Channel W MLBB News & Media
Channel W
Team Secret ကတော့ J’DAI အသင်းကို 3-1 နဲ့အနိုင်ယူပြီး Playoffs အဆင့်ကိုတက်လှမ်းသွားပါပြီ။ မနက်ဖြန် Play-Ins Final မှာ Yangon Galacticos နဲ့ ကစားရပါမယ်။#SoloBerry#ChannelW#MSLMMS4
4 hours ago | [YT] | 132
View 8 replies
All Star အသင်းအဖြစ်နဲ့ ပရိသတ်တွေမျှော်လင့်ချက်ကြီးကြီးထားခဲ့ကြတဲ့ TEC BG ကတော့ Wyverns Esports ကို Play-Ins Semifinal မှာ ရှုံးနိမ့်ပြီး MSL MM S4 ကနေ ထွက်ခွါခဲ့ရပါပြီ။ Wyverns Esports က မနက်ဖြန် Falcon Esports နဲ့ဆုံတွေ့ပါမယ်။ #SoloBerry #ChannelW#MSLMMS4
7 hours ago | [YT] | 336
View 12 replies
ဒီနေ့ MPL ID ပွဲစဉ်တွေက ထူးခြားတဲ့ရမှတ်သက်ရောက်မှုမျိုးမရှိမယ့်ပွဲစဉ်တွေဖြစ်ပါတယ်။DEWA, GEEK နဲ့ RRQ တို့က Playoffs မတက်၊ ကျန်အသင်းတွေကလည်း Upper Bracket မတက်နိုင်တော့တဲ့အနေအထားပါ။#SoloBerry ✨✍🏻#ChannelW#MPLIDS18
16 hours ago | [YT] | 176
View 3 replies
MSL Myanmar S4 ရဲ့ Play-Ins အဆင့်ကို ဒီနေ့နဲ့ မနက်ဖြန် ယှဉ်ပြိုင်ကြပါတော့မယ်။ဒီနေ့ပွဲစဉ် ၂ ပွဲကတော့ လုံးဝရှုံးထွက် BO5 ပွဲစဉ်တွေပါ။ မနက်ဖြန်ပွဲစဉ်တွေကတော့ Upper Bracket နဲ့ Lower Bracket ခွဲပေးမယ့်ပွဲစဉ်တွေ ဖြစ်ပါမယ်။#SoloBerry ✨✍🏻#ChannelW#MSLMMS4
17 hours ago | [YT] | 186
View 2 replies
လာမယ့် IESF 2026 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအသင်း ရွေးချယ်တဲ့ National Qualifier ကို မနေ့က တစ်ရက်တည်းအတွင်း ကျင်းပခဲ့ပြီး နောက်ဆုံးမှာတော့ Falcon Esports က ကိုယ်စားပြုခွင့်ကို ထပ်မံရယူသွားနိုင်ခဲ့ပါတယ်။ဒီ Qualifier မှာ MSL Myanmar က အသင်းအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final မှာတော့ Falcon Esports နဲ့ Team Secret တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။အဆုံးသတ်မှာတော့ Falcon Esports က Team Secret ကို ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ယူပြီး IESF 2026 မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ဒီအောင်မြင်မှုဟာ Falcon Esports အတွက် သာမန် Qualifier Champion ဆုတစ်ခုထက် ပိုပြီး အဓိပ္ပာယ်ရှိနေပါတယ်။အကြောင်းကတော့ 2026 ခုနှစ် တစ်နှစ်တည်းအတွင်း မြန်မာနိုင်ငံကိုယ်စားပြုခွင့် တတိယအကြိမ်မြောက် ရရှိခဲ့တာ ကြောင့်ပါပဲ။Falcon Esports ဟာ ယခုနှစ်အတွင်း—Global Esports Games (GEG)CAEC 2026IESF 2026ဆိုတဲ့ International Tournament သုံးခုအတွက် National Qualifier တွေကို အနိုင်ရရှိပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဆက်တိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီတစ်ကြိမ် IESF Qualifier ဟာ Falcon Esports အတွက် ယခင်နှစ်ကြိမ်နဲ့ မတူညီတဲ့ ထူးခြားချက်တစ်ခု ရှိနေပါတယ်။အဲဒါကတော့ Yangon Galacticos ကိုယ်တိုင် ဒီ Qualifier မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ပါပဲ။ယခင် GEG နဲ့ CAEC Qualifier တွေမှာတော့ International Tournament Schedule တွေ တိုက်ဆိုင်နေခဲ့တာကြောင့် YG အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ဒါကြောင့် Falcon ရဲ့ ကိုယ်စားပြုခွင့်ရရှိမှုတွေနဲ့ပတ်သက်ပြီး YG ပါဝင်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ရလဒ်ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေခဲ့ပါတယ်။အခု