VPN လေး ဖွင့်ပြီးမှကြည့်ပေးဖို့ တောင်းဆိုရပါစေဗျာ


Series4u

ဒီနေ့ အပိုင်း ၂ တင်မယ်ဆိုပြီး သေချာ စစ်ကာမှ
စောက်ကျိုးနဲ audio edit ကိုင်တုန်းက
အသံတွေ ပြတ်ကျန်ခဲ့တာတွေ တပုံကြီး
လခွမ်းတည်းမှ ဒီနေ့တော့ မတင်တော့ဘူးဗျာ...


edit အပေါက်တွေ ဖာရဦးမှာ ၁၅ မိနစ်စာလောက်
ကျန်သေး။ မမှီတော့ဘူး

ပုံ ဂိတ်မှူးကြီး
မောင်ရခိုင်

5 days ago | [YT] | 122

Series4u

Breaking Bad စီးရီးတွဲမှာ သားဖြစ်သူ Walter White Jr. အဖြစ် အတူတွဲဖော် သရုပ်ဆောင်ခဲ့တဲ့ RJ Mitte ကွယ်လွန်သွားတဲ့အပေါ် မင်းသားကြီး Bryan Cranston က အလွန်ရင်နာစရာကောင်းတဲ့ ဝမ်းနည်းကြေကွဲစရာ စကားလက်ဆောင်နဲ့အတူ နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်။
"ဒီစာကို ရေးနေတဲ့ ဒီညမှာ ကျွန်တော် အလွန်တရာမှကို စိတ်နှလုံး ညိုးနွမ်းကြေကွဲနေပါတယ်။ Breaking Bad ထဲက ကျွန်တော့်ရဲ့ ချစ်လှစွာသော သားလေး RJ Mitte ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ကို Walter White Jr. အဖြစ် ရွေးချယ်ခံရတုန်းက သူ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ပျော်ရွှင်မှုတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ အပြည့်အဝ သရုပ်ဆောင်ပြခဲ့ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မသန်စွမ်းမှု (Cerebral Palsy) နဲ့ မွေးဖွားလာခဲ့ပေမဲ့ သူဟာ အဲဒီ အခက်အခဲကို ဘယ်တော့မှ ဘယ်အရာအတွက်နဲ့မှ အကြောင်းပြချက်တစ်ခုအနေနဲ့ မသုံးခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ရိုက်ကူးရေးအချိန်ဇယားတွေကိုလည်း ပြင်းပြတဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်"
"သူ့ရဲ့ ဇာတ်လမ်းထဲက မိဘတွေဖြစ်တဲ့ Anna Gunn နဲ့ ကျွန်တော်တို့ ပေးတဲ့ အကြံဉာဏ်တွေကို အမြဲနားထောင်တတ်ပေမဲ့ ဆယ်ကျော်သက်အရွယ်ပီပီ တစ်ခါတလေတော့ အခက်အခဲတွေနဲ့ ကိုယ်တိုင်ရင်ဆိုင်သင်ယူနိုင်ဖို့အတွက် အဲဒီအကြံဉာဏ်တွေကို အမှတ်တမဲ့ လျစ်လျူရှုတတ်ပါတယ်။ သူဟာ နာမည်ကြီး တီဗီစီးရီးတစ်ခုရဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်ပေမဲ့ အဲဒီအချိန်က အမြဲတမ်း ကလေးတစ်ယောက်လိုပါပဲ။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီဇာတ်လမ်းကို စတင်ရိုက်ကူးတုန်းက အဲဒီကောင်လေးဟာ အတွေ့အကြုံ ရင့်ကျက်မှု အားနည်းသေးပေမဲ့၊ တဖြည်းဖြည်းနဲ့ သူဟာ တကယ့်ကို ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာတာကို ကျွန်တော်တို့ ကြည့်ရှုခဲ့ရပါတယ်။ သူဟာ အဲဒီစီးရီးက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး မသန်စွမ်း သရုပ်ဆောင်တွေအတွက် အသံထွက် တိုက်ပွဲဝင်ပေးသူတစ်ဦး ဖြစ်လာခဲ့သလို၊ မသန်စွမ်းအသိုင်းအဝိုင်းကို ကူညီဖို့ အဓိကထားတဲ့ လူမှုဖူလုံရေး အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီလို မျှော်လင့်ချက်တွေနဲ့ အလားအလာတွေ အားလုံး ဆုံးရှုံးသွားရတာဟာ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ"
"သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်ဆိုတဲ့ သတင်းကို ကြားရတာက ပိုလို့တောင် ရင်နာစရာ ကောင်းလှပါတယ်။ ဘာကြောင့်များလဲ၊ ကျွန်တော်တို့ မကြာသေးခင်ကမှ ဘယ်အချိန်မှာ နေ့လယ်စာ အတူစားကြမလဲဆိုပြီး စာတွေ အပြန်အလှန် ပို့ဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီလို နေ့လယ်စာ အတူစားဖြစ်ခဲ့ရင် သူ့ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်မလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တစ်ခုသေချာတာကတော့ ကျွန်တော် သူ့ကို ချစ်ခဲ့ပါတယ်။ Breaking Bad ရဲ့ အရှိန်အဝါတွေ မှေးမှိန်သွားပြီးနောက်ပိုင်း နှစ်တွေမှာလည်း သူ့နဲ့ အတူရှိရတာကို အလွန်တရာမှကို ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ သားရေ မင်းကို လွမ်းနေမှာပါ

