Million Dollar Baby - MDB

Pick-your-own^_^:-)


Million Dollar Baby - MDB

ဒုဓလီ ( Dandelions) ပန်းလေးတွေရဲ့ အဓိပ္ပာယ်က "ကိုယ့်အချစ်တွေအားလုံး ‌မင်းကိုပေးပါတယ်တဲ့"
ဒီလိုဘဲ ချစ်ခြင်းမေတ္တာမှာ gender ရယ်လိုခွဲခြားထားတာ မရှိဘဲ စိတ်ထဲမှာရှိတဲ့အတိုင်း ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဖွင့်ဟသင့်ပါတယ်။ ဒါဟာရှက်စရာမဟုတ်ဘဲ သတ္တိရှိတဲ့အရာပါ။ဘာလို့ဆို ချစ်တာကိုချစ်တယ်လို့ ပြောရဲတဲ့သတ္တိက နည်းတာမှမဟုတ်တာ။အချစ်ကို ကစားပြီး သစ္စာဖောက် ကတိမတည်တဲ့သူတွေထပ်စာရင် ချစ်ကြောင်းကိုဖွင့်ဟပြီး အချစ်ကိုတန်ဖိုးထားတာကမှ အများကြီးတန်ဖိုးရှိပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကို ဖွင့်ဟဝန်ခံဖို့ မမေ့ကြနဲ့နော်။

Translation အပြည့်စုံကိုတော့ မင်မင် Yt Channel မှာကြည့်ဖို့မမေ့နဲ့နော် 🙌🏻🎀🍓

10 months ago | [YT] | 3

Million Dollar Baby - MDB

ဒုဓလီ ( Dandelions) ပန်းလေးတွေရဲ့ အဓိပ္ပာယ်က "ကိုယ့်အချစ်တွေအားလုံး ‌မင်းကိုပေးပါတယ်တဲ့"
ဒီလိုဘဲ ချစ်ခြင်းမေတ္တာမှာ gender ရယ်လိုခွဲခြားထားတာ မရှိဘဲ စိတ်ထဲမှာရှိတဲ့အတိုင်း ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဖွင့်ဟသင့်ပါတယ်။ ဒါဟာရှက်စရာမဟုတ်ဘဲ သတ္တိရှိတဲ့အရာပါ။ဘာလို့ဆို ချစ်တာကိုချစ်တယ်လို့ ပြောရဲတဲ့သတ္တိက နည်းတာမှမဟုတ်တာ။အချစ်ကို ကစားပြီး သစ္စာဖောက် ကတိမတည်တဲ့သူတွေထပ်စာရင် ချစ်ကြောင်းကိုဖွင့်ဟပြီး အချစ်ကိုတန်ဖိုးထားတာကမှ အများကြီးတန်ဖိုးရှိပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကို ဖွင့်ဟဝန်ခံဖို့ မမေ့ကြနဲ့နော်။

10 months ago | [YT] | 2

Million Dollar Baby - MDB

Channel လေး 3k subscribers ပြည့်သွားတဲ့အတွက် မင်မင် request songs translation လေးလုပ်ပေးပါမယ်နော် ဘာသာပြန်စေချင်တဲ့သီချင်းလေးတွေရှိရင်မန့်ခဲ့ပါနော် တတ်နိုင်သလောက်ဘာသာပြန်ပေးပါမယ်နော်🥰

Thanks for 3k subscribers,I would like to request songs translation,so if you have want to some translation songs,you can comment,I'll try my best🥰

2 years ago | [YT] | 9

Million Dollar Baby - MDB

Happy 1k Subscribers 🎊🎉🎉🎉
မင်မင်channelလေး1kပြည့်သွားပါပြီနော်။စဖွင့်ထဲကအားပေးလာကြတယ် viewers တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောကိလည်းမင်မင်ကြိုးစားပြီးဘာသာပြန်ပေးသွားပါ့မယ်။ကိုယ်တောင်းဆိုချင်တဲ့သီချင်းလေးတွေရှိရင်commentမှာလာရေးပေးလို့ရပါတယ်နော်🤗

3 years ago | [YT] | 8

Million Dollar Baby - MDB

Hi, everyone 👋👋

မင်မင်ပျောက်နေတာကြာပြီမို့လို့ပါ။မင်မင်အခုနောက်ပိုင်းgirl power songs လေးတွေရွေးပြီးတင်ပေးမယ်နော်။ဘယ်သီချင်းလေးတွေကိုအရင်တင်ပေးရမလဲပြောပေးကြပါဦး🤗