IESF Qualifier မှာတော့ အဲဒီလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။Asian Games 2026 Gold Medalist တွေနဲ့ ဖွဲ့စည်းထားတဲ့ YG ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Team Secret ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတယ်လို့ သိရပါတယ်။ (Falcon အနေနဲ့ တွေ့ဆုံခွင့်မရှိခဲ့တဲ့ YG ကို တိုက်ရိုက်အနိုင်ယူနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။)တစ်ဖက်မှာတော့ Falcon Esports ဟာ YG ကို အနိုင်ယူခဲ့တဲ့ Team Secret ကို Grand Final မှာ ထပ်မံအနိုင်ယူပြီး National Qualifier Champion ဖြစ်လာခဲ့တာပါ။YG အပါအဝင် MSL အသင်းအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Qualifier တစ်ခုမှာ Champion ဖြစ်လာနိုင်ခဲ့ခြင်းကတော့ Falcon Esports ရဲ့ လက်ရှိယှဉ်ပြိုင်နိုင်စွမ်းကို ထပ်မံသက်သေပြနိုင်ခဲ့တဲ့ ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။အထူးသဖြင့် တစ်နှစ်အတွင်း National Qualifier သုံးကြိမ်ဆက် အနိုင်ရရှိခဲ့ခြင်း ဟာ Falcon Esports ရဲ့ Domestic Performance ပိုင်းမှာ တည်ငြိမ်မှုရှိလာနေတယ်ဆိုတာကို ဖော်ပြနေတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။ဒါပေမယ့် National Qualifier တွေမှာ အောင်မြင်မှုရရှိခြင်းနဲ့ International Stage ပေါ်မှာ အောင်မြင်မှုရရှိခြင်းဟာ မတူညီတဲ့ စိန်ခေါ်မှုနှစ်ခု ဖြစ်ပါတယ်။Falcon Esports အတွက် အခုအချိန်မှာ အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဘယ်နှကြိမ်ရရှိခဲ့သလဲဆိုတာထက် အဲဒီအခွင့်အရေးတွေကို International Results ကောင်းတွေအဖြစ် ဘယ်လောက်အထိ ပြောင်းလဲနိုင်မလဲဆိုတာပါပဲ။2026 ခုနှစ်အတွင်း မြန်မာနိုင်ငံကိုယ်စားပြုခွင့် သုံးကြိမ်ဆက် ရရှိခဲ့တဲ့ Falcon Esports ဟာ International Stage ပေါ်မှာလည်း မြန်မာပရိသတ်တွေ မျှော်လင့်ထားတဲ့ အောင်မြင်မှုတွေကို ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။#Esilent#ChannelW#IESF2026 #FalconEsports
18 hours ago | [YT] | 307
View 28 replies
ဒီနေ့ MPL ID ပွဲစဥ် ရလဒ်တွေ ဖြစ်ပါတယ်။#ChannelW
1 day ago | [YT] | 157
View 0 replies
ဒီနေ့ MPL ID နောက်ဆုံးအပတ်ပွဲစဉ် ၂ ပွဲမှာ အရေးကြီးတာကတော့ NAVI ရော၊ ALTER EGO ရော အနိုင်ရသင့်တဲ့ပွဲစဉ်တွေ ဖြစ်နေပါတယ်။RRQ နဲ့ GEEK က Playoffs မတက်တာသေချာပြီဆိုပေမယ့် AE နဲ့ NAVI က Upper Bracket ရဖို့အတွက် အနိုင်ရဖို့လိုပါတယ်။#SoloBerry ✨✍🏻#ChannelW#MPLIDS18
1 day ago | [YT] | 183
View 7 replies
Playoffs တက်မယ့်အသင်းတွေ အဖြေပေါ်သွားပြီဖြစ်တဲ့ MPL ID Season 18 — Last Week မှာ ဘာတွေစောင့်ကြည့်ရဦးမလဲ?MPL Indonesia Season 18 ရဲ့ Regular Season ပွဲစဉ်တွေ ပြီးဆုံးဖို့ နောက်ဆုံးရက်သတ္တပတ်တစ်ပတ်သာ ကျန်ရှိတော့ပေမယ့် ဘယ်အသင်းတွေ Playoffs တက်ရောက်ခွင့်ရမလဲ၊ ဘယ်အသင်းတွေ Regular Season မှာတင် ခရီးဆုံးရမလဲ ဆိုတဲ့ မေးခွန်းတွေအတွက်တော့ အဖြေတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ဒီရာသီမှာ Dewa United, Geek Fam နဲ့ RRQ Hoshi တို့ဟာ Playoffs ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ကျန်ရှိတဲ့ အသင်း ၆ သင်းကတော့ နောက်တစ်ဆင့်ကို တက်ရောက်ခွင့် ရရှိသွားခဲ့ကြပါပြီ။Regular Season ရဲ့ နောက်ဆုံးအပတ်ဟာ အရင်ရာသီတွေလို Playoffs Ticket အတွက် နောက်ဆုံးအချိန်အထိ အပြိုင်အဆိုင် တိုက်ပွဲဝင်ရမယ့် အခြေအနေမျိုး မရှိတော့တာကြောင့် ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှု အနည်းငယ်လျော့နည်းသွားနိုင်ပါတယ်။ဒါပေမယ့် Last Week ပွဲစဉ်တွေမှာ စောင့်ကြည့်စရာ မရှိတော့ဘူးလို့တော့ မဆိုနိုင်ပါဘူး။အဓိက စိတ်ဝင်စားစရာကတော့ NAVI, TLID နဲ့ AE တို့ရဲ့ Upper Bracket နေရာတွေအတွက် ပြိုင်ဆိုင်မှုပါပဲ။ Playoffs တက်ရောက်ခွင့် သေချာသွားပြီဖြစ်ပေမယ့် အသင်းတွေရဲ့ Final Standings ဟာ Playoffs Stage မှာ ဘယ်လိုအခြေအနေမျိုးနဲ့ စတင်ယှဉ်ပြိုင်ရမလဲဆိုတာအပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။အထူးသဖြင့် Upper Bracket နေရာကို ရယူနိုင်ခြင်းဟာ Playoffs ခရီးစဉ်မှာ အားသာချက်တစ်ခု ရရှိစေနိုင်တာကြောင့် ထိပ်ဆုံးနေရာတွေအတွက် ပြိုင်ဆိုင်နေတဲ့ အသင်းတွေဟာ လက်ကျန်ပွဲစဉ်တွေကို ပေါ့ပေါ့ဆဆ ကစားလို့ရမှာ မဟုတ်ပါဘူး။တစ်ဖက်မှာလည်း Playoffs နဲ့ လွဲချော်ခဲ့ရတဲ့ အသင်းတွေအတွက် ဒီပွဲစဉ်တွေဟာ ရာသီကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေး တွေ ဖြစ်လာမှာပါ။#Esilent#ChannelW#MPLIDS18
1 day ago | [YT] | 270
View 4 replies
International Stage ပေါ်မှာတောင် ပြိုင်ဘက်အသင်းတွေအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တဲ့ AURORA Gaming Turkyie ဟာ ယခု MTC Season မှာလည်း နံပါတ် ၁ အသင်းအဖြစ်နဲ့ အမြဲလွှမ်းမိုးနေခဲ့တဲ့အသင်းပါ။ မကြာသေးမီက ကစားခဲ့တဲ့ MTC (Mobile Legends Türkiye Championship) ပွဲစဉ်တစ်ခုမှာ AURORA Gaming ဟာ DIA Ozarox အသင်းကို 1-2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီး သူတို့ရဲ့ အံ့မခန်းစံချိန်တစ်ခုလည်း အဆုံးသတ်သွားခဲ့ရပါတယ်။အဲဒါကတော့ 45 Matches Unbeaten Streak ပါပဲ။AURORA Gaming ဟာ တခြားအသင်းနာမည်ကနေ AURORA Gaming ဆိုပြီး နာမည်ပြောင်းလဲအပြီး MTC Season 5 ကတည်းက ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းလာနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ DIA Ozarox က အဲဒီစံချိန်ကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။45 ပွဲဆက် ရှုံးပွဲမရှိဘဲ ရပ်တည်နိုင်ခဲ့ခြင်း ဆိုတာ League တစ်ခုမှာ အသင်းတစ်သင်းရဲ့ တည်ငြိမ်မှုအင်အားကို ဖော်ပြနေတဲ့ မှတ်တမ်းတစ်ခုပါ။ဒါပေမယ့် Esports မှာ ဘယ်လောက်ပဲ အင်အားကြီးတဲ့အသင်းဖြစ်နေပါစေ ရှုံးနိမ့်ခြင်းကနေ အမြဲတမ်းကင်းလွတ်နေနိုင်မှာတော့ မဟုတ်ပါဘူး။အထူးသဖြင့် ဒီရာသီမှာ Aurora Gaming ကို ရင်ဆိုင်နေတဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းက ပိုမိုမြင့်တက်လာနေပြီလားဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ DIA အတွက် ဒီနိုင်ပွဲဟာ သာမန် Regular Season နိုင်ပွဲတစ်ပွဲထက် ပိုပြီးအဓိပ္ပာယ်ရှိနေပါတယ်။ 45 ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ Champion အသင်းကို ပထမဆုံး ရပ်တန့်နိုင်ခဲ့တဲ့အသင်း ဆိုတဲ့ မှတ်တမ်းကို သူတို့ပိုင်ဆိုင်သွားခဲ့တာကြောင့်ပါပဲ။Aurora Gaming အတွက်တော့ ဒီရှုံးပွဲဟာ သူတို့ရဲ့ အင်အားကျဆင်းသွားပြီဆိုတာကို တစ်ပွဲတည်းနဲ့ သက်သေမပြနိုင်ပေမယ့် MTC မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေ ပေါ်ထွက်လာနေပြီ ဆိုတဲ့ သတိပေးချက်တစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။45 ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်က အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် Aurora Gaming ရဲ့ Champion ခရီးစဉ်ကတော့ မပြီးဆုံးသေးပါဘူး။DIA ကို ရှုံးနိမ့်ခဲ့တဲ့ ဒီပွဲဟာ Aurora Gaming အတွက် ခဏတာတိမ်းစောင်းမှုတစ်ခုသာ ဖြစ်မလား၊ ဒါမှမဟုတ် Türkiye MLBB Scene မှာ အင်အားချိန်ခွင်လျှာ စတင်ပြောင်းလဲလာတဲ့ အချက်ပြမှုတစ်ခု ဖြစ်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ 🔥#Esilent#ChannelW#MTCS8 #AURORAGaming
