Channel W MLBB News & Media


Channel W

AP BREN အသင်းရဲ့ Jungler JamesPangks ကတော့ လက်ရှိ MPL PH မှာ သူ့ရဲ့ 4v1, 5v1 Individual Outplay တွေနဲ့ ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝဖမ်းစားနေတဲ့ Jungler တစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် Team Liquid PH နဲ့ ပွဲစဉ်မှာလည်း 5v1 High Ground Defense တစ်ခုကို ပြသခဲ့ပြီး ပရိသတ်တွေဆီက အားပေးသံတွေ အပြည့်အဝရရှိခဲ့ပါတယ်။

ဒါဟာ JamesPangks အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

ယခင်ကတည်းက Suyou, Leomord တို့လို Hero တွေနဲ့ မဖြစ်နိုင်လောက်တဲ့အခြေအနေတွေကနေ Outplay တွေ အကြိမ်ကြိမ် ဖန်တီးပြခဲ့ပြီး သူ့ရဲ့ Individual Skill Ceiling ဘယ်လောက်မြင့်မားလဲဆိုတာ သက်သေပြထားပြီးသားပါ။

ဒါပေမယ့် Individual Performance ကောင်းမွန်သလောက် Team Success ပိုင်းမှာတော့ JamesPangks က ကံမကောင်းခဲ့ဘူးလို့ ဆိုရပါမယ်။

MPL PH Season 15 ကစပြီး League ထဲ ရောက်ရှိလာခဲ့တဲ့ JamesPangks ဟာ ပရိသတ်တွေ မှတ်မိစေမယ့် Highlight Moment တွေ အကြိမ်ကြိမ် ဖန်တီးနိုင်ခဲ့ပေမယ့် Playoffs Stage ကိုတော့ ယခု Season အထိ တစ်ကြိမ်မှ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

Team Liquid PH ရဲ့ Jungler KarlTzy ကိုယ်တိုင်ကလည်း JamesPangks ရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး—

“JamesPangks က တကယ်ကောင်းတဲ့ Jungler တစ်ယောက်ပါ။ စိတ်မကောင်းစရာက သူ အသင်းမှားရောက်နေတာပါပဲ။” ဆိုတဲ့သဘောမျိုး မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အခုတော့ JamesPangks ရဲ့ ဒီ Record ကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ခု ရှိနေပါသေးတယ်။

MPL PH Season 18 Playoffs Ticket က တစ်နေရာစာသာ ကျန်ရှိတော့ပြီး အဲဒီနောက်ဆုံးလက်မှတ်ကို AP.Bren အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မလား၊ JamesPangks အနေနဲ့လည်း သူ့ရဲ့ MPL Career ပထမဆုံး Playoffs ကို ရောက်ရှိနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

#Esilent

#ChannelW
#MPLPHS18 #APBREN

3 hours ago | [YT] | 123

Channel W

💔 နိုင်ပွဲမရသေးဘဲ Playoffs ကို ပထမဆုံးလွဲချော်ခဲ့ရတဲ့ Twisted Minds PH

MPL PH Season 18 ဟာ Regular Season ပြီးဆုံးဖို့အတွက် နောက်ဆုံးရက်သတ္တပတ်တစ်ပတ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒီလို Regular Season အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာတော့ Twisted Minds PH ဟာ Season 18 Playoffs နဲ့ ပထမဆုံးလွဲချော်သွားတဲ့ အသင်းဖြစ်လာခဲ့ပါပြီ။

လက်ကျန်ပွဲစဉ် ၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် လက်ရှိအချိန်အထိ Match Win တစ်ပွဲမှ မရရှိသေးတဲ့အတွက် Standings အရ Playoffs ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ Season မစတင်ခင် Twisted Minds PH ရဲ့ အပြောင်းအရွှေ့တွေက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

Dewa United မှ Jungler Kayn နဲ့အတူ World Champion Gold Laner Bunnyqt တို့ကို ခေါ်ယူအားဖြည့်ခဲ့တာကြောင့် ယခင်ရာသီတွေထက် ပိုကောင်းတဲ့ Performance တစ်ခုကို မျှော်လင့်စရာရှိခဲ့ပေမယ့် လက်တွေ့ရလဒ်တွေကတော့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။

Twisted Minds PH ဟာ MPL PH Season 15 ကတည်းက League မှာ အခြေချလာခဲ့ပြီး Playoffs Stage ကို ဆက်တိုက်ရောက်ရှိခဲ့ပေမယ့် သုံးရာသီကြာလာချိန် Season 18 မှာတော့ ပထမဆုံးအကြိမ် Playoffs Ticket ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

Roster အားဖြည့်မှုကောင်းတွေနဲ့ စတင်ခဲ့တဲ့ Season တစ်ခုဟာ နောက်ဆုံးမှာ Winless Record နဲ့ Playoffs Race ကနေ စောစောစီးစီး ထွက်ခွာခဲ့ရခြင်းကတော့ Twisted Minds PH အတွက် မျှော်လင့်ထားတာထက် ပိုခက်ခဲခဲ့တဲ့ ရာသီဖြစ်နေခဲ့ပါတယ်......

