Daw Ei Ei Thwe ဒေါ်အိအိသွယ်

Subscribers အားလုံးကို အထူးပင် ကျေးဇူးတင်ပါသည်။🙏🙏🙏 ကာယသုခ၊ စိတ္တသုခ ပြည့်စုံကြပါစေ။ လောကီ၊ လောကုတ္တရာ - ပညာဉာဏ်ထွန်းလင်းတောက်ပကြပါစေ။ 🙏🙏🙏
မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ စိတ်ကို ဖြူစင်အောင် သတိ၊ အသိဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ကြပါစေ။ 🙏🙏🙏
ကောင်းမှု မြတ်နိုး၊ ကောင်းအောင် ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်ကြပါစေသော်ဝ်။ 🙏🙏🙏 ကံလည်း ကောင်း၊ ဉာဏ်လည်း ကောင်းကြပါစေ။ 🙏🙏🙏

t.me/LifeSkillsCreatedBy84EET

t.me/economicsCreatedBy84eet

t.me/MCcreatedbyeieithwe41

@Ei Thwe Et YouTube Channel

#Education #Knowledge

#FACEBOOK a/c and page -
EI EI THWE Et

#Live #Economics #LifeSkills

#Dhamma #Buddha'dhamma

#Grade12 #Teachers-educator

#အ‌ထွေထွေဗဟုသုတ #သုတဓမ္မဒီပလိုမာ

#ဗုဒ္ဓဝံသဒီပလိုမာ

#မဟာဗုဒ္ဓဝင် ၆တွဲ - (၈)အုပ်


Daw Ei Ei Thwe ဒေါ်အိအိသွယ်

2026 December Challenges for me,

#အဘိဓမ္မာ ဋီကာကျော် (ဂုဏ်ထူးဆောင်) စာမေးပွဲ - ပ ဆင့် ကို
တတိယအကြိမ်မြောက်
ဖြေဆိုရန်။
#သုတဓမ္မဂဝေသီ BA - Part (1) စာမေးပွဲ (၁)ရက် ဖြေဆိုရန်။

ဘာသာရေးစာပေကို သင်ယူလေ့လာ၊
ဖတ်မှတ်ရတာ ပိုမိုခက်ခဲပေမယ့်
စိတ်အေးချမ်းမှု ရတယ်။
စိတ်ကြည်နူး ရတယ်။
သတိမှတ်ဉာဏ် အားကောင်းလာတယ်။

ဒါကြောင့်
အခြား လောကီစာပေ ထပ်မြှင့်ဖို့ထက်
လောကုတ္တရာစာပေအသိ ပို မြှင့်တင်ဖို့
ဘာသာရေး တရားဓမ္မအသိဉာဏ် ထက်မြက်ဖို့
ပညာပါရမီရင့်သန်စေဖို့
ပို သဘောကျနှစ်ခြိုက်လာတယ်။

အချို့ကို Discard/ Delete
မေ့ဖျောက်ပစ်လိုက်တာ ရှိတယ်။
Reset ချလိုက်တာ ရှိတယ်။
Pause လုပ်ထားတာမျိုးလည်း ရှိတယ်။
တချို့ကိုတော့ ထပ်ဖြည့်လိုက်တာ ရှိတယ်။
ဟိုယောင်‌ ဒီယောင်နဲ့
အချိန်ဖြုန်းမိတဲ့အခိုက်လည်း ရှိတယ်။

လောဘ၊ ဒေါသ၊ မောဟ စတဲ့
အကုသိုလ်စိတ်၊ စေတသိက်တွေကို
သတိ၊ အသိနဲ့
ဆက်လက် လျှော့ချနေပါတယ်။
အမြဲတမ်း စိတ်က သန့်ရှင်းနေတာတော့
မဟုတ်ပါဘူး။
မတွေးဘဲ ရောက်လာတတ်တဲ့ အတွေး၊
တွေးလိုက်မိတဲ့ အတွေးတွေ
ကောင်းတာ၊ ဆိုးတာတွေ ရှိပါတယ်။
မကောင်းရင် ကောင်းတဲ့အာရုံသို့
သတိနဲ့ ပြန်ပြောင်းယူနေရပါတယ်။

ဟိုးးးအတိတ်ဘဝ‌တွေရဲ့အကြောင်းတရား
ဘာတွေ ရှိခဲ့လဲ?
ဘယ်လိုအကျိုးဆက် ရှိဦးမလဲ?
ကြိုတင် မသိနိုင်ပေမယ့်
ပစ္စုပ္ပန်အကြောင်း ကောင်းအောင်တော့
ကြိုးစား တည်ဆောက်နေပါတယ်။
အနာဂတ်တော့ မပြောနိုင်သေး။