2 days ago | [YT] | 363
View 9 replies
🇵🇭 CAEC 2026 မှာ Philippines ကို ထပ်မံကိုယ်စားပြုခွင့်ရခဲ့တဲ့ Team Liquid PH — ဝေဖန်သံတွေကို ချေဖျက်နိုင်မလား?လာမယ့် CAEC (China-ASEAN Esports Competition) 2026 အတွက် Philippines ကိုယ်စားပြုအသင်း ရွေးချယ်တဲ့ Qualifier ပြိုင်ပွဲကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးမှာတော့ Team Liquid PH က ကိုယ်စားပြုခွင့်ကို ရယူသွားနိုင်ခဲ့ပါတယ်။ဒီ Qualifier ရဲ့ Playoffs Stage မှာ Team Falcons PH, Team Liquid PH, Jamespangks and Friends, Smart Omega, TNC Pro Team နဲ့ RWE တို့ စုစုပေါင်း အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။Grand Final မှာတော့ Team Liquid PH နဲ့ RWE တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး Team Liquid PH က 3-1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ CAEC 2026 ရဲ့ Philippines ကိုယ်စားပြုအသင်းအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ဒါပေမယ့် Team Liquid PH အတွက် ဒီကိုယ်စားပြုခွင့်ဟာ International Tournament နောက်တစ်ခုကို သွားရောက်ယှဉ်ပြိုင်ခွင့်ရတာထက် ပိုပြီးအဓိပ္ပာယ်ရှိနေပါတယ်။အကြောင်းကတော့ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ Asian Games 2026 မှာလည်း Philippines ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Indonesia ကို ရှုံးနိမ့်ပြီး Quarterfinal အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့်ပါပဲ။အဲဒီရလဒ်အပြီးမှာ Team Liquid PH ကစားသမားတွေရဲ့ Performance အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို Gold Laner Kelra ကို အသုံးမပြုခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း ပရိသတ်တွေကြား မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ဒါ့အပြင် MSC 2026 နဲ့ Asian Games 2026 တို့မှာ မျှော်လင့်ထားတဲ့ အောင်မြင်မှုမျိုး မရရှိခဲ့တာကြောင့် Team Liquid PH အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေနဲ့ ဖိအားတွေကလည်း ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။အခုတော့ Team Liquid PH ဟာ Philippines ကိုယ်စားပြုအဖြစ် International Stage ပေါ်ကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာဖို့ အခွင့်အရေး ရရှိခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ် CAEC 2026 ဟာ သူတို့အတွက် ပြီးခဲ့တဲ့ပြိုင်ပွဲတွေက ဝေဖန်မှုတွေကို Performance နဲ့ ပြန်လည်တုံ့ပြန်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။တစ်ဖက်မှာလည်း Philippines လို MLBB အင်အားကြီး Region တစ်ခုကို ကိုယ်စားပြုရတာဖြစ်တဲ့အတွက် Team Liquid PH အပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်က နည်းနေမှာတော့ မဟုတ်ပါဘူး။Qualifier မှာ Champion ဖြစ်ခဲ့တာက သူတို့ရဲ့ အရည်အချင်းကို Local Stage ပေါ်မှာ ထပ်မံသက်သေပြနိုင်ခဲ့တာ ဖြစ်ပေမယ့် International Stage ပေါ်မှာတော့ သက်သေပြစရာတွေ ကျန်ရှိနေဆဲပါပဲ။MSC 2026 နဲ့ Asian Games 2026 တို့မှာ မျှော်လင့်ထားသလို ရလဒ်မရခဲ့တဲ့ Team Liquid PH ဟာ CAEC 2026 မှာ Philippines ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်မလား?