ရင်သွေးငယ်များ ဖွံ့ဖြိုးဖို့ နေ့စဉ်ဘဝမှာလုပ်ဆောင်စို့
ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက်နေကြတဲ့ ဖေဖေမေမေတို့နဲ့ မိသားစုဝင်များအားလုံးကို ယူနီဆက်မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။
“ရင်သွေးငယ်များ ဖွံ့ဖြိုးဖို့ နေ့စဉ်ဘဝတွင်လုပ်ဆောင်စို့” ဆိုတဲ့ ဒီဗီဒီယိုစီးရီးလေးကတော့ မွေးကင်းစကနေ အသက် (၃) နှစ်အရွယ် ကလေးငယ်လေးတွေကို ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်နေရင်းနဲ့ပဲ ဘယ်လိုအကောင်းဆုံး ပြုစုပျိုးထောင်ပေးနိုင်မလဲ ဆိုတာကို လေ့လာနိုင်ဖို့ စီစဉ်ထားတာပါ။
ဒီဗီဒီယို (၆) ပိုင်းမှာဆိုရင် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေကို နားလည်စေဖို့နဲ့၊ တကယ်လို့ ဖွံ့ဖြိုးမှုနည်းနည်းနောက်ကျနေခဲ့ရင်တောင် စောစောစီးစီးသိရှိပြီး အိမ်မှာတင် ကိုယ်တိုင်ဘယ်လို ဖေးမကူညီပေးနိုင်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးထားပါတယ်။
👥 ဘယ်သူတွေ ကြည့်ရှုဖို့ အသင့်တော်ဆုံးလဲ?
ရင်သွေးငယ်လေးတွေရဲ့ ဖေဖေ၊ မေမေနဲ့ မိသားစုဝင်တွေ
ရင်သွေးလေးပိုင်ဆိုင်ရတော့မယ့် မိခင်လောင်း၊ ဖခင်လောင်းတွေ
ကလေးငယ်တွေကို အနီးကပ်စောင့်ရှောက်ပေးနေကြသူတွေ၊ ဆရာ၊ ဆရာမတွေ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးနေကြသူများအားလုံး ကြည့်ရှုနိုင်ပါတယ်နော်။
🎓 အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် (Certificate) လေးယူဖို့ မမေ့နဲ့နော်
ဗီဒီယို အပိုင်း (၆) ခုလုံးကို လေ့လာပြီးသွားရင်တော့ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်လေးကို အောက်ကလင့်ခ်မှာ ဝင်ရောက်ပြီး အခမဲ့ ရယူနိုင်ပါတယ်။
🔗
mm.learningpassport.org/#/course/1808/item/28144
#UNICEFMyanmar #earlychildhoodeducator