#Esilent

#ChannelW
#MPLPHS18 #TwistedMindsPH

1 day ago | [YT] | 279

Channel W

Team Zanaka နဲ့ Yangon Galacticos တို့ရဲ့ Main Sponsor Partner တစ်ခုဖြစ်တဲ့ KBZ Bank and KBZPay က Team Zanaka MLBB ရဲ့ ရွှေတံဆိပ်ဆုရရှိမှုကြောင့် …. Team Zanaka MLBB အတွက်ရော၊ မြန်မာ့ Esports ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော စုစုပေါင်း ကျပ်သိန်း ၅၀၀၀ ထောက်ပံ့ချီးမြှင့်လိုက်ပါတယ်။

Team Zanaka MLBB စွမ်းဆောင်ခဲ့တဲ့ ရွှေတံဆိပ်ဆုဟာ မြန်မာ့ Esports လောကရဲ့ အမြင့်မားဆုံးသမိုင်းဝင်အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ Asian Games MLBB ပွဲမှာရရှိခဲ့တာဖြစ်လို့ ပိုမိုထူးခြားနေပါတယ်။

KBZ Bank နဲ့ KBZPay အနေနဲ့ ချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀၀ အနက် ၅၀% ကို Team Zanaka MLBB အတွက်၊ ၅၀% ကို မြန်မာ့အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် - MESF နဲ့ Team Zanaka အဖွဲ့အတွက် ခွဲဝေချီးမြှင့်လိုက်တယ်လို့လည်း သိရပါတယ်။

KBZ Bank လိုလုပ်ငန်းကြီးက အခုလိုချီးမြှင့်ငွေတွေနဲ့ Esports ကို တစ်ခမ်းတစ်နားထောက်ပံ့နေတာဟာ မြန်မာ့ Esports နဲ့ မြန်မာ့ MLBB လောကအတွက် ဝမ်းသာစရာသတင်းကောင်းဖြစ်တဲ့အပြင် ပိုမိုတောက်ပတဲ့ အနာဂတ်ကို ရောက်ရှိစေမယ့် အားအင်တစ်ခုလည်း ဖြစ်ပါတယ်။

#SoloBerry ✨✍🏻

#ChannelW
#MLBBEsportsMyanmar #TeamZanaka #KBZPay

1 day ago | [YT] | 1,356

Channel W

ဒီနေ့တော့ Graphic Designer ရဲ့ Technical Problem လေးတွေကြောင့် schedule နောက်ကျသွားပါတယ်။ ပွဲတွေလည်းစနေပါပြီ။

ဒီနေ့ MPL ID မှာ အဆင့် ၂ အသင်း TLID နဲ့ အဆင့် ၃ အသင်း AE တို့တွေ့မယ့်ပွဲစဉ်က တကယ်မိုက်မှာပါ။

MPL PH မှာတော့ အသင်းကြီး vs အသင်းငယ်အနေအထားတွေ့ကြမယ့်ပွဲတွေ ရှိပါတယ်။

#SoloBerry ✨✍🏻
#ChannelW
#MPLIDS18 #MPLPHS18

1 day ago | [YT] | 178

Channel W

ဒီနေ့တော့ MPL ID မှာ AE vs NAVI ပွဲစဉ်က အမြိုင်ဆုံးပွဲစဉ်ဖြစ်ပါမယ်။

MPL PH မှာတော့ RORA vs ONIC PH ပွဲစဉ်ပါ။

#SoloBerry
#ChannelW
#MPLIDS18 #MPLPHS18

3 days ago | [YT] | 205

Channel W

🧠 ဝေဖန်မှုတွေကြားက မပြိုလဲခဲ့တဲ့ Hann ရဲ့ Mentality

အသင်းတစ်သင်း ကျရှုံးတဲ့အချိန်မှာ ဝေဖန်ထောက်ပြမှုတွေ ရှိသင့်သလို အောင်မြင်မှုရရှိတဲ့အချိန်မှာလည်း ထိုက်တန်တဲ့ ချီးကျူးမှုတွေ ပြန်လည်ပေးဖို့ လိုအပ်ပါတယ်။