ဒါမှမဟုတ် International Stage ပေါ်က သူတို့ရဲ့ ရုန်းကန်မှုတွေဟာ ဒီတစ်ကြိမ်မှာလည်း ဆက်လက်ရှိနေဦးမှာလား? 🇵🇭🔥#Esilent#ChannelW#CAEC2026 #TeamLiquidPH
3 days ago | [YT] | 426
View 22 replies
Load more
Channel W
Team Secret ကတော့ J’DAI အသင်းကို 3-1 နဲ့အနိုင်ယူပြီး Playoffs အဆင့်ကိုတက်လှမ်းသွားပါပြီ။ မနက်ဖြန် Play-Ins Final မှာ Yangon Galacticos နဲ့ ကစားရပါမယ်။
#SoloBerry
#ChannelW
#MSLMMS4
4 hours ago | [YT] | 132
View 8 replies
Channel W
All Star အသင်းအဖြစ်နဲ့ ပရိသတ်တွေမျှော်လင့်ချက်ကြီးကြီးထားခဲ့ကြတဲ့ TEC BG ကတော့ Wyverns Esports ကို Play-Ins Semifinal မှာ ရှုံးနိမ့်ပြီး MSL MM S4 ကနေ ထွက်ခွါခဲ့ရပါပြီ။ Wyverns Esports က မနက်ဖြန် Falcon Esports နဲ့ဆုံတွေ့ပါမယ်။
#SoloBerry
#ChannelW
#MSLMMS4
7 hours ago | [YT] | 336
View 12 replies
Channel W
ဒီနေ့ MPL ID ပွဲစဉ်တွေက ထူးခြားတဲ့ရမှတ်သက်ရောက်မှုမျိုးမရှိမယ့်ပွဲစဉ်တွေဖြစ်ပါတယ်။
DEWA, GEEK နဲ့ RRQ တို့က Playoffs မတက်၊ ကျန်အသင်းတွေကလည်း Upper Bracket မတက်နိုင်တော့တဲ့အနေအထားပါ။
#SoloBerry ✨✍🏻
#ChannelW
#MPLIDS18
16 hours ago | [YT] | 176
View 3 replies
Channel W
MSL Myanmar S4 ရဲ့ Play-Ins အဆင့်ကို ဒီနေ့နဲ့ မနက်ဖြန် ယှဉ်ပြိုင်ကြပါတော့မယ်။
ဒီနေ့ပွဲစဉ် ၂ ပွဲကတော့ လုံးဝရှုံးထွက် BO5 ပွဲစဉ်တွေပါ။
မနက်ဖြန်ပွဲစဉ်တွေကတော့ Upper Bracket နဲ့ Lower Bracket ခွဲပေးမယ့်ပွဲစဉ်တွေ ဖြစ်ပါမယ်။
#SoloBerry ✨✍🏻
#ChannelW
#MSLMMS4
17 hours ago | [YT] | 186
View 2 replies
Channel W
လာမယ့် IESF 2026 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအသင်း ရွေးချယ်တဲ့ National Qualifier ကို မနေ့က တစ်ရက်တည်းအတွင်း ကျင်းပခဲ့ပြီး နောက်ဆုံးမှာတော့ Falcon Esports က ကိုယ်စားပြုခွင့်ကို ထပ်မံရယူသွားနိုင်ခဲ့ပါတယ်။
ဒီ Qualifier မှာ MSL Myanmar က အသင်းအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final မှာတော့ Falcon Esports နဲ့ Team Secret တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ Falcon Esports က Team Secret ကို ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ယူပြီး IESF 2026 မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
ဒီအောင်မြင်မှုဟာ Falcon Esports အတွက် သာမန် Qualifier Champion ဆုတစ်ခုထက် ပိုပြီး အဓိပ္ပာယ်ရှိနေပါတယ်။
အကြောင်းကတော့ 2026 ခုနှစ် တစ်နှစ်တည်းအတွင်း မြန်မာနိုင်ငံကိုယ်စားပြုခွင့် တတိယအကြိမ်မြောက် ရရှိခဲ့တာ ကြောင့်ပါပဲ။
Falcon Esports ဟာ ယခုနှစ်အတွင်း—
Global Esports Games (GEG)
CAEC 2026
IESF 2026
ဆိုတဲ့ International Tournament သုံးခုအတွက် National Qualifier တွေကို အနိုင်ရရှိပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဆက်တိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီတစ်ကြိမ် IESF Qualifier ဟာ Falcon Esports အတွက် ယခင်နှစ်ကြိမ်နဲ့ မတူညီတဲ့ ထူးခြားချက်တစ်ခု ရှိနေပါတယ်။