Little Mix - Women like me
Ariana Grande,Miley Cyrus,Lana Del Rey - Don't Call Me Angel
Liv Grace Blue - Bad Chick
Little Mix - Sweet Melody
Little Mix - Power
Ariana Grande - God Is A Woman
Emeline - Cinderella's Dead,Now

3 years ago | [YT] | 6

Million Dollar Baby - MDB

အားလုံးပဲ။မင်္ဂလာပါရှင့်။ဒီနေ့ရဲ့song review လေးကတော့tiktokမှာ 8 lettersသီချင်းလေးနဲ့နာမည်ကြီးနေတဲ့why don't weရဲ့ just friends ဆိုတဲ့သီချင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။why don't weကတော့american boy bandဖြစ်ပြီးတော့အဖွဲ့ဝင်ငါးယောက်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့လေးပဲဖြစ်ပါတယ်။မင်မင်channelမှာwhy don't weရဲ့သီချင်းအများကြီးမရှိပေမယ့်နောက်ပိုင်းကျပိုပြီးဘာသာပြန်ပေးပါ့မယ်။8 lettersတုန်းကအဆွေးသီချင်းလေးဖြစ်ပြီးဒီသီချင်းလေးကတော့မြူးမြူးလေးပဲဖြစ်ပါတယ်။friend zone ထဲကထွက်ချင်တဲ့ကောင်လေးကမူယာမာယာများနေတဲ့ကောင်မလေးကို"ငါတို့ကဒီအတိုင်းသူငယ်ခင်းတွေလို့မပြောပါနဲ့ သူငယ်ချင်းအစားချစ်သူဖြစ်တာပိုကောင်းပါတယ်"ဆိုတဲ့စာသားအနုယွလေးနဲ့ဆိုထားတာဖြစ်ပါတယ်။သီချင်းနားထောင်ပြီးကိုယ်crushနေတဲ့friendတစ်စုံ‌တစ်ယောက်ရှိနေပြီဆ်ုအမြန်သာဝန်ခံလိုက်ပါတော့နော်။စကားမစပ် မင်မင်why don't weရဲ့ 8 letterဆိုတဲ့သီချင်းလေးကိုလည်းအရင်တုန်းကဘယသာပြန်ပေးထားပါတယ်နော်။

Ps.မင်မင်ကခုမှEnglish languageကိုစလေ့လာနေဆဲမို့လို့အမှားတစ်စုံတစ်ရာပါပါကသည်းခံပေးပါရန်တောင်းဆိုပါတယ်။အမှားပါရင်လည်းထောက်ပြလို့ရပါတယ်။

3 years ago | [YT] | 5

Million Dollar Baby - MDB

အားလုံးပဲ။မင်္ဂလာပါရှင့်။ဒီနေ့မင်မင်ရဲ့စိတ်လန်းဆန်းအောင်မင်မင်အရမ်းကြိုက်တဲ့Little Mixရဲ့Black Magic ဆိုတဲ့သီချင်းလေးကိုဘာသာပြန်ပေစထားပါတယ်။Little Mixဆိုတာတဲ့အကုန်လုံးလည်းသိကြလိမ့်မယ်လို့ထင်တယ်။Shout out to my exသီချင်းနဲ့နာမည်ကြီးတဲ့အဖွဲ့ပေါ့နော်။သီချင်းလေးထဲမှာတော့ကြိတ်crushနေတဲ့ကောင်လေးကိုသူ့ကိုပြန်ကြိုက်လာအောင်မှော်အစွမ်းသုံးပြီးဖျားယောင်းထားသလိုဆိုထားတာပါ။သီချင်းလေးကမြူးလည်းမြူးပြီးအားလုံးရဲ့တစ်နေ့တာပင်ပန်းမှုတွေကိုသီချင်းလေးနားထောင်ပြီးဖြေဖျောက်လိုက်ကြပါနော်။Mvလေးရိုက်ထားတာလည်းအရမ်းကိုချစ်ဖို့ကောင်းပါတယ်နော်။

Ps.မင်မင်ကခုမှEnglish languageကိုစလေ့လာနေဆဲမို့လို့အမှားတစ်စုံတစ်ရာပါပါကသည်းခံပေးပါရန်တောင်းဆိုပါတယ်။အမှားပါရင်လည်းထောက်ပြလို့ရပါတယ်။

