Connecting Myanmar and the World through Martial Arts and Language. A former English teacher and now wanna-be-fighter dropping badass😂 contents on MMA, Boxing, Muay Thai and Lethwei. Let's GOOO, Myanmar!!!
Instagram: www.instagram.com/bruce_aung33/
Facebook: web.facebook.com/BruceAungMP
For business inquiries and collab, shoot me mail at (bruceaung.pm@gmail.com) or a text on IG.
Bruce Aung
Smilla Sundell ကတော့ Alex Pereira ရဲ့ညီမ Aline Pereira ကို အမှတ်နဲ့နိုင်ပြီး UFC စာချုပ်ရလိုက်ပါပြီ။ အစတော့ Dana White က "(Smilla Sundell) က အခုမှ ၂၁ နှစ်ပဲရှိသေးပါတယ်။ အချိန်အများကြီးရှိပါသေးတယ်။ ပွဲတွေထပ်ထိုးပြီး နောက်နှစ်ပြန်လာရင် ရပါတယ်။ သူ့မှာ ဖြစ်နိုင်စွမ်းအများကြီးရှိပါတယ်" ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမယ့် UFC matchmaker တစ်ယောက်ဖြစ်တဲ့ Mick Maynard က Smilla Sundell ဟာ ဘယ်လောက်ကောင်းကြောင်းပြောပြလို့ စိတ်ပြောင်းပြီး စာချုပ်ပေးလိုက်တာပါ။ အသက် ၂၁ နှစ်အရွယ် ONE Muay Thai ချန်ပီယံဟောင်းအတွက်တော့ အိပ်မက်ပြည့်စုံလာတဲ့အခိုက်အတန့်ပေါ့။
135 တန်းမှာ လက်ရှိချန်ပီယံက Kayla Harrison ဖြစ်ပြီး Legend ကြီးဖြစ်တဲ့ Amanda Nunes လည်းရှိနေပါသေးတယ်။ Smilla ချန်ပီယံဖြစ်လာဖို့ အလားအလာအများကြီးရှိပါတယ်။ ဒီခလေးမက တကယ်ကောင်းတာ...
2 days ago (edited) | [YT] | 177
View 8 replies
Bruce Aung
Smilla Sundell နှင့် Aline Pereira တို့ နှစ်ယောက်လုံး ဝိတ်ရပါပြီ။ နက်ဖြန် DWSC Season 10 မှာထိုးမှာပါ။
Smilla က UFC မှာ နာမည်ကြီးလာနိုင်ပါတယ်။ သူ့ကစားပုံက ပရိတ်သတ်အကြိုက်၊ ဖျော်ဖြေမှုလည်းကောင်းတယ်၊ နည်းစနစ်လည်းကောင်းတယ်။ ONE မှာ သူထိုးစရာ အမျိုးသမီးဝိတ်တန်းမရှိလို့ ထွက်ခဲ့ရတာပါ။ အတော်လေးကိုကောင်းတာ...