အဲဒါကတော့ Yangon Galacticos ကိုယ်တိုင် ဒီ Qualifier မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ပါပဲ။
ယခင် GEG နဲ့ CAEC Qualifier တွေမှာတော့ International Tournament Schedule တွေ တိုက်ဆိုင်နေခဲ့တာကြောင့် YG အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် Falcon ရဲ့ ကိုယ်စားပြုခွင့်ရရှိမှုတွေနဲ့ပတ်သက်ပြီး YG ပါဝင်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ရလဒ်ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေခဲ့ပါတယ်။
အခု IESF Qualifier မှာတော့ အဲဒီလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။
Asian Games 2026 Gold Medalist တွေနဲ့ ဖွဲ့စည်းထားတဲ့ YG ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Team Secret ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတယ်လို့ သိရပါတယ်။ (Falcon အနေနဲ့ တွေ့ဆုံခွင့်မရှိခဲ့တဲ့ YG ကို တိုက်ရိုက်အနိုင်ယူနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။)
တစ်ဖက်မှာတော့ Falcon Esports ဟာ YG ကို အနိုင်ယူခဲ့တဲ့ Team Secret ကို Grand Final မှာ ထပ်မံအနိုင်ယူပြီး National Qualifier Champion ဖြစ်လာခဲ့တာပါ။
YG အပါအဝင် MSL အသင်းအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Qualifier တစ်ခုမှာ Champion ဖြစ်လာနိုင်ခဲ့ခြင်းကတော့ Falcon Esports ရဲ့ လက်ရှိယှဉ်ပြိုင်နိုင်စွမ်းကို ထပ်မံသက်သေပြနိုင်ခဲ့တဲ့ ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် တစ်နှစ်အတွင်း National Qualifier သုံးကြိမ်ဆက် အနိုင်ရရှိခဲ့ခြင်း ဟာ Falcon Esports ရဲ့ Domestic Performance ပိုင်းမှာ တည်ငြိမ်မှုရှိလာနေတယ်ဆိုတာကို ဖော်ပြနေတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် National Qualifier တွေမှာ အောင်မြင်မှုရရှိခြင်းနဲ့ International Stage ပေါ်မှာ အောင်မြင်မှုရရှိခြင်းဟာ မတူညီတဲ့ စိန်ခေါ်မှုနှစ်ခု ဖြစ်ပါတယ်။
Falcon Esports အတွက် အခုအချိန်မှာ အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဘယ်နှကြိမ်ရရှိခဲ့သလဲဆိုတာထက် အဲဒီအခွင့်အရေးတွေကို International Results ကောင်းတွေအဖြစ် ဘယ်လောက်အထိ ပြောင်းလဲနိုင်မလဲဆိုတာပါပဲ။
2026 ခုနှစ်အတွင်း မြန်မာနိုင်ငံကိုယ်စားပြုခွင့် သုံးကြိမ်ဆက် ရရှိခဲ့တဲ့ Falcon Esports ဟာ International Stage ပေါ်မှာလည်း မြန်မာပရိသတ်တွေ မျှော်လင့်ထားတဲ့ အောင်မြင်မှုတွေကို ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
#Esilent
#ChannelW
#IESF2026 #FalconEsports
18 hours ago | [YT] | 307
View 28 replies
Channel W
ဒီနေ့ MPL ID ပွဲစဥ် ရလဒ်တွေ ဖြစ်ပါတယ်။
#ChannelW
1 day ago | [YT] | 157
View 0 replies
Channel W
ဒီနေ့ MPL ID နောက်ဆုံးအပတ်ပွဲစဉ် ၂ ပွဲမှာ အရေးကြီးတာကတော့ NAVI ရော၊ ALTER EGO ရော အနိုင်ရသင့်တဲ့ပွဲစဉ်တွေ ဖြစ်နေပါတယ်။
RRQ နဲ့ GEEK က Playoffs မတက်တာသေချာပြီဆိုပေမယ့် AE နဲ့ NAVI က Upper Bracket ရဖို့အတွက် အနိုင်ရဖို့လိုပါတယ်။
#SoloBerry ✨✍🏻
#ChannelW
#MPLIDS18
1 day ago | [YT] | 183
View 7 replies
Channel W
Playoffs တက်မယ့်အသင်းတွေ အဖြေပေါ်သွားပြီဖြစ်တဲ့ MPL ID Season 18 — Last Week မှာ ဘာတွေစောင့်ကြည့်ရဦးမလဲ?
