The LIGHT Recap Series 

Kindly contact me regarding any copyright matters. These videos/series are not my original work. I am sharing them for entertainment, believing it falls under fair use. I will readily remove them if necessary.
The LIGHT Recap.


Facebook Page - www.facebook.com/share/16GazAFfc4/

Series - youtube.com/playlist?list=PLw-hR3MVm0FQZa4t3xOJpA0…

Wars & Politics - youtube.com/playlist?list=PLw-hR3MVm0FRFmF3W93p9BD…

Korean - youtube.com/playlist?list=PLw-hR3MVm0FTmUXuJmONGWI…

Indian - youtube.com/playlist?list=PLw-hR3MVm0FRqMqY08EGgiW…

Based on true story Movies - youtube.com/playlist?list=PLw-hR3MVm0FRYlpwJG0qvbM…

K-drama series
youtube.com/playlist?list=PLvxwinP5Gi23ClH88calIRN…


The LIGHT Recap Series

EDITOR လိုအပ်ပါသည်။

ကျွန်တော် ပစ်ထားထားရတဲ့ Documentary & War Channel အတွက် Editor လိုအပ်ပါတယ်ဗျ။ အဆင်ပြေရင် ၂ယောက်လောက် အလုပ်အပ်ချင်တဲ့အတွက် Capcut PC အသုံးပြုတတ်သူ ၊ Documentary Video တွေ Edit ဖူးသူတွေရဲ့ Telegram account လေးတွေ ချပေးခဲ့နိုင်ပြီး ကျွန်တော့်ကို Edit ဖူးတဲ့ Video နဲ့တကွ ဈေးနှုန်းလေးတွေ ပြန်ပြောပေးပါ။ *ကြီးကြီးမားမား Edit ဖို့မလိုပဲ ကိုယ် Edit ထားတာကို ကိုယ်ပြန်ကြည့်ချင်လောက်မယ့် ပုံမှန် (သေသပ်)တဲ့ Editing ဆို ရပါပြီ*။

အဆင်ပြေရင် ရေရှည်သွားချင်တဲ့ Channel ဖြစ်တဲ့အတွက် ရေရှည်လုပ်နိုင်သူများ အကောင့်လေးတွေ ချန်ခဲ့ပေးပါ‌ဗျ။

The LIGHT.

1 week ago | [YT] | 1,082

The LIGHT Recap Series

ဒါက ကျွန်တော့် Channel ရဲ့ ကိုယ်ပိုင် Logo & Design တွေ အခမဲ့ ဖန်တီးပေးထားတဲ့ ကျွန်တော့ညီတစ်ယောက်ရဲ့ Page ပါ

Facebook မှာ 22 Atelier လို့ ရိုက်ရှာနိုင်သလို ကျွန်တော် ပုံလည်း ထည့်ပေးထားပါ့မယ်

နောက်က Hoodie , ဖန်ခွက်နဲ့ Keychain တွေက Merchandise ထုတ်ရောင်းဖို့ Future product တွေပါ xD (jk..)

#22atelier #thelightrecap

1 week ago | [YT] | 1,397

The LIGHT Recap Series

ယနေ့ည တင်မယ့် Serie အသစ်ပါ!
ဟိုတလောက ဂျပန်ရောက်နေတယ်ဆိုတဲ့ ကျွန်တော့် မိတ်ဆွေတစ်ယောက်က စောစောတင်ပေးပါဆိုလို့ Serie Channel ကို ညနေ ၆ နာရီ ပြောင်းတင်ပေးမှာဖြစ်ပါတယ်ဗျ

စကားမဆက် ဒီညနေ တင်မယ့် Serie နာမည်လေး သိရင် Comment မှာ ရေးပေးခဲ့ကြပါဦးဗျ

#thelightrecap

1 month ago | [YT] | 1,544

The LIGHT Recap Series

ဒီည ၈နာရီ
Series အသစ် ထုံးစံအတိုင်း
တစ်ရက် တစ်ပိုင်း တင်သွားပေးပါ့မယ်ဗျ

1 month ago | [YT] | 2,238

The LIGHT Recap Series

ဒီ Series က အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် အခြေခံထားပြီး၊ ဖိလစ်ပိုင်နိုင်ငံမှာ ကာစီနိုလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ ကိုရီးယားလူမျိုး ကာစီနိုပိုင်ရှင်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်