3 years ago | [YT] | 5

Million Dollar Baby - MDB

အားလုံးပဲ။မင်္ဂလာပါရှင့်။ဒီနေ့မှာတော့အဖေအတွက်ရည်ရွယ်ပြီးဆိုထားတဲ့Camila Cabello ရဲ့First Manဆိုတဲ့သီချင်းလေးကိုreviewပေးချင်ပါတယ်။သီချင်းလေးကအေးအေးလေးနဲ့တစ်ခါနားထောင်လိုက်တာနဲ့အဖေတစ်ယောက်ကသမီးတစ်ယောက်ပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေကိုသိနိုင်မှာပါ။သီချင်းလေးကတော့ဘဝလက်တွဲဖော်ရှာတွေ့သွားပြီးဖြစ်တဲ့သမီးလေးကိုအဖေကလက်မလွှတ်နိုင်ဘဲစိတ်ပူနေရတဲ့အဖေကိုသမီးဖြစ်သူကဘယ်လိုပဲဖြစ်နေပါစေ"အဖေကသာသမီးချစ်ခဲ့ရတဲ့ပထမဆုံးယောင်္ကျား"ပါဆိုပြီးသမီးကအဖေ့ကိုနှစ်သိမ့်ထားတဲ့ပုံစံလေးပါ။သီချင်းစာသားလေးအတိုင်းဆိုရင်မင်္ဂလာခန်းမထဲဝင်ခါနီးအဖေတစ်ယောက်ရဲ့ခံစားချက်ကိုလည်းသိနိုင်ပြီးသမီးတစ်ယောက်ရဲ့အဖေ့ပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမှာပါ။မင်မင်ကဒီသီချင်းလေးကိုအဖေ့အတွက်ရည်ရွယ်ပြီးဘာသာပြန်ပေးလိုက်တာပါ။မင်မင်လက်လျှော့ခါနီးအချိန်တွေအများကြီးပဲရှိတယ်အဲ့ဒီ့အချိန်တိုင်းအဖေကအမြဲနောက်ကနေတွန်းတင်ပေးပြီးအားမလျော့အောင်လို့အားတွေကြီးပဲပေးနေခဲ့တာပါ။အဲ့တာကြောင့်မို့မင်မင်ရဲ့fanလေးတွေအတွက်လည်းကိုယ့်အဖေနဲ့အတူပြောချင်တဲ့စကားတွေအားလုံးသီချင်းလေးကိုအတူတူနားဆင်ပြီးချစ်ခြင်းမေတ္တာတွေပိုနိုင်ပါစေနော်။မနက်ဖြန်ကျရင်အမေ့တွက်သီချင်းလေးကိုတင်ပေးပါ့မယ်နော်။ကျွန်မအတွက်အဖေဆိုတာကသူရဲကောင်းတစ်ယောက်ဖြစ်သလိုအားလုံးအတွက်လည်းအဲ့ဒီ့လိုဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

Ps.မင်မင်ကခုမှEnglish languageကိုစလေ့လာနေဆဲမို့လို့အမှားတစ်စုံတစ်ရာပါပါကသည်းခံပေးပါရန်တောင်းဆိုပါတယ်။အမှားပါရင်လည်းထောက်ပြလို့ရပါတယ်။