MPL Indonesia Season 18 ရဲ့ Regular Season ပွဲစဉ်တွေ ပြီးဆုံးဖို့ နောက်ဆုံးရက်သတ္တပတ်တစ်ပတ်သာ ကျန်ရှိတော့ပေမယ့် ဘယ်အသင်းတွေ Playoffs တက်ရောက်ခွင့်ရမလဲ၊ ဘယ်အသင်းတွေ Regular Season မှာတင် ခရီးဆုံးရမလဲ ဆိုတဲ့ မေးခွန်းတွေအတွက်တော့ အဖြေတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီမှာ Dewa United, Geek Fam နဲ့ RRQ Hoshi တို့ဟာ Playoffs ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ကျန်ရှိတဲ့ အသင်း ၆ သင်းကတော့ နောက်တစ်ဆင့်ကို တက်ရောက်ခွင့် ရရှိသွားခဲ့ကြပါပြီ။
Regular Season ရဲ့ နောက်ဆုံးအပတ်ဟာ အရင်ရာသီတွေလို Playoffs Ticket အတွက် နောက်ဆုံးအချိန်အထိ အပြိုင်အဆိုင် တိုက်ပွဲဝင်ရမယ့် အခြေအနေမျိုး မရှိတော့တာကြောင့် ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှု အနည်းငယ်လျော့နည်းသွားနိုင်ပါတယ်။
ဒါပေမယ့် Last Week ပွဲစဉ်တွေမှာ စောင့်ကြည့်စရာ မရှိတော့ဘူးလို့တော့ မဆိုနိုင်ပါဘူး။
အဓိက စိတ်ဝင်စားစရာကတော့ NAVI, TLID နဲ့ AE တို့ရဲ့ Upper Bracket နေရာတွေအတွက် ပြိုင်ဆိုင်မှုပါပဲ။
Playoffs တက်ရောက်ခွင့် သေချာသွားပြီဖြစ်ပေမယ့် အသင်းတွေရဲ့ Final Standings ဟာ Playoffs Stage မှာ ဘယ်လိုအခြေအနေမျိုးနဲ့ စတင်ယှဉ်ပြိုင်ရမလဲဆိုတာအပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် Upper Bracket နေရာကို ရယူနိုင်ခြင်းဟာ Playoffs ခရီးစဉ်မှာ အားသာချက်တစ်ခု ရရှိစေနိုင်တာကြောင့် ထိပ်ဆုံးနေရာတွေအတွက် ပြိုင်ဆိုင်နေတဲ့ အသင်းတွေဟာ လက်ကျန်ပွဲစဉ်တွေကို ပေါ့ပေါ့ဆဆ ကစားလို့ရမှာ မဟုတ်ပါဘူး။
တစ်ဖက်မှာလည်း Playoffs နဲ့ လွဲချော်ခဲ့ရတဲ့ အသင်းတွေအတွက် ဒီပွဲစဉ်တွေဟာ ရာသီကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေး တွေ ဖြစ်လာမှာပါ။
#Esilent
#ChannelW
#MPLIDS18
1 day ago | [YT] | 270
View 4 replies
Channel W
International Stage ပေါ်မှာတောင် ပြိုင်ဘက်အသင်းတွေအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တဲ့ AURORA Gaming Turkyie ဟာ ယခု MTC Season မှာလည်း နံပါတ် ၁ အသင်းအဖြစ်နဲ့ အမြဲလွှမ်းမိုးနေခဲ့တဲ့အသင်းပါ။
မကြာသေးမီက ကစားခဲ့တဲ့ MTC (Mobile Legends Türkiye Championship) ပွဲစဉ်တစ်ခုမှာ AURORA Gaming ဟာ DIA Ozarox အသင်းကို 1-2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီး သူတို့ရဲ့ အံ့မခန်းစံချိန်တစ်ခုလည်း အဆုံးသတ်သွားခဲ့ရပါတယ်။
အဲဒါကတော့ 45 Matches Unbeaten Streak ပါပဲ။
AURORA Gaming ဟာ တခြားအသင်းနာမည်ကနေ AURORA Gaming ဆိုပြီး နာမည်ပြောင်းလဲအပြီး MTC Season 5 ကတည်းက ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းလာနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ DIA Ozarox က အဲဒီစံချိန်ကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
45 ပွဲဆက် ရှုံးပွဲမရှိဘဲ ရပ်တည်နိုင်ခဲ့ခြင်း ဆိုတာ League တစ်ခုမှာ အသင်းတစ်သင်းရဲ့ တည်ငြိမ်မှုအင်အားကို ဖော်ပြနေတဲ့ မှတ်တမ်းတစ်ခုပါ။
ဒါပေမယ့် Esports မှာ ဘယ်လောက်ပဲ အင်အားကြီးတဲ့အသင်းဖြစ်နေပါစေ ရှုံးနိမ့်ခြင်းကနေ အမြဲတမ်းကင်းလွတ်နေနိုင်မှာတော့ မဟုတ်ပါဘူး။
အထူးသဖြင့် ဒီရာသီမှာ Aurora Gaming ကို ရင်ဆိုင်နေတဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းက ပိုမိုမြင့်တက်လာနေပြီလားဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာတော့ DIA အတွက် ဒီနိုင်ပွဲဟာ သာမန် Regular Season နိုင်ပွဲတစ်ပွဲထက် ပိုပြီးအဓိပ္ပာယ်ရှိနေပါတယ်။ 45 ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ Champion အသင်းကို ပထမဆုံး ရပ်တန့်နိုင်ခဲ့တဲ့အသင်း ဆိုတဲ့ မှတ်တမ်းကို သူတို့ပိုင်ဆိုင်သွားခဲ့တာကြောင့်ပါပဲ။
Aurora Gaming အတွက်တော့ ဒီရှုံးပွဲဟာ သူတို့ရဲ့ အင်အားကျဆင်းသွားပြီဆိုတာကို တစ်ပွဲတည်းနဲ့ သက်သေမပြနိုင်ပေမယ့် MTC မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေ ပေါ်ထွက်လာနေပြီ ဆိုတဲ့ သတိပေးချက်တစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။
45 ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်က အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် Aurora Gaming ရဲ့ Champion ခရီးစဉ်ကတော့ မပြီးဆုံးသေးပါဘူး။
DIA ကို ရှုံးနိမ့်ခဲ့တဲ့ ဒီပွဲဟာ Aurora Gaming အတွက် ခဏတာတိမ်းစောင်းမှုတစ်ခုသာ ဖြစ်မလား၊ ဒါမှမဟုတ် Türkiye MLBB Scene မှာ အင်အားချိန်ခွင်လျှာ စတင်ပြောင်းလဲလာတဲ့ အချက်ပြမှုတစ်ခု ဖြစ်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ 🔥
#Esilent
#ChannelW
#MTCS8 #AURORAGaming
2 days ago | [YT] | 363
View 9 replies
Channel W
🇵🇭 CAEC 2026 မှာ Philippines ကို ထပ်မံကိုယ်စားပြုခွင့်ရခဲ့တဲ့ Team Liquid PH — ဝေဖန်သံတွေကို ချေဖျက်နိုင်မလား?