လက်ရှိ Yangon Galacticos ရဲ့ အောင်မြင်မှုအတွက် အသင်းသားအားလုံး ချီးကျူးခံထိုက်ပေမယ့် ဒီနေရာမှာ အထူးပြောချင်တဲ့ ကစားသမားတစ်ဦးကတော့ Hann ပါပဲ။

Hann ရဲ့ လက်ရှိအသက်က 18 နှစ်သာရှိသေးပြီး သူ့ကစားသမားဘဝရဲ့ အခက်ခဲဆုံးကာလတစ်ခုကိုလည်း အသက်ငယ်ငယ်နဲ့ ရင်ဆိုင်ခဲ့ရသူပါ။

M7 ကာလအတွင်း Hann ရဲ့ မလုပ်သင့်တဲ့ အမှားတစ်ချို့ကြောင့် YG ရဲ့ ရလဒ်တွေ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ချိန်မှာ သူ့အပေါ် ကျရောက်ခဲ့တဲ့ ဝေဖန်မှုတွေက မနည်းခဲ့ပါဘူး။

လူငယ် Pro Player တစ်ဦးအတွက် ကိုယ့်ရဲ့ Career ကိုတောင် ပြန်လည်မေးခွန်းထုတ်မိနိုင်လောက်တဲ့အထိ ပြင်းထန်ခဲ့တဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် Hann ကတော့ အဲဒီနေရာမှာ ရပ်မသွားခဲ့ပါဘူး။

ဝေဖန်မှုတွေကို သူ့ရဲ့ Pro Career အဆုံးသတ်ဖြစ်မယ့် အရာတစ်ခုအဖြစ် မခံယူခဲ့ဘဲ ပြန်လည်သက်သေပြဖို့ တွန်းအားတစ်ခုအဖြစ် ပြောင်းလဲအသုံးချနိုင်ခဲ့ပါတယ်။

အဲဒီနောက် MSC 2026 မှာ YG နဲ့အတူ Grand Final အထိ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာပရိသတ်တွေ နှစ်အတော်ကြာ စောင့်မျှော်ခဲ့ရတဲ့ International Grand Final ရဲ့ အငွေ့အသက်ကို ပြန်လည်သယ်ဆောင်ပေးခဲ့သူတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အဲဒီမှာတင် မရပ်ခဲ့ပါဘူး။

Asian Games 2026 မှာလည်း မြန်မာကိုယ်စားပြုအသင်းနဲ့အတူ နိုင်ငံအတွက် သမိုင်းဝင် Esports ရွှေတံဆိပ် ရယူပေးနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်က ဝေဖန်မှုအပြင်းထန်ဆုံး ခံခဲ့ရတဲ့ လူငယ်ကစားသမားတစ်ဦးဟာ အချိန်သိပ်မကြာခင်မှာပဲ MSC Finalist နဲ့ Asian Games Gold Medalist ဆိုတဲ့ မှတ်တမ်းတွေနဲ့ ပြန်လည်ရပ်တည်လာနိုင်ခဲ့တာပါ။

YG ရဲ့ အောင်မြင်မှုတွေမှာ Hann ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အမြင်မတူသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် MLBB ဟာ 5v5 Team Game တစ်ခုပါ။ Player တစ်ယောက်တည်းရဲ့ Carry Performance နဲ့ Champion တစ်ခုလုံးကို ရယူနိုင်တာ မဟုတ်သလို အသင်းသားတစ်ဦးချင်းစီက ကိုယ့်တာဝန်ကို အကောင်းဆုံးလုပ်နိုင်မှသာ Champion Team တစ်သင်း ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် Hann ရဲ့ Playstyle ကို Daxx လို Carry-oriented Playstyle နဲ့ တိုက်ရိုက်နှိုင်းယှဉ်လို့မရပါဘူး။

Hann ဟာ Kill Numbers နဲ့ Highlight Plays တွေကို ဦးစားပေးတဲ့ပုံစံထက် Objective Control, Map Movement နဲ့ အသင်းလိုအပ်တဲ့ Play ကို ဦးစားပေးတဲ့ Objective-oriented Player တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် Scoreboard တစ်ခုတည်းကိုကြည့်ပြီး သူ့ရဲ့ Impact ကို တိုင်းတာမယ်ဆိုရင် Hann ရဲ့ တကယ့်တန်ဖိုးတချို့ကို လွတ်သွားနိုင်ပါတယ်။