ကျနော်တို့ တင်ဆက်ပြီး ဖြစ်တဲ့ Breaking Bad Recap ကို https://youtu.be/5br364W0dLU လင့်ကနေ ကြည့်နိုင်ပါတယ်။

3 weeks ago | [YT] | 141

Series4u

ငါ လုံး မ မန်ယူ မနက်စောစောစီးစီး ကျက်သရေ တုံးတယ်။ ညက မကြည့်ဘဲ အိပ်လိုက်တာ မှန်သွားတယ်။ ဘယ်နှယ့်ကွာ ဘရိုက်တန်လို အသင်းကို ၂ ဂိုး သွင်းထားပြီးမှ ရှုံးရတယ်လို့ တသက်နဲ့ တကိုယ် မကြားဖူးဘူး

1 month ago | [YT] | 138

Series4u

ပါဆင်နယ် ကိစ္စ အပြင် ရောက်နေလို့ ယနေ့ ဗီဒီယို မတင်ဖြစ်ပါ။ မနက်ဖြန်မှ တင်ပါမည်

1 month ago | [YT] | 128

Series4u

Silo S03 အတွက် Breakdown and review စတိုင်ကို မကြိုက်ကြဘူးဆိုလို့ ဆက်မတင်သေးပါဘူး။ အရင်လို movie timeline recap စတိုင်ဘဲ ပြန်တင်ပေးဖို့ လုပ်နေပါတယ်။

1 month ago | [YT] | 134

Series4u

ချစ်ရပါသော ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့အတူ
2M view ရှိတဲ့ ဗီဒီယို ၁ ပုဒ်ထွက်လာခဲ့ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့
အားပေးမှုကြောင့်သာ မဟုတ်ရင် ဇီးသီးဖေါ်ယူ
ဆိုတာလည်း ဒီနေ့အထိ ရှိလာမှာမဟုတ်ပါဘူး။

ခင်မင်ရင်းနှီးစွာဖြင့်
ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ)

3 months ago | [YT] | 1,054

Series4u

ချစ်ခင်လေးစားရတဲ့ ရုပ်ရှင်ချစ်သူ ပရိတ်သတ်အပေါင်းတို့ရဲ့
အားပေးမှုနဲ့ အတူ ဇီးသီးဖေါ်ယူ လည်း ၂ နှစ် တိတိ ပြည့်ခဲ့
ပါပြီ။ နှစ်သစ်မှာလည်း မိတ်ဆွေများအတွက် အကောင်းဆုံး
ဆိုတဲ့ ဇတ်ကားလေးတွေကို တင်ဆက်နိုင်အောင် ကြိုးစား
ပါဦးမယ်။ လူ ဆိုတာ အမှားအယွင်း ရှိစမြဲ မို့ တင်ဆင်ပုံနဲ့
စကားလုံးလေး ၊ ရုပ်သံ တည်းဖြတ်တဲ့ အပိုင်းတွေမှာ
အမှားအယွင်း ရှိခဲ့ရင်လည်း သည်းခံ ခွင့်လွှတ်ပေးကြပါလို့
တောင်းပန်ရင်း နဲ့ နှစ်သစ်မှာ ပျော်ရွှင် ကြပါစေဗျာ ....



ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ )

10 months ago | [YT] | 449

Series4u

လောင်းကစားကြော်ငြာတွေ လက်ခံ ဖြစ်ခဲ့ရင်
ကော်ရီး ရဲ့ တလ ဝင်ငွေက သိန်း ၅၀ ဆိုလည်း
ဟုတ်တယ်။ သိန်း ၁၀၀ ဆိုလည်း ဟုတ်တယ်။
ဒါပေမယ့် အပူစာ မစားဘူး ၊ ငါးပိရည်နဲ့ ၂ ရက်လောက်
စားလိုက် ၊ အရွက်ကြော်နဲ့ ၃ ရက်လောက် စားလိုက်
တပတ်မှာ အသား ၂ ရက်ဘဲ စားနေရလည်း
အေးဆေး ....

ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ )

11 months ago | [YT] | 2,129

Series4u

ဇီးသီးဖေါ်ယူ အနေနဲ့ ဘာလို့ စလော့တေ လက်မခံလဲ ဆိုရင်

ပုံထဲမှာ မြင်ရတာက သက်သေပါဘဲ။ အဲဒီကောင်လေးဆို ကော်မန့်ထဲက ပြောပုံအရ သိန်း ၅၀၀ ကျော် ပါသွားတာပါ။ လူတွေရဲ့ ဘ၀ ကို စက္ကန့်ပိုင်းအတွင်း

ဖျက်ဆီးနိုင်လိုက်တဲ့ ကိစ္စပါ။ ကျနော်တို့လည်း ငယ်ငယ်တုန်းက ဘောလုံးပွဲ
လောင်းဖူးတယ်။ တပတ်တခါပါဘဲ။ အဲဒီ တပတ် တခါ ၅၀/၅၀ နိုင်ချေ ရှိတဲ့
ဘောလုံးပွဲတောင် ခွက်ခွက်လန်အောင် ရှုံးပါတယ်။

တခါတလေကျရင် လက်ခံချင်စိတ်ပေါက်မိတယ်။ ကိုယ်ပြောနေလည်း ဘာမှမထူးဘူးပေ့ါ။
1 x bet လောက်တော့ လက်ခံဦးမယ် ဘာညာ။ အဲလို စိတ်ပေါ်တိုင်း ကိုယ့်ကိုကိုယ် ပြန်ဆုံးမရတယ်။
အပူစာတွေ မစားချင်စမ်းနဲ့ ။ ဒါကြောင့် လောင်း ကစား ဆိုရင် ဘာတခုမှ လက်မခံပါဘူး။

အားလုံးဘဲ တယောက်တတ်နိုင်နိုင် ဘေးနားမှာ ရှိနေရင် အမုန်းခံပြီး ပြောရင်း
ကြယ်ငါး ကောက်ကြပါဦး။

အဲဇောက်ထိုးဆင်းမယ့် ကယ်လို့ မရမယ့်ကောင်တွေကတော့ တခါတည်း ကန်ချပေးလိုက်
သေလည်း အေးတာဘဲပေ့ါ။ ဆန်ကုန်မြေလေး တွေ ...

1 year ago | [YT] | 643

Series4u

အသိပေး ကြေငြာချက်

လေးစားရပါသော အားပေးသူ မိတ်ဆွေများ ခင်ဗျာ.

၂၀၂၅ မှာ ယူတု ရဲ့ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းကြောင့်
အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုတွေဟာ ကော်ပီရိုက်များ ထိခြင်း
ကြော်ငြာပြသခွင့်မရခြင်း စတဲ့ ပြသနာများ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုတွေမှာ ရုပ်ရှင်ဇတ်ကားနာမည်
နဲ့ လိုဂိုတွေဟာ အဆမတန် ကြီးမားပြီး ကြည့်ရှုသူတွေကို အနှောက်အယှက်
ဖြစ်စေတယ်လို့ ပြန်လည်ခံစားလာရပါတယ်။

ဒါကြောင့် ကျနော်တို့ ဇီးသီး‌ဖေါ်ယူ ဖက်က ယခင်တုန်းက တင်ခဲ့တဲ့ ဗီဒီယို
အဟောင်းများကို အပြီးတိုင် ဖျက်ချပြီးတော့ တပတ် တခါ ၁ ပုဒ် ဖြစ်စေ
၂ ပုဒ်ဖြစ် လိုအပ်ချက်များကို ပြန်လည် ပြင်ဆင်ပြီး အသစ် ပြန်လည် တင်သွား
ပါမယ်။

ဒီလိုမျိုး ဗီဒီယို အဟောင်းတွေ ပြန်တင်တာမျိုး တွေ့မိခဲ့ရင် နားလည်ပေးဖို့
ကြိုတင် အသိပေးလိုက်ရပါတယ်ခင်ဗျာ။

ဇတ်ကားကောင်းများနဲ့ စီးရီးတွဲတွေလည်း နေ့စဉ် တင်ဆက်နိုင်ဖို့ ကြိုးစားလျက်
ရှိပါတယ်။

လေးစားစွာဖြင့်
ကိုရခိုင်ကြီး (ဇီးသီး‌ဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ )

1 year ago (edited) | [YT] | 475