လာမယ့် CAEC (China-ASEAN Esports Competition) 2026 အတွက် Philippines ကိုယ်စားပြုအသင်း ရွေးချယ်တဲ့ Qualifier ပြိုင်ပွဲကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးမှာတော့ Team Liquid PH က ကိုယ်စားပြုခွင့်ကို ရယူသွားနိုင်ခဲ့ပါတယ်။
ဒီ Qualifier ရဲ့ Playoffs Stage မှာ Team Falcons PH, Team Liquid PH, Jamespangks and Friends, Smart Omega, TNC Pro Team နဲ့ RWE တို့ စုစုပေါင်း အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
Grand Final မှာတော့ Team Liquid PH နဲ့ RWE တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး Team Liquid PH က 3-1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ CAEC 2026 ရဲ့ Philippines ကိုယ်စားပြုအသင်းအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
ဒါပေမယ့် Team Liquid PH အတွက် ဒီကိုယ်စားပြုခွင့်ဟာ International Tournament နောက်တစ်ခုကို သွားရောက်ယှဉ်ပြိုင်ခွင့်ရတာထက် ပိုပြီးအဓိပ္ပာယ်ရှိနေပါတယ်။
အကြောင်းကတော့ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ Asian Games 2026 မှာလည်း Philippines ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Indonesia ကို ရှုံးနိမ့်ပြီး Quarterfinal အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့်ပါပဲ။
အဲဒီရလဒ်အပြီးမှာ Team Liquid PH ကစားသမားတွေရဲ့ Performance အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို Gold Laner Kelra ကို အသုံးမပြုခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း ပရိသတ်တွေကြား မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် MSC 2026 နဲ့ Asian Games 2026 တို့မှာ မျှော်လင့်ထားတဲ့ အောင်မြင်မှုမျိုး မရရှိခဲ့တာကြောင့် Team Liquid PH အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေနဲ့ ဖိအားတွေကလည်း ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အခုတော့ Team Liquid PH ဟာ Philippines ကိုယ်စားပြုအဖြစ် International Stage ပေါ်ကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာဖို့ အခွင့်အရေး ရရှိခဲ့ပြန်ပါပြီ။
ဒီတစ်ကြိမ် CAEC 2026 ဟာ သူတို့အတွက် ပြီးခဲ့တဲ့ပြိုင်ပွဲတွေက ဝေဖန်မှုတွေကို Performance နဲ့ ပြန်လည်တုံ့ပြန်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
တစ်ဖက်မှာလည်း Philippines လို MLBB အင်အားကြီး Region တစ်ခုကို ကိုယ်စားပြုရတာဖြစ်တဲ့အတွက် Team Liquid PH အပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်က နည်းနေမှာတော့ မဟုတ်ပါဘူး။
Qualifier မှာ Champion ဖြစ်ခဲ့တာက သူတို့ရဲ့ အရည်အချင်းကို Local Stage ပေါ်မှာ ထပ်မံသက်သေပြနိုင်ခဲ့တာ ဖြစ်ပေမယ့် International Stage ပေါ်မှာတော့ သက်သေပြစရာတွေ ကျန်ရှိနေဆဲပါပဲ။
MSC 2026 နဲ့ Asian Games 2026 တို့မှာ မျှော်လင့်ထားသလို ရလဒ်မရခဲ့တဲ့ Team Liquid PH ဟာ CAEC 2026 မှာ Philippines ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်မလား?
ဒါမှမဟုတ် International Stage ပေါ်က သူတို့ရဲ့ ရုန်းကန်မှုတွေဟာ ဒီတစ်ကြိမ်မှာလည်း ဆက်လက်ရှိနေဦးမှာလား? 🇵🇭🔥
#Esilent
#ChannelW
#CAEC2026 #TeamLiquidPH
3 days ago | [YT] | 426
View 22 replies
Load more