တိုဖြစ်နေကြတဲ့သူတွေကို ဗန်က သူ့ရဲ့ IG အကောင့်ကနေတစ်ဆင့် အခုလိုပဲပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုသွားခဲ့တာပါ။

"မင်းတို့ ငါ့ကိုမကြိုက်ဘူးဆိုရင်လည်း အသက်ကိုပြင်းပြင်းရှူသွင်းပြီး ပြန်ထုတ်လိုက်ပါ။ ဒီထက်ပိုပြီးတော့ မင်းတို့လုပ်နိုင်တာဘာမှမရှိပါဘူး" ဆိုပြီး သူ့ကိုမုန်းနေသူတွေကိုဂရုမစိုက်ကြောင်း စကားလုံးလှလှလေးနဲ့ အရှိုက်ထိအောင် ဆော်ထည့်သွားခဲ့ပါတယ်။

#ဂျိုရှူအာဗန် #ufc #joshuavan

19 hours ago | [YT] | 2

Luai Gyi Channel

Manel Kape က ကျွန်တော့်ကို ထိုးဖို့ နှစ်ကြိမ်တောင် ငြင်းခဲ့တယ်

Manel Kape က ခုရက်ပိုင်း Joshua Van ကို Social Media မှာ လူသိရှင်ကြား စိန်ခေါ် နေတာပါ။ ဒါပေမယ့် Van နဲ့ တကယ်ထိုးဖို့ ကမ်းလှမ်းတာကို နှစ်ကြိမ်တိုင်တိုင် ငြင်းခဲ့ဖူးတဲ့အကြောင်း Joshua Van က Outta Pocket RG3 နဲ့ အင်တာဗျူးမှာ ထုတ်ပြောလာတယ်။

"သူက လျှောက်ပြောနေတာဗျ၊ ကျွန်တော့ကို စိန်ခေါ်တာတွေ လုပ်တယ်။ တကယ် ပွဲချိတ်ပေးတော့ ပထမအကြိမ်မှာ သူက ငြင်းတယ်။ ကျွန်တော်က အဲဒီအချိန်က ချန်ပီယံ ဖြစ်နေပြီးသား၊ (၃) ပတ် ကြိုပြောရင်တောင် ကျွန်တော်က ထိုးမယ်လို့ ပြောခဲ့တာ။ ပြီးတော့ သူက ငြင်းတယ်။ နောက်တစ်ကြိမ် ဧပြီလမှာ ပြန်တည်ပေးတဲ့အခါ သူ နောက်တစ်ခါ ထပ်ငြင်းတယ်"

"အဲဒါက ကိုယ်က လျှောက်စိန်ခေါ်ပြီးမှ တကယ်တည်ပေးတော့ ဘာလို့ ငြင်းတာလဲ"

"အိုကလာဟိုမားမှာ ဆုံတုန်းက ကျွန်တော် သူ့ဆီ သွားပြီး "ဟေ့ကောင် ဘယ်လိုနေလဲ" လို့ မေးခဲ့တယ်။ သူကတော့ ကျွန်တော့ကို ကြောက်လို့ မဟုတ်ဘဲ ဝိတ်ကြောင့်ပါလို့ ပြောတယ်။ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကို စိန်ခေါ်ပြီဆိုရင်တော့ အဲဒီဝိတ်ကို ရအောင်တော့ လုပ်ရမှာပေါ့"

ဒါကို ကြည့်ရင် Joshua Van နဲ့ Manel Kape ဘယ်သူက သွေးကြောင်နေလဲ ဆိုတာ မြင်သာပါတယ်။

နောက်ဆက်တွဲအနေနဲ့ Van ကို နောက်ပွဲမှာ ဘယ်သူနဲ့ တွေ့ချင်လဲ အမေးကိုတော့ ဖြေသွားတာ ရှင်းရှင်းလေးပါ။

Manel Kape ပါပဲ.....