3 days ago | [YT] | 108
View 3 replies
Bruce Aung
2008 တုန်းက တွေ့မရှောင်နဲ့ထိုးခဲ့တဲ့ Thomas Hengstberger, Lethwei လက်ခမောင်းခတ်နေပုံပါ
May 3, 2008 မှာပါ... ဒီပွဲဟာ Lethwei ကို မြန်မာနိုင်ငံပြင်ပမှာကျင်းပတာ ပထမဆုံးအကြိမ်တော့မဟုတ်ဘူးလို့သိရပါတယ် - တတိယအကြိမ်ပါ။ ရှာဖွေလို့ရသလောက် မြန်မာနိုင်ငံပြင်ပမှာ ကျင်းပတဲ့ ပထမဆုံး Lethwei ပွဲကတော့ 1996, Australia နိုင်ငံရဲ့ Perth မြို့တော်မှာ လို့သိရပါတယ်။
ဒုတိယအကြိမ်ကတော့ Japan နိုင်ငံရဲ့ Nagasaki မြို့တော်မှာ 2005 ခုနှစ်တုန်းကကျင်းပခဲ့တယ်လို့သိရပါတယ်။ အခု Tway Ma Shaung vs. Thomas Hengstberger ကတော့ မြန်မာနိုင်ငံပြင်ပမှာ ကျင်းပတဲ့ တတိယမြောက် Lethwei ပွဲလို့ ပြောရမှာပါ (*ဒီထက် တိကျတဲ့သတင်းအချက်အလက်သိတဲ့သူရှိရင် ကျေးဇူးပြု၍ Comment ဝေမျှပေးစေလိုပါတယ်ဗျာ်*)။
အဲဓိကပြောချင်တာကတော့ အဲဒီပွဲကစပြီး Thomas က Lethwei ကိုအတော်လေး သဘောကျပုံရပါတယ်။ သူသိပ်မသုံးဖြစ်တဲ့ သူ့ရဲ့လူမှုစာမျက်နှာမှာ Lethwei နှင့် Myanmar နိုင်ငံအကြောင်းကို အတော်လေးဝေမျှထားတာတွေ့ရပါတယ်။
အခွင့်ကြုံရင် သူနဲ့စကားလည်းပြောချင်ပါတယ်။
4 days ago | [YT] | 801
View 13 replies
Bruce Aung
ONE ကနေ UFC ရောက်တဲ့ Roberto Soldic ပွဲပါတဲ့ UFC 332 ပွဲစဉ်အားလုံးကို ပွဲကြိုသုံးသပ်ချက်နှင့် Prediction လုပ်ထားပါတယ်။ ခဏနေ Video တက်လာပါမယ်ဗျာ်။
ဒီပွဲကတော့ တွဲဆိုင်းညံ့ဖျင်းမှုကြောင့်အတော်လေးကို ဝေဖန်ခံရတဲ့ပွဲပါ။ ဒါပေမယ့် နာမည်ကြီးမပါပေမယ့် တွဲဆိုင်းတွေကတော့ ပြင်းစရာကောင်းမှာမဟုတ်ဘူး၊ တွဲဆိုင်းကောင်းအချို့ ပါပါတယ်။
1 week ago | [YT] | 213
View 3 replies
Bruce Aung
❌❌ လာမယ့်သောကြာမှာထိုးမယ့် Nat Khat Min ရဲ့ပွဲ ပျက်သွားတယ်လို့ သိရပါတယ်။ ကစားသမားတွေ ကျန်းမာရေးမအောင်တာလို့ သိရပါတယ် (ကိုယ့်ကစားသမား မအောင်တာလား၊ Buakaew မအောင်တာလား မသိပါဘူး)။
2 weeks ago (edited) | [YT] | 294
View 16 replies
Bruce Aung
UFC က Van vs. Pantoja 2 ကို "Fight of the Month" အဖြစ်ရွေးချယ်လိုက်ပါပြီ။ 🎉👏👏
UFC ကို ရောက်ပြီး ၃ နှစ် နှင့် ၃ လ ကျော်ကျော်လေးအတွင်းမှာ ဒီလိုတွေအောင်မြင်လာတာ တကယ်ကို အံ့ဩစရာပါပဲ။ သူ့လောက်အောင်မြင်မှုအမြန်ဆုံးက UFC သမိုင်းမှာ ရှိကောရှိဖူးလားမသိပါဘူး။