ညစဉ် ၈ နာရီတိုင်း တစ်ရက် တစ်ပိုင်းကို The LIGHT Recap Series Channel မှာ တင်ပေးသွားပါ့မယ်ဗျ

3 months ago | [YT] | 1,789

The LIGHT Recap Series

Page အတု ဖြစ်ပါတယ်
Video တွေ ဖျက်ချဖို့ ပုံတွေပြောင်းပေးဖို့ သွားပြောပေမယ့် Block သွားတဲ့အပြင်
Recappian Myanmar က Video တွေကိုပါ ယူတင်ထားတာက
ရန်တိုက်သလို ပုံဖျက်သလို ဖြစ်စေပါတယ်
ခင်ဗျားတို့ Screen နောက် Keyboard နောက်မှာ ကြိုက်သလို ပုန်းပြီး
စရိုက်ဆန်ဆန် ကူးယူတင်နေလို့ရပါတယ်
နာမည်ပါ ဖျက်တဲ့အထိ အောက်တန်းကျတာမျိုးတွေကိုတော့ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်

လက်လှမ်းမှီသူအချို့ကတော့ ဘာ Comment မှ မပေးပဲ လမ်းကြုံရင် Report ဝိုင်းပေးဖို့ ထပ်မံတောင်းဆိုချင်ပါတယ်
Comment မှာ Link ချပေးထားပါ့မယ်


#thelightrecap

3 months ago | [YT] | 835

The LIGHT Recap Series

Video ခိုးတင်နေတဲ့ ကိစ္စ ကျွန်တော့်ကို အသိလာပေးကြသူ တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်

တစ်ဖက်က ကြည့်ရင် ကိုယ့် Video တွေ ယူတင်တာကို ဒေါသဖြစ်ရ Report ဝင်ပေးရနဲ့ အဲ့လို နေ့မျိုးဆို ကျွန်တော်အလုပ်လုပ်ဖို့လည်း စိတ်လေသွားတတ်ပါတယ် ။ Video ယူတင်တဲ့ လူတွေကိုယ်တိုင်ကိုက ကျွန်တော် သူတို့ကို မြင်မယ်၊ Report ထု ပေးပါဦး Post တင်မယ်ဆိုရင် Reach ရောက်ဖို့ ရည်ရွယ်ချက်နဲ့ကို တမင် မျက်‌နှာပြောင်တိုက်ပြီး တင်နေပုံရတဲ့အတွက် မြင်တဲ့အခါ ဝင်မဆဲ၊ ဝင်မကြည့်ပဲ Report ပေးပြီး လှည့်ပြန်ခဲ့ပေးပါရန် မေတ္တာရပ်ခံပါတယ်။

မြန်မာပြည်အနေအထားအရ ပုံတူရိုက်ပြီး Video တွေ တင်ထားတဲ့အခါ ထို Page / account ကို အစစ်လို့ပဲ ထင်ပြီး ဝင်ကြည့်ကြပါတယ်။ တစ်ချို့က မျက်စိရှေ့ ပေါ်လာတဲ့ Reel မို့ ကြည့်လိုက်တာမျိုးရှိပြီး အစစ်တွေအတုတွေ ခွဲခြား မသိနိုင်ပါ။ ဒါကို Video ယူတင်သူတွေက ကောင်းကောင်းသိပြီး အသုံးချ ငွေရှာဖို့ ကြိုးစားနေကြတာဖြစ်ပါတယ် Facebook နဲ့ YouTube က ကျွန်တော်တို့ကိုယ်တိုင် Edit ထားပါတယ်ဆိုတဲ့ အထောက်အထားနဲ့ ဖြုတ်ချလို့ ရနိုင်ပေမယ့် Tiktok လို Social media မျိုးက တအားဖေါင်းဖွပြီး Report လည်း ထိထိရောက်ရောက် အရေးမယူနိုင်ပါဘူး ဒီတော့ တချို့ ကြိုးစားပန်းစား Quality တစ်ခုရအောင် အချိန်ပေးခဲ့ရတဲ့ Creator တိုင်း အတွက် ငါလုပ်တာနဲ့ တန်ရဲ့လားဆိုတဲ့ အတွေးဝင်လာပြီး Quality ဆိုတာကို မေ့ - ပေါပေါများများ တင်နိုင်ဖို့သာ အာရုံစိုက်လာကြပါတယ် ။ ဘာနဲ့တူလဲဆို ကျွန်တော်တို့ ဝိုင်းဆဲနေတဲ့ မြန်မာ ပေါကားတွေနဲ့ တူလာပါတယ်။