3 years ago | [YT] | 10

Million Dollar Baby - MDB

အားလုံးပဲ။မင်္ဂလာပါရှင့်။ဒီနေ့ရဲ့song review လေးကတော့မင်မင်တို့ရဲ့အသည်းလေးjohnnyနဲ့kenzieတို့ရဲ့သီချင်းလေးပဲဖြစ်ပါတယ်။ဒီသီချင်းလေးကတော့johnnyရဲ့လူပျိုပေါက်အရွယ်တုန်းကသီချင်းလေးလို့ပဲပြောရမှာပေါ့နော်။သီချင်းလေးကတော့couple songလေးပဲဖြစ်ပြီးတော့johnnyရောkenzieကောကပါmvထဲမှာကောသီချင်းသီဆိုရာမှာအတွဲညီညီသီဆိုသွားနိုင်တဲ့အချစ်သီချင်းကောင်းလေးပဲဖြစ်ပါတယ်။သီချင်းအဓိပ္ပာယ်‌ကတော့လူငယ်စုံတွဲတိုင်းရဲ့ပြဿ္သနာလေးဖြစ်တဲ့နှစ်ယောက်လုံးကတစ်ယောက်နဲ့တစ်ယောက်ကြိုက်နေကြပေမယ့်ပတ်ဝန်းကျင်ရဲ့အပြောဆိုကိုကြောက်လို့ရှေ့ဆက်ပဲတိုးရမလား။မနာက်ပဲဆုတ်ရမလားဝေခွဲမရတဲ့ပုံစံမျိုးလေးနဲ့ဆိုထားပါ။သီချင်းနာမည်လေးအတိုင်းပဲမင်းကိုသာငါကြိုက်တယ်ပြောလိုက်ရင်ဘာဆက်ဖြစ်မလဲဆိုပြီးအမေးပုံစံမျိုးလေးနဲ့ဆိုထားတာပါ။Mvထဲမှာဆိုရင်လည်းjohnnyကလမ်းသရဲလေးဖြစ်ပြီးkenzieကတော့မိဘပေးစားတဲ့ကောင်လေးပါရှိပြီးkenzieရဲ့အဖေကလည်းjohnnyကိုအရမ်းမုန်း‌နေပြီးအတင်းလိုက်ခွဲနေတဲ့အဖေကိုတောင်ဆန့်ကျင်ပြီးနှစ်ယောက်သားရဲ့အချစ်ကိုပါမြင်တွေ့ရမှာပါ။Mvနဲ့တွဲပြီးဘာသာပြန်ပေးချင်ပေမယ့်copyrightကိစ္စလေးရှိလို့ပါ။Johnnyနဲ့kenzieကသူငယ်ချင်းတွေဖြစ်ပြီးjohnnyနဲ့အခြားcouple song တွေပါထုတ်ဖူးပါတယ်။johnnyရဲ့everything ဆိုတဲ့mvထဲမှာပါkenzieကပါဖူးပါတယ်။တစ်နည်းအားဖြင့်johnနဲ့kenzieကသူငယ်ချင်းတွေကောင်းတွေပါ။၂၀၁၆ကလောက်သူတို့နှစ်ယောက်ကတွဲဖူးပါတယ်။ခဏလောက်ပဲတွဲပြီးပြန်ပြတ်သွားပါတယ်။အခုတော့johnရောkenzieပါကိုယ့်ဘဝကိုရှေ့ဆက်နေပါပြီ။kenzieကတော့လက်ရှိရည်စားရှိပြီးjohnကတော့သူရဲ့ရည်စားmia terranceနဲ့ရှေ့နှစ်ကမှပြတ်သွားပြီးခုတော့johnnyကsingleပေါ့နော်🥹။Reviewလေးကလည်းရှည်သွားပြီဆိုတော့သီချင်းလေးနားထောင်ပြီးအပျော်တွေကူးစက်ပါစေနော်😘🥰

Ps.မင်မင်ကခုမှEnglish languageကိုစလေ့လာနေဆဲမို့လို့အမှားတစ်စုံတစ်ရာပါပါကသည်းခံပေးပါရန်တောင်းဆိုပါတယ်။အမှားပါရင်လည်းထောက်ပြလို့ရပါတယ်။

3 years ago | [YT] | 6

Million Dollar Baby - MDB

အားလုံးပဲ။မင်္ဂလာပါရှင့်။ဒီနေ့ရဲ့song review လေးကတော့Justin Bieber ရဲ့သီချင်းလေးပဲဖြစ်ပါတယ်။သီချင်းလေးကတော့Anyoneဖြစ်ပြီးအချစ်သီချင်းလေးပဲဖြစ်ပါတယ်။အဓိပ္ပာယ်လေးကတော့အခုတော့နှစ်ယောက်လုံးအရမ်းချစ်ကြပေမယ့်အနာဂတ်မှာဘာဖြစ်လာနိုင်မလဲမသိတာမို့မင်းသာကိုယ်မပါလဲရှေ့ဆက်မယ်ဆိုရင်မင်းကိုပြောချင်တယ် မင်းကကိုယ်ချစ်ဘူးတဲ့တစ်ဦးတည်းသောလူမင်းမှလွဲရင်ကိုယ့်မှာဘယ်သူမှမရှိဘူးဆိုတဲ့ပုံစံမျိုးလေးနဲ့အနာဂတ်မှာသူ့ကိုထားခဲ့ရင်မထားခဲ့အောင်လို့ချုပ်ပြီးဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်။သီချင်းစာသားလေးတွေကတော့JBရဲ့သီချင်းလို့မပြောရအောင်အဓိပ္ပာယ်ရှိလှပြီးနားထောင်ပြီးတာနဲ့ပါးစပ်တောင်ပြန်စိလို့မရအောင်ကိုဖြစ်မိပါတယ်။သီချင်းလေးကိုနားထောင်ပြီးကိုယ်ချစ်ရတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုချစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။mvလေးရိုက်ထားတာလည်းအရမ်းကောင်းတာမို့သွားကြည့်လိုက်ကြပါဦးနော်။

Ps.မင်မင်ကခုမှEnglish languageကိုစလေ့လာနေဆဲမို့လို့အမှားတစ်စုံတစ်ရာပါပါကသည်းခံပေးပါရန်တောင်းဆိုပါတယ်။အမှားပါရင်လည်းထောက်ပြလို့ရပါတယ်။

3 years ago | [YT] | 5