အဲဒီ ၃ နှစ် ၃ လအတွင်းမှာ ၁၂ ပွဲထိုးတယ်။ ရောက်ပြီး ၂ နှစ်နှင့် ၅ လအတွင်းမှာ ခါးပါတ်စိန်ခေါ်ခွင့်ရတယ်။ နောက် ၉ လအတွင်း ၂ ကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တယ်။ သူ့ရဲ့နောက်ဆုံး ၄ ပွဲထဲက ၃ ပွဲက "Fight of the Month" (တစ်လတာအကောင်းဆုံးပွဲ) တွေချည်းပဲ။
Royval နဲ့ပွဲက ၂၀၂၅ ရဲ့ တစ်နှစ်တာအကောင်းဆုံးပွဲ (Fight of the Year 2025) ရခဲ့တယ်။ ဒီနှစ်လည်း Van ရဲ့နှစ်ပါပဲ။ Taira နှင့် Pantoja နဲ့ ၂ ပွဲထဲက ဘယ်တစ်ခုကိုရွေးမလဲ ဆိုတာပဲ စောင့်ကြည့်ရမယ်။ Pantoja နဲ့ပွဲတော့ဖြစ်ဖို့များမယ်ထင်တယ် (ကျတော့်အမြင်မှာ)။
ဂုဏ်ယူမဆုံးပါပဲဗျာ်။
2 weeks ago | [YT] | 1,489
View 26 replies
Bruce Aung
ဒီညနေ ၆ နာရီခွဲမှာ Van ရဲ့အမာခံ American ပရိတ်သတ်တစ်ဦးနဲ့ စကားပြောဖို့ရှိပါတယ်၊ Kyawgyi MMA က Ko Kyaw Thiha နှင့် JTS Channel တို့နဲ့အတူ Live လာဖို့ရှိပါတယ်။
ညနေတွေ့ကြပါမယ် ခဗျာ်။ 🙏 (မြန်မာအချိန် ၆ နာရီဖြစ်ပါတယ်)
2 weeks ago | [YT] | 325
View 6 replies
Bruce Aung
လာမယ့် October 2, ONE Friday Fight မှာ Nat Khat Min ခေါင်ပွဲထပ်ထိုးရမှာပါ။ ဘာများထူးခြားလဲ မသိပါဘူး။ သူ့ရဲ့ ONE ပွဲဦးထွက်မှာလည်း Pompet နဲ့ ခေါင်ပွဲထိုးခဲ့ရတယ် 😅
အခုပြိုင်ဘက်က Buakaew, ONE FF မှာ ၂ ပွဲထိုးထားပြီး Split Decision တွေနဲ့ပဲနိုင်ထားပါတယ်။ Nat Khat Min အတွက်တော့ ဒုတိယအကြိမ် နှင့် နှစ်ပွဲဆက်တိုက်ခေါင်ပွဲရခြင်းလည်းဖြစ်ပါတယ်။
ကျတော်စင်ပေါ်တက်ရနိုင်ခြေရှိလား? 😅 ပွဲကြိုသုံးသပ်ချက်လုပ်သွားဖို့ရှိပါတယ်ဗျာ်။ အားလုံးကောင်းသောညလေးဖြစ်ပါစေဗျာ်။
2 weeks ago (edited) | [YT] | 404
View 23 replies
Bruce Aung
ကယ်... Imangazaliev vs. Ortikov 2 (မကျေပွဲလာပါပြီဗျာ်)။ ပထမပွဲရလဒ်က အတော်လေးအငြင်းပွားစရာဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျတော့်အမြင်မှာတော့ Imangazaliev နိုင်တာ မှန်တယ်လို့မြင်ပါတယ်။
မကျေပွဲမှာတော့ ပထမအကြိမ်ထက် ပြတ်သားမယ်လို့ထင်ပါတယ်။
2 weeks ago | [YT] | 264
View 5 replies
Bruce Aung
Superlek ကတော့ 135 တန်း Kickboxing ခါးပတ်ကို စွန့်လွှတ်လိုက်ပါပြီ။
Asu Almabayev vs. Horiguchi (Nov 21) UFC Fight Night မှာ အတည်ပြုလိုက်ပါပြီ။
Brandon Moreno vs. Charles Johnson တွဲဆိုင်းကို Dec 13 ရက်မှာ ကျင်းပမယ့် UFC 335 မှာ ထည့်သွင်းလိုက်ပါတယ်။
3 weeks ago | [YT] | 394
View 1 reply
Load more