ဒါတွေ လျော့ပါးသွားအောင်လုပ်ဖို့ကလည်း မြန်မာပြည်မို့ ခက်ပါတယ်ဗျ။ နောက်ပိုင်း သူများ Content ကို Copyright မမိအောင် ဘယ်လို ခိုးတင်ရမလဲဆိုတဲ့ သင်တန်းတွေပါ ဖွင့်စားလာပြီမို့ မိတ်ဆွေတို့အနေနဲ့ ဖေါဖေါသီသီ မျက်စိနောက်စရာတွေ တွေ့လာရဦးမှာဖြစ်ပါတယ်။ ကျွန်တော်အလုပ်လုပ်နေတဲ့ Page တွေနဲ့ YouTube Channel တွေရဲ့ Link တွေကို Comment မှာ ချပေးထားပါ့မယ်။ အဲ့ဒါတွေအပြင် တခြား ဆင်တူယိုးမှားတွေက ကျွန်တော်နဲ့ မသက်ဆိုင်ကြောင်းပါ အသိပေးပါရစေဗျ။

THE LIGHT Recap.

#thelightrecap #movierecapmyanmar

4 months ago | [YT] | 649

The LIGHT Recap Series

ကျွန်တော် သင်တန်းတော့ ဖွင့်မထားပေမယ့်
ဒါက ပထမဆုံးသင်တန်းသူ ညီမလေးရဲ့ Channel ပါ
Script က အစ လေယူလေသိမ်း တိုးတတ်လာအောင် သင်ကြားပေးနေဆဲကာလမို့ အမှားတွေပါရင် အားမလျော့ပဲကြိုးစားချင်စိတ်လေး ရှိအောင် လမ်းပြပေးကြပါဦးဗျ 🫶😁

Like & Subscribe လေးနဲ့လည်း ကူညီပေးခဲ့ကြပါဦးဗျ 🙏

https://youtu.be/LytLP8TfAR4?si=mUtDa...

4 months ago | [YT] | 1,833

The LIGHT Recap Series

မင်္ဂလာပါ The LIGHT ကပါ

ဒီရက်ပိုင်း ဒီဘဲ ပေါကားတွေပဲ တင်နေတယ်လို့ စိတ်ကွက်နေကြမှာ ဆိုးလို့ပါ 😁

တကယ်က 2026 မှာ YouTube က နည်းနည်း တင်းကျပ်တာတွေ ရှိနေလို့ ‌ေ သွး ထွက် သံ ယို တွေ သမိုင်းဖြစ်ရပ်နဲ့ ဆိုင်တာတွေရော ပိုင်ရှင် Company တွေရဲ့ မူပိုင်ခွင့်တင်းကျပ်လာတာတွေရောကြောင့် နည်းနည်းလေး ကျော်ခွလို့ ရနိုင်တာတွေပဲ ရှာရင်း တင်ရင်း အချိန်လည်း ကြာနေတာဖြစ်ပါတယ်

အခု အသိပေးချင်တာက ဖြစ်ရပ်မှန်အကြောင်းအရာတွေ ကျွန်တော် မသိသေးတာတွေရော သိပြီးသားတွေရောကို DOCUMENTARY By THE LIGHT နာမည်နဲ့ YouTube Channel ရော Facebook page ( အရင် The LIGHT Recap 2 is here) မှာပါ အသစ် ထပ်တင်ချင်တဲ့အကြောင်းပါ။

ကျွန်တော် တင်တဲ့ အချက်အလက်တွေက မှားနေရင် ထောက်ပြရင်း ဗဟုသုတတွေ ဖလှယ်ဖို့ ကြိုးစားကြည့်ရအောင်ဗျ။ ဒါမှ အမှားတွေ မသိသေးတာတွေကို အမှန်အသား လုပ်နိုင်မှာ မို့လို့ပါ။

Movie Recap တွေကိုလည်း အရင်ထက် ပိုမြန်မြန်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ တင်တာကြာလို့ စိတ်မဆိုးကြဖို့လည်း မေတ္တာရပ်ခံပါတယ် 🥰

THE LIGHT.

4 months ago | [YT] | 1,120

The LIGHT Recap Series

တစ်ကားလုံး ထိုးနေတဲ့ Season-2 မလာခင် ပြန်နွှေးဖို့
https://youtu.be/gh8zDXb9Jrg?si=M8zYX...

5 months ago | [YT] | 2,287