20 hours ago | [YT] | 0

Luai Gyi Channel

ဒေနာဝှိုက် ကိုယ်တိုင် ဗန် ရဲ့ နောက်ထပ် ပြိုင်ဘက်သစ် ဘယ်သူ ဖြစ်မလဲဆိုတာ ပရိသတ်တွေဆီ မေးမြန်းလိုက်ပါပြီ

UFC ဘက်က အာလ်မာဘာယက်ဗ် ရွိုင်ဗယ်လ်နဲ့ မာနယ်လ်ကိတ် တို့လို ထိပ်တန်း သုံးယောက်ကို ပစ်မှတ်ထားပြထားတာပါ

ဒီအထဲမှာ စကားများပြီး ရမ်းကားတတ်တဲ့ မာနယ်လ်ကိတ်နဲ့ ထိတွေ့ဖို့ ရာခိုင်နှုန်း အမြင့်ဆုံးအဖြစ် အားလုံးက ရည်ရွယ်ထားကြပါတယ်

မာနကြီးလှတဲ့ ကိတ်ရဲ့ ပါးစပ်ကို ဗန် ရဲ့ ကြမ်းတမ်းလှတဲ့ လက်သီးချက်တွေနဲ့ ပိတ်ပစ်မယ့်ပွဲ ဟာ ပရိသတ်တွေ အမျှော်လင့်ဆုံး တိုက်ပွဲပါပဲ

နပန်းစွမ်းရည် ထက်မြက်တဲ့ အာလ်မာဘာယက်ဗ် ဒါမှမဟုတ် ကလဲ့စားချေပွဲ ဖြစ်လာမယ့် ရွိုင်ဗယ်လ် တို့ထက် ကိတ်နဲ့ တွေ့ဆုံမှုက ပိုမို ပွဲဆူစေမှာ ဖြစ်ပါတယ်

ဗန် ရဲ့ လျှပ်စစ်လို မြန်ဆန်လှတဲ့ တိုက်ကွက်တွေနဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ် ကြောင့် ဘယ်ပြိုင်ဘက်ပဲ လာလာ ဒူးထောက်သွားမှာ သေချာနေတာပါ

ဒေနာဝှိုက် ခင်းကျင်းပေးမယ့် ဒီတိုက်ပွဲ ဟာ ဖလိုင်းဝိတ်တန်းတစ်ခုလုံးကို လှုပ်ခါသွားစေမယ့် အပြတ်ရှင်းပွဲစဉ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
#joshuavan

1 day ago | [YT] | 4

Luai Gyi Channel

ချန်ပီယံကို ထိရင် လုံးဝငြိမ်မခံတဲ့ နည်းပြဆရာများ

မာနယ်ကိတ်က DC နဲ့ အင်တာဗျူးမှာ
ချန်ပီယံ JoshuaVan ကို တော်တော်ကြီးကို
အထင်သေးပုံနဲ့လေကြီးလေကျယ်တွေ ပြောဆိုသွားတာပါ

မာနယ်ကိတ်ရဲ့လေလုံးတွေက ကြီးလွန်းလို့
မေးတဲ့သူတောင် ပါစပ်အဟောင်းသားနဲ့
လက်မြှောက်ထားရပါတယ်
သူ့ကိုသူ UFC မှာအကောင်းဆုံးပဲ
JoshuaVan ထပ် သူက တဆင့်သာတယ်
Van ရဲ့ လက်သီးတွေက နှေးကွေးတယ်
သူအနေနဲ့ Van ကို ပထမအချီမှာပဲ ပွဲသိမ်းနိုင်တယ်
ဒီလိုမျိုးတွေ အစုံပလုံပြောဆိုသွားတာပါ

ဒီအင်တာဗျူးရဲ့အောက်မှာ ချန်ပီယံကြီးရဲ့
နည်းပြဆရာကြီး ဖရန့်က UFC လား KFC လား
ဆိုပြီး TikTok မှာ ချန်ပီယံကို အမြဲတမ်း
Live လွှင့်ပေးတဲ့တစ်ယောက်ကို မန့်ရှင်းခေါ်ပြီး
ပြောခဲ့တာပါ
ချန်ပီယံအဖွဲ့အစည်းက အင်မတန်စည်းလုံးတယ်