ဒါပေမယ့် သူ့အကြောင်းမှာ ကျွန်တော် အလေးအနက်ဆုံးထားချင်တာက Gameplay ထက် Mentality ပါပဲ။

အသက် 18 နှစ်အရွယ်မှာ ဝေဖန်မှုတွေကြား ပြိုလဲသွားဖို့ထက် ဆက်ကစားဖို့ရွေးချယ်ခဲ့တယ်။

ရှုံးနိမ့်မှုတစ်ခုကို Career ရဲ့ အဆုံးသတ်မဖြစ်စေဘဲ ပြန်လည်တက်လှမ်းဖို့ အစပြုရာနေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။

တစ်ချိန်က ဝေဖန်ခံခဲ့ရတဲ့ Hann...
ဒီနေ့မှာတော့ MSC Finalist....
Asian Games Gold Medalist🇲🇲🥇

Mental Strong တယ်ဆိုတာ ဝေဖန်မှုမခံရတာ မဟုတ်ပါဘူး..... ဝေဖန်မှုတွေကြားကနေ ကိုယ့်အလုပ်နဲ့ ပြန်လည်သက်သေပြနိုင်တာပါ.......

#Esilent

#ChannelW
#20thAsianGames2026

3 days ago | [YT] | 2,246

Channel W

ဒီနေ့ MPL ID ပြန်စပါပြီ။

GEEK နဲ့ပွဲစဉ်က ရှုံးပွဲဆက်နေတဲ့ BTR အတွက် နလန်ပြန်ထူဖို့အခွင့်အရေးပါ။

TLID ကတော့ DEWA ကိုအနိုင်ရဖို့များပါတယ်။

MPL PH မှာတော့ ခန့်မှန်းရလွယ်တဲ့ပွဲစဉ်တွေ ရှိပါမယ်။

#SoloBerry ✨✍🏻

#ChannelW
#MPLIDS18 #MPLPHS18

4 days ago | [YT] | 233

Channel W

🇲🇲 ဝေဖန်မှုတွေကြားက ရွှေရောင်တောက်ပလာခဲ့တဲ့ “Team Zanaka”

မြန်မာနိုင်ငံကိုယ်စားပြု Esports အသင်းတွေကို “Team Zanaka” ဆိုတဲ့ အမည်နဲ့ International ပြိုင်ပွဲတွေမှာ မြင်တွေ့လာရတာ ၂ နှစ်ကျော်လောက်ရှိလာခဲ့ပါပြီ.....

ကျွန်တော်သိရှိထားသလောက်တော့ IESF 2024 ဝန်းကျင်ကစပြီး နိုင်ငံကိုယ်စားပြု ကစားသမားတွေကို Team Zanaka ဆိုတဲ့ အမည်အောက်မှာ ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် Team Zanaka ဆိုတဲ့နာမည်နဲ့ စတင်ယှဉ်ပြိုင်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ မြန်မာအသင်းတွေရဲ့ ရလဒ်တွေဟာ ပရိသတ်တွေ မျှော်လင့်ထားသလောက် မကောင်းမွန်ခဲ့ပါဘူး။

ရှုံးပွဲတွေ များလာတာနဲ့အမျှ “Team Zanaka ဆိုတဲ့နာမည်ပေးလိုက်ကတည်းက အသင်းတွေရေကြီးသွားတယ်၊ ရေနစ်သွားတယ်” ဆိုတဲ့ လှောင်ပြောင်မှုတွေအထိ ထွက်ပေါ်လာခဲ့ပြီး Team Zanaka ဆိုတဲ့ အမည်ကိုယ်တိုင်က ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြား ရောက်ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် ရှုံးနိမ့်မှုတွေ ဘယ်လောက်ပဲ ကြုံခဲ့ရပါစေ—

Team Zanaka ဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်က အရှုံးနဲ့အတူ အဆုံးသတ်မသွားခဲ့ပါဘူး.....

Asian Games 2026 မှာတော့ မြန်မာကိုယ်စားပြု ကစားသမားတွေဟာ “ဇနက” ဆိုတဲ့နာမည်နဲ့ လိုက်ဖက်အောင် မလျှော့တဲ့ဇွဲ၊ လုံ့လနဲ့ ဝီရိယကို ပြသခဲ့ပြီး နောက်ဆုံးမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် Esports ရွှေတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်....