မသေခင် ဘဝ နိဂုံး အဆုံးမသတ်ခင်
လုပ်ချင်တာတွေ ပိုများလာတယ်။
လောဘဇောတက်တာမျိုးတော့ မဟုတ်ပေမယ့်
လုပ်သင့်တာတွေကို
များများ လုပ်ချင်တဲ့ဆန္ဒ
အားကြီးတဲ့သဘောမျိုးပါ။

မိတ်ဆွေတွေ၊ တပည့်တွေ-----
လူတွေရဲ့အမည်နာမတွေ မေ့နေရင်တော့
ခွင့်လွှတ်နော်။😁
ရုပ်နာမ်ခန္ဓာရ သတ္တဝါတစ်ဦး၊
သံသရာခရီးသွားဧည့်သည်လို့ပဲ
မှတ်ထားမိလို့။ 😁

#ဒေါ်အိအိသွယ်

4 weeks ago (edited) | [YT] | 15

Daw Ei Ei Thwe ဒေါ်အိအိသွယ်

ဓမ္မပဒ - အခန်း (၇) - အရဟန္တဝဂ္ဂ -
ရဟန္တာ တရားတော်စာစုများ ✨✨✨

1 month ago | [YT] | 29

Daw Ei Ei Thwe ဒေါ်အိအိသွယ်

‌အကုသိုလ်စိတ်၊ စေတသိက်တွေကို
လျော့ပါးအောင် ပြုနိုင်လာလေလေ၊
ကိုယ်စိတ် ငြိမ်းချမ်းလာလေလေပါ။

ကုသိုလ်စိတ်၊ စေတသိက်တွေကို
ပွားများအောင် ယုံကြည်မှုသဒ္ဓါနဲ့
အသိ၊ သတိနဲ့
လုပ်ဆောင်နိုင်လာလေလေ
ကိုယ်စိတ် ငြိမ်းချမ်းလာလေလေပါ။

1 month ago | [YT] | 42

Daw Ei Ei Thwe ဒေါ်အိအိသွယ်

AFC U20 ASIAN CUP (Q)
China 2027

Myanmar Vs SriLanka

4 scores : 0

youtube.com/live/-N7MUrqfg2U?si=XI01u-QHrW1-FdvQ

1 month ago (edited) | [YT] | 9

Daw Ei Ei Thwe ဒေါ်အိအိသွယ်

ဓမ္မပဒ - အခန်း (၇) - အရဟန္တဝဂ္ဂ -
ရဟန္တာတရားတော်စာစုများ ✨✨✨

1 month ago | [YT] | 52

Daw Ei Ei Thwe ဒေါ်အိအိသွယ်

ဓမ္မပဒ - အခန်း (၇) အရဟန္တဝဂ္ဂ -
ရဟန္တာတရားတော်စာစုများ ✨✨✨

1 month ago (edited) | [YT] | 39

Daw Ei Ei Thwe ဒေါ်အိအိသွယ်

ဓမ္မပဒ - အခန်း (၆) ပဏ္ဍိတဝဂ္ဂ - လူလိမ္မာတရားတော်စာစုများ✨✨✨

1 month ago | [YT] | 50

Daw Ei Ei Thwe ဒေါ်အိအိသွယ်

သုတဓမ္မ စာမေးပွဲ Form တင်ရန် ၃ရက်ခန့်သာ
ကျန်တော့သည်။

2026ခုနှစ် December လတွင် စာမေးပွဲ‌
ဖြေဆိုနိုင်ရန်အတွက်
ဩဂုတ်လ ၁၈ရက်နေ့ - နေ့လည် (၂)နာရီအထိ။
(၁၈.၈.၂၀၂၆) နေ့လည် ၂နာရီ နောက်ဆုံးဖြစ်ပါသည် ဓမ္မမိတ်ဆွေများရှင့်။ 🙏🙏🙏

1 month ago | [YT] | 33

Daw Ei Ei Thwe ဒေါ်အိအိသွယ်

ဓမ္မပဒ - အခန်း (၆) - ပဏ္ဍိတဝဂ္ဂ - လူလိမ္မာတရားတော် စာစုများ ✨✨✨

1 month ago | [YT] | 35

Daw Ei Ei Thwe ဒေါ်အိအိသွယ်

ဓမ္မပဒ - အခန်း (၆) ပဏ္ဍိတဝဂ္ဂ - လူလိမ္မာတရားတော် စာစုများ ✨✨✨

1 month ago | [YT] | 43