ဟိုတလောကလည်း ဘရာဇီးက ဦလေးကြီး
ဝိတ်တန်းဆင်းပြီး Van နဲ့ထိုးချင်တယ်ဆိုပြီး
စိန်ခေါ်တုန်းကလည်း ဆရာဖရန့်ကပဲ
မဖြစ်နိုင်တာတွေမပြောပါနဲ့ ပေါက်ကတွေဆိုပြီး
ဒဲ့ပြန်ဆော်ချခဲ့တာပါ

ချန်ပီယံကြီးကိုထိရင် ဆရာကြီးတွေနဲ့အရင်ငြိမှာဗျ
မာနယ်ကိတ်ဆိုတဲ့ လေအိုးကြီးရေ
UFC လား KFC လား စောင့်ကြည့်မယ်နော်

#JoshuaVan #UFC

2 days ago | [YT] | 6

Luai Gyi Channel

အခုမှ UFCမှာ၂ပွဲလေးနိုင်ပီး ဗန်ကို ပြောတဲ့စကားက အကြီးကြီးပဲဟ ဒီမက်ဆီကန်သား ရိုဒရီဂွက်စ်က မနက်ကပွဲပီးအင်တာဗျူးမှာ ဟေ့ ဂျော့ရှူအာဗန် မင်းသူငယ်ချင်းကိုတော့ အလဲသိပ်ပီးပီ မကြာခင်မင်းအလှည့်လာမယ်ဆိုပီးအာချောင်သေးတာ🤣🤣

ညီလေး တန်းစီကွာ ဗန်က မင်းထက် Level မြင့်တယ်😏
@top fans
#follower

1 week ago | [YT] | 4

Luai Gyi Channel

ခါးပတ်ကြီးနဲ့ အားကစားကွင်းထဲ ရောက်လာတဲ့
ချန်ပီယံ Joshua Van

UFC Flyweight ချန်ပီယံ Joshua Van က
ဆရာ Daniel Pineda နဲ့အတူ ချန်ပီယံခါးပတ်ကြီးကို ကိုင်ဆောင်ပြီး Reliant Stadium အားကစားကွင်း
ရောက်ရှိနေတာပါ
ပုံမှာ Game Day လို့လည်း ရေးထားပါတယ်။

မြန်မာနိုင်ငံမှာမွေးဖွားပြီး အမေရိကန်နိုင်ငံ
Houston မြို့မှာ ကြီးပြင်းလာခဲ့တဲ့
JoshuaVan က UFC မှာ ချန်ပီယံဖြစ်လာပြီးနောက်
Texas ပြည်နယ်၊ Houston မြို့ရဲ့ ဂုဏ်ဆောင်ချန်ပီယံ
အဖြစ်လည်း ပိုမိုထင်ရှားလာခဲ့ပါတယ်။

ဆရာဖြစ်သူကလည်း ပထမဆုံး UFC ဖိုက်တာ
တပည့်ကတော့ ချန်ပီယံပါ ဖြစ်သွားပြီလေ

ချန်ပီယံကြီး ပြောဖူးပါတယ်
Houston က သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တာ
အဲ့ကလူတွေကလည်း အရမ်းချစ်ပေးကြတယ်
အားပေးကြတယ်တဲ့

မြန်မာ့အလံကို ကိုယ်စားပြုပြီး UFC စင်မြင့်ပေါ်မှာ အောင်မြင်မှုတွေ ရယူနေသလို၊
သူကြီးပြင်းလာတဲ့ Houston မြို့ရဲ့ ဂုဏ်ကိုလည်း ဆောင်ပေးနေတဲ့ ချန်ပီယံကြီးပါ

သူ့ရဲ့ MMA ခရီးစဉ်အစကနေ
ယနေ့ ချန်ပီယံဖြစ်လာတဲ့အထိ
အနီးကပ်လမ်းပြပေးခဲ့တဲ့ ဆရာ Daniel ကလည်း
JoshuaVan ရဲ့ဘေးမှာ အတူရှိနေပါတယ်
ဒီလိုအထူးပွဲတွေသွားရင် ဆရာနဲ့အတူသွားတာများတယ်