တစ်ချိန်က ရှုံးပွဲတွေနဲ့တွဲပြီး ဝေဖန်ခံခဲ့ရတဲ့ နာမည်တစ်ခု.....

အခုတော့ မြန်မာ Esports ရဲ့ သမိုင်းဝင်ရွှေတံဆိပ်နဲ့ တွဲပြီး မှတ်တမ်းတင်ရမယ့် နာမည်တစ်ခု ဖြစ်လာခဲ့ပါပြီ.......

ရေနစ်သွားတာ မဟုတ်ခဲ့ပါဘူး။
လိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်း ကြိုးစားကူးခဲ့ကြတာပါ။

ဆက်လက်ကြိုးစားယှဉ်ပြိုင်ပြီး နောက်ပြိုင်ပွဲတွေမှာလည်း Champion ဆုတွေ ထပ်မံဆွတ်ခူးပေးနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်.....

#Esilent

#ChannelW
#20thAsianGames2026 #TeamZanaka

4 days ago | [YT] | 1,666

Channel W

မြန်မာ့လက်ရွေးစင်အသင်း Team Zanaka MLBB (Yangon Galacticos) ကတော့ ပထမဆုံးသော ရွှေတံဆိပ်ဆုကို ဂုဏ်ယူစွာဆွတ်ခူးနိုင်ခဲ့ပါပြီ။

MYA 🇲🇲 4-0 🇮🇩 INA

ပထမဆုံးကျင်းပတဲ့ Asian Games MLBB ပြိုင်ပွဲမှာ ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ပြီးတော့ ဒါဟာ မြန်မာ့ MLBB အတွက် ပထမဆုံးသော Major International Champions ဆုလည်း ဖြစ်ပါတယ်။

MSC 2026 လိုဆုကြေးမများပေမယ့် ဂုဏ်အရှိန်အဝါကတော့ ထပ်တူကျတယ်လို့ သတ်မှတ်လို့ရပါတယ်။

YG MLBB / Team Zanaka MLBB ကတော့ 20th Asian Games မှ။ မြန်မာ့ MLBB အင်အားကို စစ်စစ်မှန်မှန် ထည်ထည်ဝါဝါပြသနိုင်ခဲ့တာပါပဲ။

#SoloBerry ✨✍🏻

#ChannelW
#TeamZanaka #YangonGalacticos
#20thAsianGamesMLBB

4 days ago | [YT] | 3,107

Channel W

ဒီနေ့မနက် ၁၁ နာရီခွဲမှာ သမိုင်းသစ်ရေးခွင့်ရမယ့် 20th Asian Games Grand Final ကို မြန်မာ့လက်ရွေးစင်အသင်း YG က ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ MSC 2026 မှာလည်း Grand Final အထိ တက်ခဲ့ပြီး သမိုင်းမှတ်တမ်းသစ်တစ်ခုရေးထိုးခဲ့တဲ့ YG line up ဟာ ဒီတစ်ခေါက်တော့ နိုင်ငံ့လက်ရွေးစင်အသင်းအဖြစ်နဲ့ ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ဖို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် MLBB အသင်းဟာ ကမ္ဘောဒီးယားနဲ့ မလေးရှားတို့လို အသင်းကောင်းတွေကို ကျော်ဖြတ်အနိုင်ယူခဲ့တာဖြစ်လို့ အရှိန်အဟုန်လည်းကောင်းနေသလို ယုံကြည်မှုကလည်း ခိုင်မာနေမှာပါ။

တစ်ဘက်ကပြိုင်ဘက်ကတော့ M7 World Championship မှာ Grand Final တက်ခဲ့တဲ့ ALTER EGO Esports က အင်ဒိုနီးရှားလက်ရွေးစင်အသင်းအဖြစ်နဲ့ ရှိနေမှာ ဖြစ်ပါတယ်။

ပထမဆုံး Asian Games MLBB ပြိုင်ပွဲမှာ နိုင်ငံ ၂ နိုင်ငံလုံးက ပထမဆုံးသောရွှေတံဆိပ်ဆုအတွက် Best of 7 ယှဉ်ပြိုင်ကြမှာဖြစ်လို့ တကယ်စိတ်လှုပ်ရှားစရာပါပဲ။

#SoloBerry ✨✍🏻

#ChannelW
#20thAsianGames2026
#YangonGalacticos
#ALTEREGOEsports

5 days ago | [YT] | 1,340