ဆရာတပည့်တွေ အရမ်းမိမိုက်နေတယ်ဗျို့

#JoshuaVan #MMA #UFC #FanPage

2 weeks ago | [YT] | 5

Luai Gyi Channel

စင်ပေါ်မှာ လက်ခမောင်းခက်တာနဲ့ လုံချည်ကို အသုံးပြုဖြစ်မှာ မဟုတ်ဘူးလို့ ဗန်က ပြောလိုက်ပါတယ်

ချန်ပီယံ တစ်ယောက်ဖြစ်ပေမယ့် အမေနဲ့ တစ်အိမ်တည်း တူတူနေပြီး အမေ့ရဲ့ စည်းကမ်းတွေကို ဘယ်လို လိုက်နာရလဲလို့ ဗန်ကို မေးတဲ့အခါ

ကျွန်တော့်အမေ စည်းကမ်းကတော့ စောစောထ

ကျွန်တော် ဘယ်သွားမလဲဆိုတာ အမေ့ကိုပဲ update လုပ်ရတယ်

အပြင်သွားမယ် ဒီအချိန်မှာ ပြန်လာမယ် အဲ့လို့ ပြောရတယ်

----------

ဗန်ကို မြန်မာတစ်နိုင်ငံလုံး သက်ကြီးရွယ်အိုတွေပါမကျန် အားပေးကြတော့ UFC စင်မြင့်ထက်မှာ ဗန်ရဲ့ မင်္ဂလာပါ လို့ ပြောတဲ့အသံကို ကြားချင်တယ်လို့ မေးတဲ့အခါ ဗန်က

အိုကေ.. ကျွန်တော်တို့ ကြားရမှာပါ လို့ ပြောခဲ့ပါတယ်

----------

စင်ပေါ်မှာ မြန်မာ့ရိုးရာလက်ဝှေ့ လက်ခမောင်းပုံစံကို ဗန်ရဲ့ အမှတ်အသားအနေနဲ့ လုပ်ဖို့ရှိလားလို့ ဗန်ကို မေးတဲ့အခါ

ကျွန်တော်က ကျွန်တော့် စတိုင်ရှိတယ်

အဲ့ဒါကြောင့် ကျွန်တော် မပြောင်းချင်ဘူး

ကျွန်တော်က မြန်မာကို ကိုယ်စားပြုတာပါ

ဒါပေမယ့် မြန်မာ့ လက်ခမောင်း မခတ်တာက မြန်မာကို ကိုယ်စားမပြုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး

ကျွန်တော့်ရဲ့ စတိုင်ကို အများကြီး မပြောင်းချင်လို့ပါ

-------

ပန်တိုဂျာနဲ့ မကြေပွဲမှာ ဗန်ဝိတ်ချထားတဲ့အပေါ် ပရိတ်သတ်တွေက စိုးရိမ်ကြတယ်လို့ မေးတဲ့အခါ

ဝိတ်ချတာက တက်ဆူရိုတိုင်ရာပွဲထက် ပိုလွယ်တယ်

ဒါပေမယ့် ကျွန်တော်က ဝိတ်ချတာပြီးပြီဆိုတော့ အိပ်နေတာ

သူတို့က ဗန်ရေ ထတော့ မင်းဝိတ်သွားချိန်ရတော့မယ်လို့ ပြောမှ ကျွန်တော် ဝိတ်သွားချိန်တာ

ကျွန်တော့် နှုတ်ခမ်းတွေက အရမ်းခြောက်နေတာကြောင့် တော်တော်ကြည့်ရဆိုးသလို ဖြစ်သွားတယ်

-----------

ချန်ပီယံ ခါးပတ်ထပ်ကာကွယ်ထားတော့ UFC က ခါးပတ်မှာ ပတ္တမြား ထပ်ပြီး တပ်ပေးလိုက်ပြီလားလို့ မေးတဲ့အခါ

ကျွန်တော်က ခါးပတ်ကို UFC ကို ပို့ပေးရမှာ ဒါပေမယ့် ကျွန်တော် မေ့သွားတယ်

ကျွန်တော် ဒီတခေါက် ပြန်သွားမှ ယူသွားတော့မယ်

အမှန်ဆို ပတ္တမြား ၃ လုံးရှိရတော့မှာ

ကျွန်တော့်မှာ အခု ၁ လုံးပဲ ရှိသေးတယ်

ဒါမှမဟုတ် မာနယ်ကပ်ကို အနိုင်ယူပြီးမှ ပတ္တမြား ၄ လုံး တခါတည်း ထည့်တော့မယ်

-----------

နောက်လာမယ့် fight week ပွဲတွေမှာ ပုဆိုးတွေ ဘာတွေ ဝတ်ဖို့ရှိလားလို့ မေးတဲ့အခါ ဗန် က

UFC က အရမ်း စည်းကမ်းတင်းကျပ်တယ်

ONE Championship လို ဝတ်တက်ဖို့ အဆင်မပြေဘူး

Weigh-in ဆို Venum အမှတ်တံဆိပ်ပါတာကိုပဲ ဝတ်ရတယ်

တခြားဟာတွေကို ဝတ်လို့မရဘူး အဲ့ဒါကြောင့်ပါ

----------

စင်ပေါ်မှာ ပြိုင်ဘက်ကို မခံချင်အောင် ပြောနိုင်တာက လေ့ကျင့်ထားတာ မဟုတ်ပါဘူး

Training မှာဆို ကျွန်တော့် team တွေနဲ့ အဲ့လိုပဲ စနောက်ပြီး စကားပြောတာ

လူတွေက အဲ့ဒါကို မမြင်ဖူးကြဘူး

သူတို့က အခုမှ မြင်တော့ ဗန်က ပြောင်းလဲသွားပြီးလို့ ထင်ကြတာ

ကျွန်တော်က အစကတည်းက အဲ့လိုပဲ

ကျွန်တော့်ကို အားပေးတဲ့ မြန်မာပရိတ်သတ်တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်

ကျွန်တော် ဒီထက်မက ကြိုးစားသွားပါမယ်

ကမ္ဘာကြီးကလည်း မြန်မာကို စပြီး သိလာကြပြီဆိုတော့ ကျွန်တော့်အတွက် အားဖြစ်စေပါတယ်

ကျွန်တော်ပြောသလိုပဲ ကျွန်တော်က ပထမဆုံး UFC ချန်ပီယံ ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် နောက်ဆုံးတော့ ဖြစ်မှာမဟုတ်ဘူး

----------

Canal + နဲ့ အင်တာဗျူးမှ ကောက်နှုတ်ချက်

ဗန်က Martial Arts ကို စသင်ကတည်းက boxing နဲ့စခဲ့ပြီး ပြီးမှ MMA ကို သင်တာ

အခုသူ အောင်မြင်လာမှ ရိုးရာလက်ဝှေ့ရေးပြခိုင်းတာက သိပ်အဆင်မပြေဘူးထင်တယ်

ဗန်က UFC မှာ မြန်မာကို ကိုယ်စားပြုနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပြီး ချပြနိုင်ခဲ့တာကိုပဲ အရမ်း ကျေးဇူးတင်စရာကောင်းနေပြီ ဗျာ

ညီကိုတို့ ဘယ်လို မြင်ကြလဲဗျ?

✊✊✊

#ufc
#joshuavan
#ဂျော့ရှူဝါဗန်

2 weeks ago | [YT] | 4

Luai Gyi Channel

ဒီနှစ်မကုန်ခင် UFCဥက္ကဌဒေနာဝှိုက်သာ ဗန်ကိုထိုးကြေးတိုးပေးရင် ဗန် ပွဲ နောက်ထပ်တစ်ပွဲ ကြည့်ရဖို့ရှိနေပါတယ် ဗန် ကိုယ်တိုင်လဲ ဒီနှစ်မကုန်ခင် ထိုးကြေးသာတိုးပေးရင် ပွဲလက်ခံထိုးပေးသွားမှာဖြစ်ကြောင့် အင်တာဗျူးတစ်ခုမှာ ဖြေသွားပါတယ်

2 weeks ago | [YT] | 4

Luai Gyi Channel

မြန်မာ့ဂုဏ်ဆောင် ဖိုက်တာနှစ်ယောက်

2 weeks ago | [YT] | 3